Thursday, May 2, 2024
HomeEntertainmentခင်ပွန်းဖြစ်သူကိုသေစေလိုတဲ့ ဝိညာဉ်ဆိုးကိုတိုက်ထုတ်သွားမဲ့ ဇနီးမောင်နှံအကြောင်း ကြည့်ရှုရမဲ့ 'ငြိုးမျက်မပြေသော လိပ်ပြာ'

ခင်ပွန်းဖြစ်သူကိုသေစေလိုတဲ့ ဝိညာဉ်ဆိုးကိုတိုက်ထုတ်သွားမဲ့ ဇနီးမောင်နှံအကြောင်း ကြည့်ရှုရမဲ့ ‘ငြိုးမျက်မပြေသော လိပ်ပြာ’

‘ငြိုးမျက်မပြေသော လိပ်ပြာ’ သဘာဝလွန် သည်းထိတ်ရင်ဖို အိန္ဒိယဒရာမာဇာတ်လမ်းတွဲကို Viplav Singh နဲ့ Mrinal Jha တို့က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Adarsh Hegde, Diramar 1984, Huzaifa Ali, Kanorwala, Deepak S Garg နဲ့ Santram Varma တို့က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Mona Singh, Mamta Rana, Vivek Dahiya, Deepika Singh, Ashwini Kalsekar, Garima Jain, Sara Khan, Aditya Deshmukh နဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

youtube.com

‘ငြိုးမျက်မပြေသော လိပ်ပြာ’ ဇာတ်လမ်းတွဲဟာ အိမ်ထောင်သည်မိန်းကလေးရဲ့ ခန္ဓာကိုယ်ထဲတွင် ခင်ပွန်းကိုသေစေလိုတဲ့ ဝိညာဉ်တစ်ခုပူးကပ်ခံလိုက်ရပြီးနောက် သူတို့ရဲ့အိမ်ထောင်ရေးမှာ ဆိုးရွားမှုတွေကြုံတွေ့လာရတာ ဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ဇနီးသည်ဟာ ခင်ပွန်းဖြစ်သူကို ဒီသဘာဝလွန်အဖြစ်အပျက်တွေရဲ့ လက်ထဲကနေ ကယ်တင်ရန်လုပ်ဆောင်ပုံကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။

youtube.com

ဇာတ်လမ်းပုံစံက သာယာပျော်ရွှင်နေတဲ့ Paridhi နဲ့ Rajbeer တို့ရဲ့အိမ်ထောင်ရေးတွင် ကြမ်းတမ်းတဲ့ဝိညာဉ်တစ်ခုနဲ့ ရင်ဆိုင်ဖို့ဖြစ်လာရပြီး ဒီဝိညာဉ်ဟာ ခင်ပွန်းသည် Rajbeer ကို စွဲလမ်းနေခဲ့တာဖြစ်ကာ ဇနီးသည် Paridhi ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ခဲ့တာပါ။ ဒီအခြေအနေဆိုးကနေ လွတ်မြောက်ဖို့ Paridhi တစ်ယောက် ဘယ်လိုမျိုးလုပ်ဆောင်သွားမလဲဆိုတာကို သည်းထိတ်ရင်ဖိုစွာ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ ‘ငြိုးမျက်မပြေသော လိပ်ပြာ’ အိန္ဒိယဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading