Thursday, June 1, 2023
HomeKnowledgeနေရာအပြောင်းအလဲဖြစ်တဲ့အခါ လူတွေ အိပ်လို့မပျော်ဖြစ်ရတဲ့ အကြောင်းအရင်းများ

နေရာအပြောင်းအလဲဖြစ်တဲ့အခါ လူတွေ အိပ်လို့မပျော်ဖြစ်ရတဲ့ အကြောင်းအရင်းများ

လူတော်တော်များများက အိပ်ရာပြောင်းတဲ့အခါ အိပ်လို့မပျော်ဖြစ်တတ်ကြပါတယ်။ ကိုယ့်အိမ်မှာဆို အလွယ်တကူ အိပ်မောကျနိုင်ပေမယ့် တစ်ခြားနေရာအသစ်တစ်ခုကိုရောက်တဲ့အခါ အိပ်မပျော်ဖြစ်ရတဲ့ အကြောင်းအရင်းတွေကို သိပ္ပံပညာရှင်များက ခုလိုမျိုးလေ့လာတွေ့ရှိရပါတယ်။

ခန္ဓာကိုယ်က နေရာသစ်ကို တုံ့ပြန်တယ်

woman in white crew neck t shirt lying on bed
Photo by cottonbro on Pexels.com

နေရာသစ်တစ်ခုမှာ အိပ်စက်တဲ့ ပထမနေ့မှာပဲ သိသိသာသာ အိပ်မပျော်ခြင်းကို ခံစားကြရမှာ ဖြစ်ပါတယ်။ ဒါဟာ ခန္ဓာကိုယ်ကနေ နေရာသစ်ကိုခံစားတုံ့ပြန်တဲ့အတွက် လွယ်လွယ်အိပ်မောမကျနိုင်တာပဲ ဖြစ်ပါတယ်။ အပြောင်းအလဲကို ခန္ဓာကိုယ်က သိတဲ့အတွက် ဒီလိုမျိုး အိပ်မပျော်ခြင်းကို ခံစားရတာပါ။

အန္တရာယ်ရှိတယ်လို့ ခံစားမိလို့

woman in white long sleeve shirt sitting on a bed
Photo by cottonbro on Pexels.com

နေရာသစ်မှာ အိပ်စက်တဲ့အခါ လူတွေရဲ့မသိစိတ်က လုံခြုံမှုမရှိခြင်းကို ခံစားရတတ်ပါတယ်။ ကိုယ်အိပ်စက်နေကျ နေရာမဟုတ်တဲ့အတွက် စိတ်နိုးကြားနေတတ်ပြီး ဒါက အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်တာပါပဲ။ ဒီလို အန္တရာယ်ရှိတယ်လို့ ခံစားရတဲ့အခါမှာ အိပ်မပျော်နိုင်ဖြစ်ကြရတာပါ။

အိပ်စက်ခြင်း မညီမျှလို့

high angle shot of a woman lying on bed
Photo by cottonbro on Pexels.com

သုတေသနပညာရှင်တွေရဲ့ လေ့လာချက်တွေအရ ဦးနှောက် ဘယ်ဘက်ခြမ်းနဲ့ ညာဘက်ခြမ်းဟာ အိပ်စက်ခြင်းမညီမျှမှုကို ခံစားရစေပါတယ်။ ဦးနှောက်ဘယ်ဘက်ခြမ်းကနေ ပတ်ဝန်းကျင်က အသံတွေကို sensitive ဖြစ်လွယ်တဲ့အတွက် လွယ်လွယ်အိပ်မပျော်နိုင်တာပဲ ဖြစ်ပါတယ်။

အလွယ်တကူ အိပ်ပျော်စေဖို့

close up photography of woman sleeping
Photo by Andrea Piacquadio on Pexels.com

တကယ်လို့ နေရာသစ်မှာ အလွယ်တကူ အိပ်မပျော်တတ်တဲ့ သူတစ်ယောက်ဆိုရင်တော့ ကိုယ်အိပ်နေကျ ခေါင်းအုံး၊ ညအိပ်ဝတ်စုံတွေကို ယူဆောင်သွားသင့်တာ ဒါမှမဟုတ် အိပ်ရာဝင်ခါနီး hot drinks တစ်ခုခုသောက်တာမျိုးက အလွယ်တကူ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။

Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: