Relationship တစ်ခုဟာ တစ်ယောက်နဲ့တစ်ယောက် အနေနီးနေရင် အရာအားလုံးက သိပ်မသိသာပေမယ့် LDRS(Long Distance Relationship)မျိုးဆိုရင်တော့ တစ်ချို့ကိစ္စတွေက သိသာပါတယ်။ LDRS ကို ပိုင်ဆိုင်ထားရတဲ့ ချစ်သူတွေဟာဆိုရင် တစ်ယောက်နဲ့တစ်ယောက် ယုံကြည်ဖို့ ခက်ခဲသလို တစ်ယောက်နဲ့တစ်ယောက် နားလည်မှုပေးနိုင်ဖို့ဆိုတာလည်း ထင်သလောက် မလွယ်ကူပါဘူး။ ဒါ့ကြောင့် ဒီနေ့မှာတော့ LDRS တွေကြားမှာ အဖြစ်အများဆုံး စိတ်ခံစားချက် ၄ ခုအကြောင်းကို ပြောပြချင်ပါတယ်။
၁။ တစ်ယောက်နဲ့တစ်ယောက် သံသယဝင်လွယ်တဲ့ ခံစားချက်မျိုး

တစ်ယောက်နဲ့တစ်ယောက် အနေဝေးတာကြောင့် တစ်ခုခုဆိုရင် LDRS တွေက အရမ်းကို သံသယဝင်လွယ်တတ်ပါတယ်။ အဓိကကတော့ LDRS တွေဟာ သာမန်စုံတွဲတွေထက် ပိုပြီးတော့ နားလည်မှု ပိရှိသင့်ပါတယ်။ ဒီလိုမျိုး နားလည်မှုတစ်ခု ရှိထားရင်တော့ တစ်ယောက်နဲ့တစ်ယောက် သံသယတွေ လျော့နည်းသွားနိုင်ပါတယ်။
၂။ အခြေအနေအကြောင်းကြောင်းကြောင့် ဝေးနေပေမယ့် အမြဲတွေ့ချင်တဲ့ ခံစားချက်မျိုး
ဒီခံစားချက်မျိုးကတော့ LDRS စုံတွဲတိုင်း ခံစားရတဲ့ ခံစားချက်တစ်ခုပါပဲ။ အခြေအနေအကြောင်းအကြောင်းကြောင့် ဝေးနေရပေမယ့် တစ်ယောက်နဲ့တစ်ယောက် အွန်လိုင်းကနေပဲ အဆက်အသွယ်လုပ်၊ တစ်ယောက်ရဲ့ activity လေးတွေကို အချင်းချင်းအသိပေးပြီး နားလည်မှုတစ်ခုနဲ့ ရှေ့ဆက်နေရတဲ့ LDRS အတွဲတွေဟာ သာမန်အတွဲတွေထက် ပိုသနားဖို့ကောင်းတာတော့ အမှန်တကယ်ပါပဲ။
၃။ အဆက်အသွယ်ရတဲ့ အချိန်မျိုးမှာ အဆက်အသွယ်လုံးဝမပြတ်ချင်တဲ့ ခံစားချက်မျိုး

သူဘယ်အချိန် အွန်လိုင်းတက်လာမလဲ၊ အွန်လိုင်းတက်လာလည်း သူနေမှကောင်းရဲ့လား၊ အဆင်ပြေရဲ့လား အစရှိသဖြင့် အွန်လိုင်းမှာ တွေ့ရတဲ့ အချိန်ခဏလေးဟာ LDRS စုံတွဲတိုင်းအတွက် တန်ဖိုးရှိတဲ့ အချိန်တွေပါပဲ။ အဲဒီအချိန်လေးကိုပဲ အမြန်ကုန်သွားမှာ ကြောက်နေရတာလည်း တော်တော်စိတ်ပင်ပန်းရပါတယ်။
၄။ အနေဝေးလို့ သွေးအေးသွားမှာကို ကြောက်နေရတဲ့ ခံစားချက်မျိုး
ဒီအချက်ကတော့ LDRS စုံတွဲအတိုင်း စိတ်ပူနေရတဲ့ အချက်တစ်ခုပါပဲ။ ငါသူ့ဘေးမှာ မရှိတဲ့အချိန် ဘယ်သူနဲ့များရှိနေမလဲ၊ သူငါ့ကိုကော တစ်ကယ်စောင့်နိုင်ပါ့မလား၊ ဒီလိုနဲ့ ငါတို့နှစ်ယောက် အနေဝေးလို့ သွေးအေးသွားရင်တော့ ဝေးကြရတော့မှာပဲ အစရှိသဖြင့် LDRS စုံတွဲတိုင်းလိုလို တစ်ယောက်နဲ့တစ်ယောက် စိတ်ပူနေကြရတတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုရှိပြီး နားလည်နေရင်တော့ ဒီလိုမျိုးတွေ ဖြစ်နေမှာ မဟုတ်ပါဘူး။
phk