လူတိုင်းမှာ ပင်ကိုယ် ကိုယ်နံ့ ဆိုတာ ရှိပါတယ်။အသက်ကြီးလာတာနဲ့ အမျှ လူ့ ခန္ဓာကိုယ်ရဲ့ ကိုယ်နံ့က ပြောင်းလဲသွားတတ် ပါတယ်။အဘိုး အဘွား အရွယ်တွေနဲ့ နီးနီး ကပ်ကပ် နေဖူးတဲ့ သူတွေ ဆိုရင် တော့ ဒီအချက်ကို ကောင်းကောင်းကြီး သိကြပါတယ်။အသက်ကြီးလာတာနဲ့ အမျှ လူ့ ခန္ဓာကိုယ်ရဲ့ ကိုယ်နံ့က ဘာကြောင့် ပြောင်းလဲသွားတာလဲ ဆိုတဲ့ အ ကြောင်း အရင်းကို တော့ brightside မှာ အခုလို ဖော်ပြထားပါတယ်။
ရောဂါ တစ်ခုခုကြောင့်

အသက်ကြီးလာရင် တော့ အနည်းနဲ့ အများဆိုသလို ရောဂါ စွဲကပ် မှုတွေ ရှိလာ တတ်ပါတယ်။ဆီးချို သွေး ချို တို့ လို တစ်ချို့ ရောဂါ မျိုးဆိုရင် တော့ အသက်ကြီးတာ ငယ်တာ နဲ့ မဆိုင်ပဲ ရောဂါ ခံစားရသူတွေ ရဲ့ ကိုယ်နံ့က ပြောင်းလဲ သွားတာ မျိုး တွေ ရှိပါတယ်။ ketone တွေ ထုတ် တာ များ တော့ သစ်သီးနံ့ လို အနံ့ မျိုး တွေ ထွက်လာ တတ်ပါတယ်။အသည်းရောဂါ နဲ့ သွိုင်းရိုက် hyperthyroidism တို့လို ရောဂါ မျိုးကလည်း ကိုယ်နံ့ ကို ပြောင်းလဲ စေပါတယ်။
Diet ကြောင့်
ဒါက တော့ အသက်ကြီးတာ ငယ်တာ နဲ့ မဆိုင်ပဲ စားသောက်မှု ပုံစံ ပြောင်းလဲ လာရင် ကိုယ်နံ့ ပါ ပြောင်းသွား တတ် ပါတယ်။ငါး၊အစပ်၊အနီရောင် အသား တို့ ကို စားပါ များရင် ကိုယ်နံ့က ပြောင်းလဲ သွား တတ်ပါတယ်။စားလိုက်တဲ့ အစား အစာ တွေ က ခန္ဓာကိုယ်ထဲမှာ ပြိုကွဲ ချေဖျက် သွားပြီး နောက် ချွေး အဖြစ် နဲ့ ပြန် ထွက်လာ တာ မျိုးပါ။ကိုယ်စားတဲ့ အစားအစာ ပေါ် မူ တည် ပြီး ချွေး နံ့ ပြောင်းလဲ နိုင်ပါတယ်။
ဆေးဝါး

ကိုယ်မှီဝဲ နေတဲ့ ဆေးဝါးတွေ ကြောင့်လည်း ကိုယ်နံ့ ပြောင်းလဲတတ်ပါတယ်။လူမမာ တွေ ဆိုရင် ဆေးနံ့ တွေ စွဲ နေတာ မျိုးပါ။antidepressants လို ဆေးဝါး မျိုးတွေ ဆိုရင် ကိုယ်နံ့ ကို လုံး၀ ပြောင်းလဲ သေပါတယ်။အဓိက က တော့ ချိုင်း(ဂျိုင်း)၊ပေါင်ခြံ တို့ မှာ ရှိတဲ့ apocrine glands တွေ က နေ ချွေး တွေ ထုတ် ပေးတာ ကြောင့်ပါ။ချွေးနဲ့ ဗက်တီးရီးယားတွေ ပေါင်းလိုက်တဲ့ အခါ မှာတော့ အနံ့ က ပြောင်းလဲ သွားတာပါ။
သွားကျန်းမာရေး
ချွေး တစ်ခု တည်း ကြောင့်ပဲ ကိုယ်နံ့ ပြောင်းတာ မဟုတ်ပါဘူး။တံထွေး ကြောင့် လည်း ပြောင်း နိုင်ပါတယ်။သွားနဲ့ ခံတွင်း ကျန်းမာ ရေး အားနည်း ရင်လည်း မကောင်းတဲ့ ဗက်တီးရီးယားတွေ အများကြီး ထုတ် ပေးနိုင်တာကြောင့် ပါးစပ်နံ့ တာ မျိုးတွေ ဖြစ်တာပါ။ခံ တွင်းကျန်းမာရေးက တော့ အသက်ကြီးလာသူတိုင်း လိုလို ရင်ဆိုင်ရတဲ့ ကျန်းမာရေး ပြဿနာ တစ်ခု ပါ။
အသက်ကြီးလာတဲ့ အရေပြားကြောင့်

အသကကှှီးလာရငှ တော့ အရပှေားရဲ့ တငှးရငှး လတှ ဆတှ မှုတှေ က တဖှညှးဖှညှးေ လှာ့ ကှ လာတတပှါတယှ။အသကှ ကှီး လာတာနဲ့ အမှှ အရေ ပှားမှာ Fatty Acid တှေ ပို မှား လာပါတယှ။အရပှေား အသကကှှီး ရငှ့ လာတဲ့ အတှကှ ကိုယနှံ့ ပှောငှး လဲ တာ မှိုး ပါ။ဒါကှောငှ့ တဈခှို့က အသကကှှီးလာ သူတှရေဲ့ ကိုယနှံ့ဆို ပှီး ပှော ကှတာ မှိုးတှေ ရှိပါတယှ။ fatty acid တှေ က အောကစှီဂငှှ နဲ့ တှေ့ တဲ့ အခါ မှာ ခဉှစှုတစှုတှ အနံ့၊ဓါတငှှေ့ အနံ့ လို အနံ့ မှိုး.. တှေ ထှကလှာတာပါ။
ဟောမှုနှး

လူ့ခန္ဓာကိုယ်ရဲ့ ဟော်မုန်း က မကြာခဏ ပြောင်းလဲ နေ တတ်ပါတယ်။အထူးသဖြင့် အမျိုးသမီးတွေ က အမျိုးသား တွေ ပိုပြီး ဟော် မုန်း ပြောင်းလဲ မှု ဖြစ် ပါတယ်။ရာသီလာ ချိန်၊သွေးဆုံးချိန် တွေ ဆိုရင် ဟော်မုန်း ပြောင်းလဲ မှု တွေ ဖြစ် နေတာပါ။ဒါ တင် မက သေး ပါဘူး။စိတ်ဖိစီးမှု၊အပျို လူ ပျို ဖော်ဝင်ချိန် ဆိုရင်လည်း ဟော်မုန်း ပြောင်းလဲ တတ်ပါတယ်။
#AUNTYMAY