Wednesday, November 29, 2023
HomeKnowledgeသင့်ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်လာစေဖို့ လုပ်သင့်တဲ့ အလေ့အကျင့်ကောင်း(၄)ခု

သင့်ရဲ့ ဉာဏ်ရည် ဖွံ့ဖြိုးတိုးတက်လာစေဖို့ လုပ်သင့်တဲ့ အလေ့အကျင့်ကောင်း(၄)ခု

ဉာဏ်ရည်ထက်မြက်သူတွေဟာ စမတ်ကျပြီး နေရာတိုင်းမှာ ဝင်ဆံံ့တတ်ကြပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ဉာဏ်ရည်ပိုင်းဆိုင်ရာဟာလည်း အမြဲတမ်းတိုးတက်အောင် ဂရုစိုက်ရမယ့်အရာထဲမှာ တစ်ခုအပါအဝင်ဖြစ်လာပါတယ်နော်။ လူတစ်ယောက်ရဲ့ဉာဏ်ရည်ဟာလည်း ဓားတစ်လက်လိုပဲ မသုံးပဲထားရင် သံချေးတက်ပျက်စီးသွားတတ်ပါတယ်။ ဒီတော့ ကိုယ့်ဆီမှာ ဒီလိုအလေ့အကျင့်ကောင်းတွေမွေးပြီး ကိုယ့်ရဲ့ဉာဏ်ရည်ပိုင်းဆိုင်ရာကိုတိုးတက်အောင် ပြုလုပ်ကြည့်ပါ။

ဂီတတူရိယာတစ်ခုခု တီးတတ်အောင် သင်ယူပါ

woman playing brown acoustic guitar
Photo by Andrea Piacquadio on Pexels.com

ဂီတသံစဉ်တွေကို နားထောင်ခြင်းက စိတ်ပင်ပန်းမှုကိုပြေလျော့ပြီး ဉာဏ်ရည်ပိုင်းဆိုင်ရာ အထောက်အကူပြုပေးတာမှန်ပေမယ့် ဂီတာတူရိယာတစ်ခုခုကို ကိုယ်တိုင်တီးခတ်တာက သင့်ရဲ့ဉာဏ်ရည်ကို ပိုတိုးတက်လာစေပါတယ်။ ဒါကြောင့် သီချင်းတွေနားထောင်တာထက် ဂီတသံစဉ်တွေကို ကိုယ်တိုင်တီးခတ်တတ်အောင် သင်ယူကြည့်ပါ။

စာအုပ်စာပေတွေ ဖတ်ပါ

woman sitting on chair beside table reading a book
Photo by Streetwindy on Pexels.com

ရုပ်ရှင်ကြည့်တာက လူတစ်ယောက်ရဲ့စိတ်ကို ပိုဆွဲဆောင်နိုင်ပြီး လူတွေကို ပျော်ရွှင်မှုတွေ၊ စိတ်အပြောင်းအလဲတွေ ဖြစ်စေတတ်ပါတယ်။ ဒါပေမယ့် စာအုပ်ဖတ်ခြင်းကတော့ သင့်ရဲ့စိတ်တွေကို ပိုအားဖြစ်စေပြီး ပိုပိုထက်မြက်လာစေပါတယ်။ ဒီတော့ ရုပ်ရှင်ကြည့်ခြင်းက ပျော်ရွှင်မှုနဲ့ အသိတွေတိုးစေသလို စာဖတ်ခြင်းက ဗဟုသုတတွေပိုပို ကြွယ်ဝစေပါတယ်။

ဘာသာစကားသစ်တွေ လေ့လာပါ

people woman relaxation internet
Photo by Karolina Grabowska on Pexels.com

စာတွေဖတ်ပြီး သင်ခန်းစာတွေလေ့လာပြီး ဘာသာစကားအသစ်လေ့လာတာက သိသင့်သလောက် အနေအထားတစ်ခုအထိ ရောက်နိုင်ပေမယ့် ကိုယ်တိုင် ဒီဘာသာစကားကို လက်တွေ့ပြောဆိုလို့ရမယ့်သူနဲ့ တိုက်ရိုက်ပြောဆိုတာက သင့်ကိုပိုတတ်လွယ်စေမှာ ဖြစ်ပါတယ်။ ဒီတော့ လက်တွေ့သင်ကြားမှုပြုလုပ်ဖို့ လိုအပ်ပြီး သင်ဟာ ဘာသာစကား များစွာကိုသင်ယူနိုင်တယ်ဆိုတာ မမေ့ပါနဲ့နော်။

ကိုယ့်ရဲ့ဦးနှောက်ကို အနားပေးပါ

woman in gray tank top lying on bed
Photo by Andrea Piacquadio on Pexels.com

လူရဲ့ဦးနှောက်ဟာလည်း တစ်ခြားအစိတ်အပိုင်းတွေလိုပဲ အနားယူဖို့လိုအပ်ပါတယ်။ ကိုယ်ဟာ လူတော်တစ်ယောက်ဖြစ်ချင်တယ်ဆိုပြီး တစ်ချိန်လုံးလေ့လာသင်ယူမှုကို အဆက်မပြတ်လုပ်နေရင်လည်း ကြာလာရင် ဦးနှောက်ကလက်မခံနိုင်ပဲ ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ဦးနှောက်ကို အနားပေးတဲ့အနေနဲ့ သဘာဝတရားကို ခံစားကြည့်တာ၊ အားလပ်ချိန်မှာ ကိုယ်ဝါသနာပါရာလေးတွေ လုပ်ကြည့်တာ၊ ကိုယ်စိတ်ပျော်မယ့်အရာလေးတွေ လုပ်တာ စသဖြင့် လုပ်ပေးသင့်ပါတယ်။ ဒီအချက်တွေက သင့်ကို အရင်ကထက် ပိုတော်ပိုထက်မြက်တဲ့သူတစ်ယောက် ဖြစ်လာစေမှာ ဖြစ်ပါတယ်။

Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: