အချစ်ရေးမှာ romantic ဆန်ခြင်းကလည်း တစ်ခါတစ်လေ လိုကိုလိုအပ်တဲ့ အရာတစ်ခုပါ။ ဒီအချစ်ရေးလေး အေးစက်မသွားဖို့၊ နွေးထွေးခိုင်မြဲလာဖို့ ချစ်ခြင်းတွေ၊ နားလည်မှုတွေက မရှိမဖြစ်လိုအပ်ပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်နေဖို့က အဓိကကျပါတယ်။ ဒီအချက်လေးတွေကတော့ relationship တစ်ခုကို ပိုခိုင်မြဲစေနိုင်ပြီး romantic ဆန်မှုကို ခံစားရစေတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။
Small dream လေးတွေကို ဝေမျှတာ

ချစ်သူတွေအချင်းချင်း တစ်ယောက်နဲ့တစ်ယောက် ကိုယ့်စိတ်ကူးယဉ်အိပ်မက်လေးတွေကို ပြောပြတာက ဘာမှမဟုတ်ဘူးဆိုပေမယ့်လို့ ကြည်နူးပျော်ရွှင်မှုလေးကို ခံစားရစေပါတယ်။ ဒါက အချစ်ရေးအတွက် ပိုနွေးထွေးပျော်ရွှင်မှုကို ခံစားရစေသလို romantic ဆန်မှုကို ခံစားမိစေတဲ့ အခိုက်အတန့်လေး ဖြစ်စေပါတယ်။
ကိုယ့်ချစ်သူ ဖြစ်ချင်တဲ့အရာလေးတွေကို မှတ်ထားပေးတတ်တာ

ကိုယ့်ချစ်သူရဲ့ ဆန္ဒလေးတွေကို မသိမသာလေးမှတ်ထားတတ်ပြီး သတိတရလေးလုပ်ပေးတတ်တာက တကယ့်ကို ချစ်စရာကောင်းတဲ့ အမူအရာလေးပဲ ဖြစ်ပါတယ်။ ဒါက သိပ်ကြီးကျယ်ခမ်းနားမနေရင်တောင် ကိုယ့်ချစ်သူက သူငါ့ကို အလေးထားပါလားဆိုတဲ့ ကြည်နူးပျော်ရွှင်မှုကို ခံစားရစေတာပဲ ဖြစ်ပါတယ်နော်။
စိတ်ဆိုးစိတ်ကောက်နေတဲ့အချိန် အပြန်အလှန်တောင်းပန်တာ

စကားများရန်ဖြစ်ကြတဲ့အချိန်တွေ၊ စိတ်ဆိုးစိတ်ကောက်တဲ့ အချိန်တွေမှာ တစ်ယောက်နဲ့တစ်ယောက် အပြစ်မြင်နေကြမယ့်အစား ဒါက ငါလည်းမှားတာပဲ ဆိုတဲ့ ကိုယ့်အမှားကို မြင်တတ်တဲ့ စိတ်လေးရှိနေဖို့ လိုအပ်ပါတယ်။ ကိုယ့်ဘက်ကနေ စတောင်းပန်တာဟာ အရှုံးပေးတာမဟုတ်ပဲ ဒီဆက်ဆံရေးကို ပိုတန်ဖိုးထားတဲ့ အတွက်ကြောင့်ပါ။ ဒီတော့ တစ်ယောက်က စတောင်းပန်တဲ့အခါ ကိုယ့်ဘက်လည်း ကိုယ့်အမှားလည်းပါတယ်ဆိုတဲ့ စကားလေးက သင်တို့ရဲ့ relationship ကို ပိုခိုင်မြဲစေမှာ ဖြစ်ပါတယ်။
လွမ်းမယ့်အချိန်လေးတွေ ပေးတာ

ချစ်သူတွေဆိုတိုင်း အမြဲတမ်းအတူတူရှိနေလွန်းနေရင်လည်း လွမ်းရကောင်းမှန်း မသိဖြစ်သွားနိုင်ပါတယ်။ ဒီတော့ တစ်ခါတစ်လေ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းရင်း သူ့ကိုလွမ်းခွင့်လေးပေးလိုက်ပါ။ အလွမ်းတွေက အချစ်ရေးကို ပိုခိုင်မြဲစေတဲ့ အချက်တွေထဲမှာ ပါဝင်ပါတယ်နော်။
Khin