Home

  • အများအတွက် စွန့်လွှတ်အနစ်နာခံပေးဆပ်ကြသူတို့ရဲ့ဇာတ်လမ်း “အန္တရာယ်ကြားက စစ်သည်များ”

    အများအတွက် စွန့်လွှတ်အနစ်နာခံပေးဆပ်ကြသူတို့ရဲ့ဇာတ်လမ်း “အန္တရာယ်ကြားက စစ်သည်များ”

    အန္တရာယ်ကြားက စစ်သည်များ (New Generation: Emergency Rescue) ဟာ တရုတ်ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Wu Bai က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။

    youtube.com

    ဘဝသရုပ်ဖော် ဇာတ်လမ်းအမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းတွဲလေးမှာတော့ မင်းသား Tong Da Wei, Chen He, Yu Hao Ming, Chunyu Shan Shan, Yu Yao, မင်းသမီး CiCi Wang နဲ့ Chang Shi Xin တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာဖြစ်ကာ တခြားသရုပ်ဆောင်များစွာကလည်း ပါဝင်အားဖြည့်ထားကြပါတယ်။

    youtube.com

    အန္တရာယ်ကြားက စစ်သည်များ (New Generation: Emergency Rescue) ဇာတ်လမ်းတွဲဟာ အရပ်သားကယ်ဆယ်ရေးအဖွဲ့တွေရဲ့ စွန့်လွှတ်အနစ်နာခံကာ အများအကျိုးအတွက် တာဝန်ထမ်းဆောင်ပုံနဲ့ သူတို့ရဲ့ဘဝတွေဟာ ပြည်သူတွေအတွက် အမြဲတမ်းအသင့်ရှိနေကြပုံကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ်။ အများအတွက် ဘဝတွေကိုပုံအပ်ထားကြတဲ့ သူရဲကောင်းတွေရဲ့စိတ်ဓာတ်ကို မြင်တွေ့ရမှာပါ။

    အန္တရာယ်ကြားက စစ်သည်များ (New Generation: Emergency Rescue) ဘဝဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

  • လူမိုက်ကနေ သူရဲကောင်းတစ်ဦးဖြစ်လာပုံကို ကြည့်ရမယ့် “ရင်ကွဲလူမိုက်”

    လူမိုက်ကနေ သူရဲကောင်းတစ်ဦးဖြစ်လာပုံကို ကြည့်ရမယ့် “ရင်ကွဲလူမိုက်”

    2007 ခုနှစ်တွင်ထွက်ရှိခဲ့တဲ့ ‘ရင်ကွဲလူမိုက်’ ဇာတ်ကားဟာ အိန္ဒိယအက်ရှင်ဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ညွှန်းဒါရိုက်တာအဖြစ် Sukumar က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားတွင် မင်းသား Ram, Pradeep Rawat, Prakash Raj, မင်းသမီး Isha Sahani နဲ့ သရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ နောက်ပြီး ဒီဇာတ်ကားဟာ Sukumar ရဲ့ အကောင်းဆုံးဇာတ်ကားတွေထဲက တစ်ကားအဖြစ်လည်း သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

    pinterest.com

    ဇာတ်လမ်းပုံစံက Seenu ဟာ ငယ်စဉ်ကတည်းက ရန်ပွဲတွေကို နှစ်သက်သူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ သူ့ရဲ့ဆရာအပါအဝင် အားလုံးက သူ့ကိုကြောက်နေရတဲ့ Manikyam လိုမျိုး ဖြစ်ချင်တာဖြစ်ပါတယ်။ ယောက်ျားလေးအများစုက အင်ဂျင်နီယာ၊ ဆရာဝန်၊ ရှေ့နေနဲ့ အခြားအသက်မွေးဝမ်းကြောင်း အလုပ်တွေကို လုပ်ကိုင်ချင်ကြပေမယ့်လို့ Seenu ကတော့ လူဆိုးတစ်ဦးသာ ဖြစ်ချင်နေခဲ့ပါတယ်။

    နောက်ပိုင်းတွင် Seenu က နိုင်ငံရေးသမားတစ်ဦး သို့ အာဏာရှိသူတစ်ယောက်ရဲ့ ထောက်ခံမှုကို ရယူသင့်တယ်ဆိုတာ သဘောပေါက်လာကာ Laddu ရဲ့အကူအညီဖြင့် Manikyam နဲ့ တွေ့ဆုံကာ သူ့ရဲ့ဂိုဏ်းနဲ့ပူးပေါင်းခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Seenu တစ်ယောက် Subbalakshmi ဆိုတဲ့ကောင်မလေးကို ချစ်မိသွားခဲ့ပြီး သူမက သူငယ်ချင်းရဲ့ဖခင်အတွက် Seenu ဆီတွင် အကူအညီတောင်းခဲ့တာ ဖြစ်ပါတယ်။ Seenu ကလည်း မြေယာစာချုပ်နဲ့ပတ်သက်တဲ့ Subbalakshmi ရဲ့အကူအညီတောင်းမှုကို လက်ခံခဲ့ပေမယ့် ဒီမြေဟာ Manikyam ဂိုဏ်းရဲ့ တရားမဝင်သိမ်းပိုက်မှုအောက်တွင် ရှိနေခဲ့တာ ဖြစ်ပါတယ်။

    youtube.com

    စာချုပ်ကို အဆင်ပြေစေမယ်လို့ ကတိပေးထားခဲ့တဲ့ Seenu ဟာ Manikyam ကို ဆန့်ကျင်ဖို့ဖြစ်လာခဲ့ပြီး ဒါဟာ Seenu ကို သူရဲကောင်းတစ်ဦး ဖြစ်လာစေခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ Seenu ဟာ လူတွေကိုကူညီမှုတွေ စလုပ်လာခဲ့ကာ အကြမ်းဖက်မှုဟာ သူ့ရဲ့သွားရာလမ်းမဟုတ်ကြောင်းကို သဘောပေါက်ခဲ့ပါတယ်။

    ‘ရင်ကွဲလူမိုက်’ အိန္ဒိယအက်ရှင်ဇာတ်ကားကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • တောင်တက်ခရီးမှာ အဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းတစ်စုရဲ့ဇာတ်လမ်း “ပြန်လမ်းမဲ့ တောင်တက်ခရီး”

    တောင်တက်ခရီးမှာ အဖြစ်ဆိုးကြီးကို ကြုံတွေ့ခဲ့ရတဲ့ သူငယ်ချင်းတစ်စုရဲ့ဇာတ်လမ်း “ပြန်လမ်းမဲ့ တောင်တက်ခရီး”

    ‘ပြန်လမ်းမဲ့ တောင်တက်ခရီး’ ဇာတ်ကားဟာ 2013 ခုနှစ်တွင်ထွက်ရှိခဲ့တဲ့ သည်းထိတ်ရင်ဖိုဇာတ်ကားတစ်ကားဖြစ်ပြီး ဇာတ်ညွှန်း၊ ဒါရိုက်တာ KS Ashoka မှ ပွဲဦးထွက်ရိုက်ကူးထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားဟာ 1999 ခုနှစ်ထွက် အမေရိကန်ရုပ်ရှင် The Blair Witch Project ကို အခြေခံပြီး ရိုက်ကူးထားတာဖြစ်တယ်လို့ သိရပါတယ်။

    Instagram.com

    ‘ပြန်လမ်းမဲ့ တောင်တက်ခရီး’ ဇာတ်ကားတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသား Darshan Apoorva, Krishna Prakash, Vijay Chendoor, မင်းသမီး Pallavi, Tanuja နဲ့ Mruthyunjaya တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

    ဇာတ်လမ်းပုံစံက 2010 ခုနှစ် အောက်တိုဘာ 28 ရက်နေ့တွင် Ramesh, Naveen, Shekar, Prakash, Deepa နဲ့ Soumya တို့ဟာ အိန္ဒိယအနောက်ဘက်ရှိ တောင်တက်ခရီးတစ်ခုကို သွားရောက်ရန်စီစဉ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီခရီးစဉ်တွင် သူတို့ခြောက်ဦးအနက် လေးဦးသေဆုံးကာ တစ်ယောက်ကပျောက်ဆုံးနေခဲ့ပြီး ကျန်တစ်ယောက်ကတော့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

    Instagram.com

    ခရီးစဉ်တွင် Ramesh က မှတ်တမ်းရုပ်ရှင်ရိုက်ကူးရန်အတွက် ကင်မရာယူဆောင်လာခဲ့တာဖြစ်ပြီး ခရီးစဉ်တစ်လျှောက် သူတို့ကြုံတွေ့ခဲ့ရတဲ့ ဆိုးရွားဖွယ်အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားနိုင်ခဲ့တာပါ။ ကိုးရက်အကြာမှာတော့ Ramesh ရဲ့ ကင်မရာကို ကယ်ဆယ်ရေးလုပ်ငန်းတွင်ပါဝင်တဲ့ သစ်တောအစောင့်တွေက တွေ့ရှိခဲ့ကြတာဖြစ်ပါတယ်။

    ဒီခရီးစဉ်အတွင်း သူတို့သူငယ်ချင်းခြောက်ယောက် ဘယ်လိုအရာတွေနဲ့ တွေ့ကြုံခဲ့ရလဲ၊ သူတို့ကိုအန္တရာယ်ပြုခဲ့တဲ့အရာက ဘာများလဲဆိုတာကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုရမယ့် သည်းထိတ်ရင်ဖို ဇာတ်ကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။ ‘ပြန်လမ်းမဲ့ တောင်တက်ခရီး’ အိန္ဒိယဇာတ်ကားကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • စားဖိုမှူးနှစ်ဦးရဲ့ အောင်မြင်မှုလမ်းဆီ လျှောက်လှမ်းကြပုံကိုကြည့်ရမယ့် “Happy Noodle”

    စားဖိုမှူးနှစ်ဦးရဲ့ အောင်မြင်မှုလမ်းဆီ လျှောက်လှမ်းကြပုံကိုကြည့်ရမယ့် “Happy Noodle”

    ကျွန်မချစ်သူ စားဖိုမှူး (Happy Noodle) တရုတ်ဇာတ်လမ်းတွဲလေးဟာ စိတ်အားထက်သန်မှုရှိလှတဲ့ ခေါက်ဆွဲစားဖိုမှူး ကိုးရီးယားအစားအစာ မာစတာတစ်ဦးဖြစ်တဲ့ En Ying နဲ့ တရုတ်လူမျိုး စားဖိုမှူး Zhang Lin တို့နှစ်ယောက်ရဲ့ အောင်မြင်မှုလမ်းဆီသို့ အတူတူရှေ့ဆက်လျှောက်လှမ်းကြမယ့် ဇာတ်လမ်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

    pinterest.com

    ကျွန်မချစ်သူ စားဖိုမှူး (Happy Noodle) တရုတ်ဇာတ်လမ်းတွဲကို ဒါရိုက်တာ Ke Han Chen က ရိုက်ကူးပုံဖော်ထားပြီး အစားအသောက် အချစ်ဟာသ ဒရာမာအမျိုးအစားဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသား Yoon Shi Yoon, Johnny Zhang, Gao Shu Guang နဲ့ မင်းသမီး Li Fei Er တို့က အဓိကပါဝင်ထားကြပါတယ်။

    youtube.com

    ထပ်ပြီး ဤဇာတ်လမ်းတွဲတွင် မင်းသား Kenji Chen, Li Li, Kim Jin Sung, Liu Wen Zhi, Lou Ya Jiang, မင်းသမီး Kim Bo Mi, Sophia Zhang နဲ့ Liu Yi Han စတဲ့ သရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားကြပါတယ်။

    ကျွန်မချစ်သူ စားဖိုမှူး (Happy Noodle) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် မြန်မာစာတန်းထိုးဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • စရိုက်များစွာပိုင်ဆိုင်ထားတဲ့သူဌေးလေးနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတို့ရဲ့ချစ်ဖူးစာ “A Seven-Faced Man”

    စရိုက်များစွာပိုင်ဆိုင်ထားတဲ့သူဌေးလေးနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတို့ရဲ့ချစ်ဖူးစာ “A Seven-Faced Man”

    မျက်နှာများနောက်ကွယ် (A Seven-Faced Man) ဇာတ်လမ်းတွဲဟာ မင်းသား Zhang Yishan နဲ့ မင်းသမီး Cai Wenjing တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ 2017 ခုနှစ်ထွက် ရုပ်သံစီးရီးတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဇာတ်ညွှန်းဆရာမ Jin Soo-wan ရေးသားထားတဲ့ 2015 ခုနှစ် တောင်ကိုးရီးယားရုပ်သံစီးရီး ‘Kill Me, Heal Me’ ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာပါ။

    pinterest.com

    ဇာတ်လမ်းပုံစံက Shen Yizhen ဟာ Shenhua Group ရဲ့ တတိယမျိုးဆက် ဆက်ခံသူတစ်ယောက်ဖြစ်ပြီး သူဟာ မတူညီတဲ့စရိုက်များစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ စိတ်ရောဂါကု ဆရာဝန်မလေး Bai Xinxin နဲ့ တွေ့တဲ့အခါမှာတော့ သူမကိုချစ်မိသွားခဲ့ပါတယ်။

    မျက်နှာများနောက်ကွယ် ဇာတ်လမ်းတွဲတွင် မင်းသား Zhang Yishan ကို အသက် 28 နှစ်အရွယ် အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရတစ်ဦးဖြစ်ပြီး Shenhua Group ရဲ့ တတိယမျိုးဆက် ဆက်ခံသူ ဇာတ်ကောင် Shen Yizhen အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ သူဟာ စိတ်သဘောထားကောင်းမွန်ပြီး နူးညံ့သိမ်မွေ့သူဖြစ်ပေမယ့် သူ့ရဲ့လျှို့ဝှက်တဲ့အတိတ်မှ တချို့သောစိတ်ထိခိုက်စရာ အဖြစ်အပျက်တွေက သူ့ရဲ့နေ့စဉ်ဘဝတွင် သက်ရောက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

    youtube.com

    မင်းသမီး Cai Wenjing ကတော့ ဇာတ်ကောင် Bai Xinxin အဖြစ်ပါဝင်ထားကာ ထူးခြားပြီး အကောင်းမြင်စိတ်ရှိတဲ့ ရှန်ဟိုင်းရှိ ဆေးရုံတစ်ခုမှ အလုပ်သင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့အပြင်ပန်းပုံစံအရ သူမဟာ လွတ်လပ်ပြီးဘဝကို ပေါ့ပါးစွာဖြတ်သန်းတတ်တယ်လို့ထင်ရပေမယ့်လို့ သူမဆီမှာ နက်နဲတဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားခဲ့တာ ဖြစ်ပါတယ်။

    မျက်နှာများနောက်ကွယ် (A Seven-Faced Man) အချစ်ဒရာမာ တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ယောက်ျားနှစ်ယောက်ကြား ဗျာများနေရတဲ့ မိန်းကလေးတစ်ဦးရဲ့ချစ်ဇာတ်လမ်း “လက်ထပ်ပါရစေ”

    ယောက်ျားနှစ်ယောက်ကြား ဗျာများနေရတဲ့ မိန်းကလေးတစ်ဦးရဲ့ချစ်ဇာတ်လမ်း “လက်ထပ်ပါရစေ”

    ကေသီတစ်ယောက် သူမရဲ့မွေးနေ့ပွဲ ကျင်းပအပြီး တစ်လခန့်အကြာမှာတော့ လုံးဝမျှော်လင့်မထားတဲ့ သူမမှာ ကိုယ်ဝန်ရှိနေပြီဆိုတဲ့ ဆရာဝန်ရဲ့ ပြောစကားကြောင့် အရမ်းကိုအံ့သြတုန်လှုပ်ခဲ့ရပါတယ်။ သူမကိုယ်တိုင် မသိတဲ့အဖြစ်ကြောင့် ဒီကိုယ်ဝန်ဟာ ဘယ်သူနဲ့ရတဲ့ ကိုယ်ဝန်များလဲ။ မွေးနေ့ပွဲညရဲ့ အဖြစ်အပျက်ကို လုံးဝမမှတ်မိတော့တဲ့ ကေသီတစ်ယောက် ကလေးအဖေအဖြစ်ရော သူမဘဝရဲ့လက်တွဲဖော်ကိုပါ ရွေးချယ်ရဖို့ ဖြစ်လာပါတော့တယ်။

    youtube.com

    ဒါပေမယ့် ကေသီ့ဘဝနဲ့ သူမဗိုက်ထဲက ကလေးလေးအတွက် တာဝန်ယူဖို့အသင့်ဖြစ်နေကြတဲ့ ရွေးချယ်ရမယ့် လူနှစ်ယောက်ရှိနေခဲ့တာဖြစ်ပြီး တစ်ယောက်ကတော့ သူမအတွက် အသင့်တော်ဆုံးလို့ထင်ရတဲ့ စီးပွါးရေးလုပ်ငန်းရှင်တစ်ယောက်ဖြစ်သလို သူမအပေါ်လည်း ချစ်မြတ်နိုးတန်ဖိုးထားတဲ့ အဲလစ်နဲ့ သူမရဲ့အနိုင်ကျင့်ရင့်သီးမှုတွေကို သည်းခံပြီး အမြဲတမ်းအလိုက်သိတတ်ပြီး သူမရဲ့အချစ်ကိုမျှော်လင့်နေတဲ့ မောင်လေး တော်ဝင်ပဲ ဖြစ်ပါတယ်။

    youtube.com

    ရွေးချယ်ရခက်တဲ့ သူတို့နှစ်ယောက်ကြား ကေသီရဲ့ရွေးချယ်မှုကရော ဘယ်လိုတွေဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းလေးတစ်ခုပဲ ဖြစ်ပါတယ်။ ‘လက်ထပ်ပါရစေ’ မြန်မာရုပ်ရှင်ဇာတ်ကားတွင် ထွန်းကိုကို၊ ခါရာ၊ ရဲအောင်၊ အားဝေနဲ့ မေသန်းနုတို့က ပါဝင်သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။

    ‘လက်ထပ်ပါရစေ’ မြန်မာရုပ်ရှင်ဇာတ်ကားကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ။

  • အမုန်းတရားကနေ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းအကြောင်း ကြည့်ရှုရမယ့် “Bad Boys vs Crazy Girls”

    အမုန်းတရားကနေ ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းအကြောင်း ကြည့်ရှုရမယ့် “Bad Boys vs Crazy Girls”

    Bad Boys vs Crazy Girls ဇာတ်လမ်းတွဲဟာ အင်ဒိုနီးရှားလူငယ်ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး Asriaci ဝတ္ထုကိုအခြေခံရိုက်ကူးထားတာဖြစ်ကာ ဒါရိုက်တာ  Emil Heradi နဲ့ Josephine L. Winardi တို့က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ 2022 ခုနှစ်တွင်ထွက်ရှိလာခဲ့တဲ့ ဒီဇာတ်လမ်းတွဲလေးမှာတော့ အဓိကဇာတ်ကောင်တွေအဖြစ် မင်းသား Devano Danendra နဲ့ မင်းသမီး Megan Domani တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

    youtube.com

    ဇာတ်လမ်းပုံစံက Liam ( Devano Danendra ) နဲ့ Kate ( Megan Domani ) တို့ဟာ ကျောင်းတွင်နာမည်အကြီးဆုံး ကျောင်းသားနှစ်ဦးဖြစ်ကြပြီး တစ်ယောက်နဲ့တစ်ယောက် ကြည့်မရတာကြောင့် ဘယ်တော့မှ အပေါင်းအသင်းမလုပ်ကြသူတွေ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်လုံးဟာ SMA Merah Putih အမည်ရတဲ့ ဘော်ဒါကျောင်းသို့ အတူပြောင်းရွှေ့ခြင်းခံလိုက်ရတယ်ဟု သိလိုက်ရတဲ့အခါမှာတော့ အရမ်းကိုအံ့သြသွားခဲ့ကြပါတယ်။

    Liam နဲ့ Kate တို့ဟာ သူတို့မတက်ရောက်ချင်တဲ့ ဘော်ဒါကျောင်းကို ပြောင်းရွှေ့ခံရတဲ့အတွက် မိဘတွေကိုဆန့်ကျင်တဲ့အနေနဲ့ ဒီကျောင်းကိုရောက်တဲ့အခါမှာတော့ ပြဿနာတွေကို ဖန်တီးခဲ့ကြတာပါ။ သူတို့နှစ်ယောက်ဟာ အပြန်အလှန်မုန်းတီးနေကြပေမယ့် သူတို့ရဲ့ရည်မှန်းချက်တွေ အောင်မြင်ဖို့ အတူတကွလုပ်ဆောင်ဖို့ ဖြစ်လာကြပါတယ်။

    youtube.com

    သူတို့နှစ်ယောက်ကြားမှာ ပဋိပက္ခတွေများစွာဖြစ်ပေါ်ရင်းကနေ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေတိုးကာ ချစ်ခြင်းမေတ္တာဖြစ်ပေါ်လာပုံကို ကြည့်ရှုရမယ့် အချစ်ဟာသ ဇာတ်လမ်းတွဲကောင်းလေး တစ်ခုပဲဖြစ်ပါတယ်။

    Viu ရဲ့ original series ဖြစ်တဲ့ Bad Boys vs Crazy Girls အင်ဒိုနီးရှားအချစ်ဟာသ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • အငြိုးကြီးတဲ့ချစ်သူဟောင်းရဲ့ရန်ကနေ လွတ်မြောက်ဖို့ကြိုးစားပုံကိုကြည့်ရမယ့် “အချစ်ရဲ့ ညီမျှခြင်းနှစ်ခု”

    အငြိုးကြီးတဲ့ချစ်သူဟောင်းရဲ့ရန်ကနေ လွတ်မြောက်ဖို့ကြိုးစားပုံကိုကြည့်ရမယ့် “အချစ်ရဲ့ ညီမျှခြင်းနှစ်ခု”

    အချစ်ရဲ့ညီမျှခြင်း နှစ်ခု ဇာတ်ကားကို ဇာတ်ညွှန်းဒါရိုက်တာအဖြစ် Silambarasan က ရိုက်ကူးပုံဖော်ထားတာဖြစ်ပြီး သူကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ နောက်ထပ် သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Reema Sen နဲ့ Nayanthara တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်ထားကာ Sandhya, Santhanam, Premji နဲ့ Sathyan တို့က ပံ့ပိုးကူညီထားကြပါတယ်။

    youtube.com

    အချစ်ရဲ့ညီမျှခြင်း နှစ်ခု ဇာတ်ကားဟာ 2006 ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ ဇာတ်ကားဟောင်းတစ်ကားဖြစ်ပြီး 2004 ခုနှစ်တွင် ထွက်ရှိခဲ့တဲ့ Manmadhan ဇာတ်ကားပြီးနောက်တွင် အပြုသဘောဆောင်တဲ့ သုံးသပ်ချက်တွေနဲ့ ဒုတိယမြောက်အောင်မြင်မှုအရဆုံး ဇာတ်ကားဖြစ်ခဲ့တာပါ။

    Vallavan ဟာ ပျော်ပျော်နေတတ်တဲ့ ကောလိပ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး Suji, Soori, Subbu တို့ရဲ့ သူငယ်ချင်းဖြစ်ပါတယ်။ သူတို့သူငယ်ချင်းတွေ ဘုရားကျောင်းကို သွားကြတဲ့အချိန်မှာ Vallavan တစ်ယောက် Swapna ဆိုတဲ့မိန်းကလေးကို မြင်မြင်ချင်း ချစ်မိသွားခဲ့ပါတယ်။ Vallavan ဟာ တက္ကသိုလ်တွင် Swapna နဲ့ ပြန်လည်ဆုံတွေ့ခွင့်ရခဲ့ပြီး သူမဟာ သူ့ထက်အသက်သုံးနှစ်ကြီးတဲ့ ဆရာမတစ်ယောက်ဆိုတာကို သိခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ သူဟာ ရုပ်ဆိုးဆိုးကောင်လေး Pallan အဖြစ် ဟန်ဆောင်ပြောင်းလဲကာ Swapna ကို ဆွဲဆောင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။

    youtube.com

    Swapna ဟာလည်း Pallan ကို ချစ်မိသွားခဲ့ပေမယ့်လို့ သူ့ရဲ့သရုပ်မှန်ကို သိသွားခဲ့ချိန်မှာတော့ သူမက Vallavan ကို စွန့်ပစ်ပြီး တခြားသူတစ်ယောက်နဲ့လက်ထပ်ရန် ဆုံးဖြတ်လိုက်ပါတယ်။ Vallavan ဟာ စိတ်တွေရှုပ်ထွေးရင်း စဉ်းစားရင်းနဲ့ ဟိုးအရင်က ကျောင်းသားဘဝကို ပြန်သတိရသွားစေခဲ့တာပါ။

    အထက်တန်းကျောင်းတက်စဉ်တုန်းက Vallavan ဟာ စိတ်အပြောင်းအလဲမြန်ပြီး အဆိပ်အတောက်ဆန်တဲ့ Geetha နဲ့တွေ့ဆုံခဲ့ပါတယ်။ ဒါပေမယ့် သူမရဲ့အမူအကျင့်တွေကို သိသွားတဲ့အချိန်မှာတော့ Vallavan က သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်ခဲ့တာ ဖြစ်ပါတယ်။ သူ့ကိုလွယ်လွယ်နဲ့လွှတ်မပေးခဲ့တဲ့ Geetha ကို Vallavan က သင်ခန်းစာတစ်ခုပေးခဲ့ဖူးတာပါ။

    ဒါပေမယ့် Geetha ဟာ လက်ရှိ Vallavan ဘဝထဲသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီး သူနဲ့ Swapna ရဲ့ကြားတွင် အနှောင့်အယှက် အတားအဆီးကြီးတစ်ခု ဖြစ်လာစေခဲ့တာပဲ ဖြစ်ပါတယ်။ နောက်ပိုင်းတွင် Vallavan နဲ့ Swapna တို့နားလည်မှုရသွားခဲ့ပေမယ့် Geetha ကတော့ Vallavan ကို လက်စားချေဖို့ နည်းအမျိုးမျိုးဖြင့် ကြိုးစားပုံကို ကြည့်ရှုကြရမှာပဲ ဖြစ်ပါတယ်။

    အချစ်ရဲ့ညီမျှခြင်း နှစ်ခု ဇာတ်ကားကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • ကျောက်မျက်လုပ်ငန်းရဲ့သခင်လေးနဲ့ နွမ်းပါးတဲ့မိန်းကလေးတို့ရဲ့ ချစ်ဇာတ်လမ်း “My Ruby My Blood”

    ကျောက်မျက်လုပ်ငန်းရဲ့သခင်လေးနဲ့ နွမ်းပါးတဲ့မိန်းကလေးတို့ရဲ့ ချစ်ဇာတ်လမ်း “My Ruby My Blood”

    My Ruby My Blood တရုတ်ဒရာမာဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Mo Xi က ရေးသားပြီး ဒါရိုက်တာ Song Yang က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီအချစ်ဒရာမာဇာတ်လမ်းတွဲတွင် မင်းသား Nicky Wu နဲ့ မင်းသမီး Ying Er တို့က အဓိကပါဝင်သရုပ်ဆောင်ထားကာ မင်းသမီး Martine Ma, Zhang Xuan, မင်းသား Li Ming Ming, He Zhi Long နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

    pinterest.com

    My Ruby My Blood ဇာတ်လမ်းတွဲလေးဟာ ချမ်းသာကြွယ်ဝတဲ့ အမျိုးသားတစ်ယောက်က ဆင်းရဲတဲ့မိန်းကလေးတစ်ဦးနဲ့ တွေ့ဆုံပြီး အချစ်ဇာတ်လမ်းဖြစ်ပေါ်လာပုံကို ရိုက်ကူးထားတာ ဖြစ်ပါတယ်။

    Qi Tang ဟာ ထိပ်တန်းကျောက်မျက်ရတနာ လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာတစ်ဦးဖြစ်ပြီး ဒီဇိုင်းပိုင်းတွင် ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းရှိသူ Ye Zhao Jue ကို ဝန်ထမ်းအဖြစ် ခန့်အပ်ခဲ့ပါတယ်။ Ye Zhao Jue ဟာ သူမရဲ့ချစ်သူအပါအဝင် မိသားစုဝင်အားလုံးကို ထောက်ပံ့ပေးနိုင်ရန်အတွက် ဒီအလုပ်ကို လုပ်ဆောင်ဖို့ ဖြစ်လာခဲ့ပါတယ်။

    viu.com

    My Ruby My Blood အချစ်ဒရာမာဇာတ်လမ်းတွဲတွင် မင်းသား Nicky Wu က ကျောက်မျက်ရတနာ လုပ်ငန်းရဲ့ အထွေထွေမန်နေဂျာ Qi Tang အဖြစ် ပါဝင်ထားပြီး မင်းသမီး Ying Er ကတော့ မိသားစုအတွက် အလုပ်တွေကြိုးစားလုပ်ကိုင်နေတဲ့ Ye Zhao Jue အဖြစ် မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။

    My Ruby My Blood တရုတ်အချစ်ဒရာမာ ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

  • အောင်မြင်မှုကို ရယူကြမယ့် ရေကူးအားကစားသမားလေးတွေရဲ့ဇာတ်လမ်း “I Swim”

    အောင်မြင်မှုကို ရယူကြမယ့် ရေကူးအားကစားသမားလေးတွေရဲ့ဇာတ်လမ်း “I Swim”

    I Swim တရုတ်ဇာတ်လမ်းတွဲဟာ လူငယ်အားကစားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသား Edan Lui, Jeffrey Ngai, မင်းသမီး Sofiee Ng နဲ့ Angela Yuen တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပြီး Stanley Yau, Alan Yeung, Phoebus Ng, George Au နဲ့ သရုပ်ဆောင်တွေများစွာက ကူညီအားဖြည့်ပေးထားပါတယ်။

    youtube.com

    ဇာတ်လမ်းပုံစံက လူငယ်ရေကူးသမားနှစ်ဦးကြားက ပြိုင်ဆိုင်မှုနဲ့ ချစ်ကြည်ရင်းနှီးမှုကို ဖော်ပြနေတဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပြီး ပင်ကိုယ်စွမ်းရည်နဲ့ သူတို့ရဲ့ကြိုးစားအားထုတ်မှုတို့ကို တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ထူးချွန်ရေကူးသမား Chung ဟာ ပြောင်းရွှေ့လာတဲ့ ကျောင်းသားတစ်ဦးဖြစ်ပြီး အတန်းသစ်တွင် Wing ဦးဆောင်တဲ့ ရေကူးအဖွဲ့နဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။

    youtube.com

    Chung က သူ့ရဲ့ပထမဆုံးရေကူးပြိုင်ပွဲတွင် သူ့ရဲ့စွမ်းရည်ကိုပြသဖို့ စီစဉ်ထားခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ ရေငုပ်ခြင်းတွင် ခံနိုင်ရည်မရှိခြင်းကိုသာ ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ သူလုပ်လိုက်မိတဲ့အမှားက သူ့အသင်းကို ရှုံးသွားစေခဲ့တာဖြစ်ကာ ဒီကိစ္စကြောင့် Chung ဟာ ပြိုင်ပွဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ Chung က သူ့အတွက်လိုအပ်တဲ့ နည်းစနစ်ပိုင်းဆိုင်ရာတွေကို လေ့လာသင်ယူခဲ့တာပါ။ Wing နဲ့ Chung တို့ပါဝင်တဲ့ ဒီရေကူးအဖွဲ့ဟာ တကယ်ပဲ သူတို့လိုချင်တဲ့ အောင်ပွဲကိုရနိုင်ပါ့မလား သူတို့ရဲ့အခက်အခဲတွေကို ဘယ်လိုမျိုးကျော်ဖြတ်ကြမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

    လူငယ်အားကစားဇာတ်လမ်းတွဲ I Swim ကို ကြည့်ရှုချင်တယ်ဆိုရင်တော့ https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။