Monday, December 11, 2023
HomeFashionဆံပင်တိုညုပ်သင့်၊ မညုပ်သင့် ဒွိဟဖြစ်နေသူတွေအတွက် ဆုံးဖြတ်ချက်ခိုင်မာသွားစေမယ့် ပြောင်းလဲမှုပုံရိပ်များ

ဆံပင်တိုညုပ်သင့်၊ မညုပ်သင့် ဒွိဟဖြစ်နေသူတွေအတွက် ဆုံးဖြတ်ချက်ခိုင်မာသွားစေမယ့် ပြောင်းလဲမှုပုံရိပ်များ

Jayne Matthews ဟာ 1960 နဲ့ 1970 ခုနှစ်တွေရဲ့ ခေတ်နောက်ပြန်ပုံစံတွေအတွက် ထူးချွန်တဲ့ဆံပင်ညုပ်ဆရာတစ်ယောက်ပဲ ဖြစ်ပါတယ်။ သူမရဲ့ အသွင်ပြောင်းလဲပေးခြင်းစွမ်းရည်ဟာ ခေတ်ပြိုင်ပုံစံမှ ခေတ်ဟောင်းဟစ်ပီအငွေ့အသက်တွေအထိ ဖောက်သည်တွေလိုချင်တဲ့ ဘယ်လိုပုံစံမျိုးမဆို လုပ်ဆောင်ပေးနိုင်တာပါ။ Jayne ရဲ့ဖန်တီးမှုတွေထဲမှာ ထင်ရှားတဲ့အရာကတော့ bangs တွေပဲ ဖြစ်ပါတယ်။

jayne_edosalon
jayne_edosalon

သူမရဲ့လက်ရာတွေထဲက တစ်ခုမှာတော့ ဆံပင်အနက်ရောင်ရှိတဲ့ အမျိုးသမီးတစ်ယောက်ကို ခေတ်ဟောင်းပုံစံရဲ့ ကျက်သရေရှိမှုနဲ့ ဂန္တဆန်တဲ့ 60s ဖက်ရှင်ကို သတိရမိစေတာပါ။ ဒါ့အပြင် နောက်ထပ်ဖန်တီးမှုတစ်ခုကတော့ 70 ခုနှစ်ရဲ့ လွတ်လပ်တဲ့ပေါ့ပေါ့ပါးပါးပုံစံမျိုးကို မြင်ရတာဖြစ်ပါတယ်။ ဒါက Jayne ရဲ့ စွမ်းရည်ကိုမီးမောင်းထိုးပြရုံသာမက အသွင်ပြောင်းမှုတိုင်းက အရမ်းကိုပီပြင်လှကာ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်း အထင်ကရအလှတရားတွေကို ပြန်လည်အသက်သွင်းပေးနိုင်လာပဲ ဖြစ်ပါတယ်။

jayne_edosalon
jayne_edosalon

Jayne ရဲ့ဖန်တီးမှုလက်ရာပုံရိပ်တွေက ဆံပင်တိုညုပ်ဖို့ ဒွိဟဖြစ်နေတဲ့သူတွေအတွက် တကယ့်ကိုတွန်းအားတစ်ခု ဖြစ်စေမှာသေချာပါတယ်။ လူတော်တော်များများဟာ ဆံပင်တိုညုပ်ချင်ကြပေမယ့် သူတို့ရွေးချယ်လိုက်တဲ့ ဆံပင်ပုံစံမှားယွင်းသွားမှာနဲ့ ဆံပင်တိုနဲ့မလိုက်မှာကို စိတ်ပူတတ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် Jayne လိုမျိုး ဆံပင်ညုပ်ဆရာမျိုးနဲ့ ဆံပင်ညုပ်တဲ့အခါ သင်ဟာ ပိုယုံကြည်မှုရှိပြီး ပိုနုပျိုတဲ့သူတစ်ယောက် အသွင်ပြောင်းလဲမှုကို သေချာပေါက်ရနိုင်တာပါနော်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d