Thursday, May 2, 2024
HomeEntertainmentလူတစ်ကိုယ် စရိုက်နှစ်မျိုးနဲ့သူကိုမှ ချစ်မိသွားခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ဇာတ်လမ်း 'ပုံစံနှစ်မျိုးနဲ့ချစ်သူ'

လူတစ်ကိုယ် စရိုက်နှစ်မျိုးနဲ့သူကိုမှ ချစ်မိသွားခဲ့တဲ့ မိန်းကလေးတစ်ယောက်ရဲ့ဇာတ်လမ်း ‘ပုံစံနှစ်မျိုးနဲ့ချစ်သူ’

Gu Seo Jin ဟာ Wonder Land ကစားကွင်းကိုဖွင့်လှစ်ထားတဲ့ တတိယမျိုးဆက် chaebol ဖြစ်ပါတယ်။ သူဟာ ရုပ်ရည်သွင်ပြင်ရော၊ ဉာဏ်ရည်ဉာဏ်သွေး၊ ကံကောင်းခြင်းစတဲ့ အရာအားလုံးရှိနေပုံရတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့ကလေးဘဝက ထိတ်လန့်စရာကောင်းတဲ့ အဖြစ်အပျက်တစ်ခုကြောင့် Seo Jin ဟာ ကွဲပြားတဲ့စရိုက်နှစ်မျိုးကို ပိုင်ဆိုင်ထားတာဖြစ်ပြီး သူ့ရဲ့စရိုက်တစ်မျိုးက အေးစက်ပြီးရက်စက်သူဖြစ်ကာ နောက်တစ်ယောက်ကတော့ အဲဒီစရိုက်နဲ့လုံးဝကို ဆန့်ကျင်ဘက်ဖြစ်ကာ ကြင်နာပြီးနူးညံ့သိမ်မွေ့သူဖြစ်ပါတယ်။ ဒါကြောင့် သူဟာ တစ်စုံတစ်ယောက်နဲ့ဘယ်တော့မှ ချိန်းတွေ့ခြင်းမလုပ်ဘူးလို့ သူ့ကိုယ်သူဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။

viu.com

Seo Jin ဟာ လက်မှတ်အရောင်းနည်းပါးပြီး ကုန်ကျစရိတ်မြင့်မားလာမှုကြောင့် Wonder Land ရဲ့ ဆပ်ကပ်ဖျော်ဖြေပွဲကို ဖယ်ရှားလိုပေမဲ့ ဆပ်ကပ်ပညာရှင် Jang Ha Na က ပြင်းထန်စွာကန့်ကွက်ခဲ့ပါတယ်။ Ha Na က ဆပ်ကပ်အဖွဲ့ကိုကယ်တင်ပြီး အရင်ကဂုဏ်သတင်းကို ပြန်လည်မြှင့်တင်ဖို့ သူမရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ကြိုးစားခဲ့ပါတယ်။ ဒီလိုအခြေအနေတွေကြားထဲမှာ ထင်မှတ်မထားဘဲ စရိုက်နှစ်မျိုးရှိတဲ့ Seo Jin ကို ချစ်မိသွားခဲ့တာ ဖြစ်ပါတယ်။

wikipedia.com

‘ပုံစံနှစ်မျိုးနဲ့ချစ်သူ’ စိတ်ပိုင်းဆိုင်ရာ အချစ်ဟာသဒရာမာ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Kim Ji Woon ရေးသားထားပြီး ဒါရိုက်တာ Jo Young Kwang နဲ့ Park Shin Woo တို့က ရိုက်ကူးပုံဖော်ထားကာ Hyun Bin, Han Ji Min, Sung Joon, Lee Hye Ri, Lee Seung Joon, Han Sang Jin နဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။ ‘ပုံစံနှစ်မျိုးနဲ့ချစ်သူ’ ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading