အခုခေတ် ယောက်ျားလေး၊ မိန်းကလေးရယ်လို့ ခွဲခြားခြင်းမရှိဘဲနဲ့ ယာမကာလေးကလည်း သောက်လာကြပြီဆိုတော့လေ။ ဒါပေမဲ့ မိန်းကလေးတွေဟာ အရက်နာကျ ကောင်လေးတွေထက် ပိုပြီးခံစားရတဲ့အတွက် အရက်နာများကျခဲ့ရင် အမြန်ဆုံးပြန်သက်သာလာစေမယ့် detox နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁)လိမ္မော်မုန်လာ
လိမ္မော်သီး ၂ လုံးရဲ့အမွှာတွေကိုဖယ်၊ မုန်လာဥနီ ၁ လုံးကို ရောကြိတ်ပြီး သောက်သုံးပေးပါက လန်းလန်းဆန်းဆန်းဖြစ်စေမှာပါ။

(၂) လီမွန်နိတ်
ကိုယ်ပိုင် လီမွန်နိတ်ကို ဖျော်ကြတာပေါ့။ သံပုရာသီး ၂ လုံးကိုညှစ်၊ မန်ကျည်းသီးအနှစ် ၁ ဇွန်းထည့်၊ သကြား ၁ ဇွန်းထည့်၊ ရေတစ်ခွက်တို့ထည့်ဖျော်ပါ။

(၃) ပျားငှက်ပျော
နုန်းချိနေလို့ အားအင်ပြန်ပြည့်စေချင်တယ်ဆိုရင်တော့ ငှက်ပျောသီး ၂ လုံး၊ နွားနို့ ၁ ခွက်နဲ့ ပျားရည် ဇွန်းသေး ၁ ဇွနိးတို့ကို ရောမွှေပြီးတော့ သောက်သုံးနိုင်ပါတယ်။

(၄) ဂျင်းပျားသံပုရာ
သံပုရာသီး ၂ လုံး၊ပျားရည် ၁ ဇွန်း၊ ရေတစ်ဖန်ခွက်ထဲကို ဂျင်းညှစ်ရည် ၁ ဇွန်းထည့် သောက်ခြင်းဟာ လည်ချောင်းရှင်းပေးပြီး အစာအိမ်အတွက် ကောင်းစေပါတယ်။

penny