ရယ်မောခြင်းက လူသားတွေအတွက် အကောင်းဆုံး ဆုလာဘ် တစ်ခု ဖြစ်ပါတယ်။ ရယ်မောခြင်းက ကိုယ့်အတွက် အကျိုးရှိစေတဲ့ အရာ ဖြစ်လို့ တစ်နေ့မှာ တစ်ခေါက်လောက် ဖြစ်ဖြစ်တော့ ရယ်မောသင့်ပါတယ်။ ဖြစ်နိုင်ရင်တော့ တစ်နေ့တာမှာ ကိုယ့်အတွက် ရယ်မောနိုင်မယ့် အချိန်လေး နည်းနည်းပဲ ဖြစ်ဖြစ် ပေးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံး ဖြစ်ပါတယ်။ ဘာကြောင့် ရယ်မောသင့်လဲ ဆိုတဲ့ အကြောင်းအရင်းတွေလည်း ရှိနေပါတယ်။
စိတ်သက်သာရာ ရဖို့

စိတ်ပင်ပန်းနေသည် ဖြစ်စေ၊ မပင်ပန်းနေဘူးဖြစ်စေ ရယ်မောလိုက်တာက သင့်ကို အကျိုးရှိစေပါတယ်။ ရယ်မောလိုက်တဲ့ ခဏက စိတ်တွေ လွတ်လပ်ပေါ့ပါးသွားသလို ဖြစ်စေပါတယ်။ ဒါ့အပြင် သင့်ကို စိတ်သက်သာရာရဖို့ စိတ်တည်ငြိမ်ဖို့ စိတ်ဖိစီးမှုတွေ လျော့ဖို့ အများကြီး အထောက်အကူ ဖြစ်စေပါတယ်။
ကျန်းမာရေး ကောင်းမွန်ဖို့

စိတ်ကျန်းမာရေးနဲ့ ကိုယ်ကျန်းမာရေးအတွက် ရယ်မောခြင်းက အရေးပါ,ပါတယ်။ ကျန်းမာရေးက အရေးကြီးတာမို့ တစ်နေ့တာမှာ ရယ်မောလိုက်ရုံနဲ့ သင့်ကျန်းမာရေးကို ဂရုစိုက်သင့်ပါတယ်။ ဒါကြောင့် နေ့တိုင်း ရယ်မောဖို့ အချိန် ခဏလောက် ပေးပြီး ကိုယ့်ကျန်းမာရေးကို ဂရုစိုက်ပေးသင့်ပါတယ်။
လူမှုရေး ကောင်းမွန်စေဖို့

လေ့လာချက်တွေအရ ရယ်မောခြင်းက လူမှုရေးနဲ့လည်း သက်ဆိုင်နေပါတယ်။ ရယ်ရယ်မောမော နေတတ်တဲ့သူတွေကို ကြည့်လိုက်ရင် အပေါင်းအသင်းများနေတာကို တွေ့ရမှာပါ။ ဒီအချက်ကို ကြည့်ချင်းအားဖြင့် ရယ်မောဖို့ အချိန်ပေးလေ့ ရှိတဲ့သူတွေက လူမှုရေးမှာလည်း ကောင်းမွန်နေတာကို သိသာစေပါတယ်။ ဒါကြောင့် လူမှုရေးမှာ ပြေလည်ချောမွေ့စေဖို့ တစ်နေ့မှာ တစ်ကြိမ်လောက်တော့ အနည်းဆုံး ရယ်မောသင့်ပါတယ်နော်။
ဦးနှောက်စွမ်းရည်ကို မြှင့်တင်ပေးနိုင်စေဖို့

စိတ်တွေ အဆင်ပြေပြီး သေချာ အာရုံစိုက် ဆုံးဖြတ်နိုင်ဖို့အတွက် ရယ်မောပြီး လေ့ကျင့်ပေးလို့ ရပါတယ်။ ရယ်မောတဲ့ အလေ့ ရှိရင် ဦးနှောက်ရဲ့ စွမ်းဆောင်မှုတွေကလည်း မြင့်လာစေတယ်လို့ ကျွမ်းကျင်သူတွေက ဆိုထားပါတယ်။
ကိုယ်ခံအားကို ကောင်းမွန်စေတယ်
နေ့တိုင်း မမေ့မလျော့ ရယ်မောမယ်ဆိုရင် သင့်ကို ပိုပြီး ကျန်းမာလာစေပါတယ်။ ရယ်မောခြင်းက သင့်ရဲ့ ကိုယ်ခံအားတွေကို မြင့်တက်လာစေပြီး ပိုပြီး ကျန်းမာလာစေမှာ ဖြစ်ပါတယ်။ ဖျားနာမှုတွေနဲ့ ကိုယ်ခံအားစနစ်ကို ထိခိုက်စေတဲ့ စိတ်ဖိစီးမှုတွေကိုလည်း နေ့တိုင်း ရယ်မောခြင်းဖြင့် ကာကွယ်ပေးနိုင်ပါတယ်။
Kham