အိမ်မှာပဲ ကိုယ်တိုင်ဖျော်သောက်လို့ရပြီး ကျန်းမာရေးနဲ့ ညီညွတ်သလို ဗိုက်အဆီကိုလည်း ကျစေနိုင်တဲ့ နည်းလမ်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီနည်းလမ်းလေးက ညအိပ်ရာမဝင်ခင် ဖျော်ရည်လေးတစ်ခွက်သောက်ပေးရုံနဲ့ ဗိုက်အဆီတွေကို ကျစေမယ့် နည်းလမ်းလေးပဲ ဖြစ်ပါတယ်နော်။
Cucumber fat loss drink

ပါဝင်ပစ္စည်းတွေက သခွါးသီး တစ်လုံး၊ နံနံပင် တစ်စည်း၊ သံပုရိုသီး တစ်လုံး၊ ကြိတ်ထားတဲ့ ဂျင်းလက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ရှားစောင်းလက်ပက် လက်ဖက်ရည်ဇွန်း တစ်ဇွန်း၊ ရေဖန်ခွက်ဝက်တို့ကို ကြိတ်ခြေပြီး ညအိပ်ရာမဝင်ခင် နေ့တိုင်းသောက်ပေးပါ။ တစ်လလောက် ဆက်တိုက်သောက်တာနဲ့ ဗိုက်အဆီတွေကို ကျသွားစေမှာ ဖြစ်ပါတယ်။
Fresh cucumber and lime drink

သံပုရာသီး တစ်လုံး၊ သခွါးသီး နှစ်လုံး၊ လိမ္မော်သီး အကြီးတစ်လုံး၊ အရသာအတွက် ပျားရည်၊ ပူစီနံအနည်းငယ်၊ sparkling water တစ်လီတာ စတာတွေပဲ ဖြစ်ပါတယ်။ သခွါးသီးကို ကြိတ်ခြေပြီး သံပုရာသီးနဲ့ လိမ္မောသီးတို့ကို အရည်ညှစ်ထည့်ပါ။ ပြီးရင်တော့ ပျားရည်နဲ့ ပူစီနံ၊ sparkling water တို့ကို ရောထည့်ပြီး သောက်သုံးခြင်းက ဗိုက်အဆီတွေကို ကျစေပါတယ်နော်။
Grapefruit and cinnamon drink

Grapefruit အရည် 500ml, sparkling water 500ml, ရေဖန်ခွက် တစ်ခွက်၊ သစ်ကြံပိုးခေါက် နှစ်ချောင်း၊ စမုန်စပါး တစ်စေ့၊ ပူစီနံအနည်းငယ်၊ ရေခဲနဲ့ သကြား တို့ကို ထည့်ပြီး ညအိပ်ရာမဝင်ခင် သောက်ပေးခြင်းက ဗိုက်အဆီတွေကို ကျစေမှာဖြစ်ပါတယ်။
Energy lemon drink

သံပုရိုသီး ငါးလုံး၊ sparkling water တစ်လီတာ၊ ပူစီနံ၊ ရေခဲ စတာတွေကို ရေနှောပြီး ညအိပ်ရာမဝင်ခင် သောက်ခြင်းက ဗိုက်အဆီတွေကို ဝုန်းခနဲကျစေမှာ ဖြစ်ပါတယ်။
Khin