Thursday, May 2, 2024
HomeHAIRသဘာဝအတိုင်း ဆံပင်အုံထူလာစေမယ့် နည်းလမ်းကောင်း ၄ ခု

သဘာဝအတိုင်း ဆံပင်အုံထူလာစေမယ့် နည်းလမ်းကောင်း ၄ ခု

ဆံပင်နဂိုပါးတဲ့သူတွေရှိနိုင်သလို အသက်အရွယ်၊ ဓာတုဓာတ်မတည့်ခြင်း၊ ဖျားနာခြင်းနဲ့ အဟာရချို့တဲ့ခြင်းတို့ကြောင့်လည်း ဆံပင်ပါးသွားတာမျိုး ဖြစ်နိုင်ပါတယ်။ ဆံပင်ပါးလို့ စိတ်ညစ်နေတဲ့သူတွေအတွက် ဒီတစ်ခေါက်မှာတော့ ကိုယ့်ရဲ့အိမ်မှာပဲ အလွယ်တကူပြုလုပ်လို့ရတဲ့ သဘာဝအတိုင်း ဆံပင်အုံထူထည်းလာစေမယ့် နည်းလမ်းကောင်လေးကို ဝေမျှပေးလိုက်ပါတယ်နော်။

Anastasia Kazakov

ကြက်ဥ

ကြက်ဥမှာ ပရိုတိန်းကြွယ်ဝစွာပါဝင်တာကြောင့် ဆံပင်တွေကို သန်မာကာ ထူထည်းလာစေပါတယ်။ ကြက်ဥတစ်လုံး သို့ နှလုံးခန့်ကို ဦးရေပြားပေါ်စိုစွတ်သွားတဲ့အထိ လိမ်းပေးပြီး မိနစ်သုံးဆယ်ခန့် ထားပေးရမှာ ဖြစ်ပါတယ်။ ပြီးသွားရင်တော့ အပျော့စားခေါင်းလျှော်ရည်အသုံးပြုပြီး ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ပေးပါ။ နောက်ထပ်နည်းလမ်းတစ်ခုကတော့ ကြက်ဥအနှစ်၊ သံလွင်ဆီ လက်ဖက်ရည်ဇွန်းတစ်ဇွန်း၊ ရေလက်ဖက်ရည်ဇွန်းနှစ်ဇွန်းတို့ကို ရောနှောပြီး ခြောက်သွေ့တဲ့ ဆံပင်သားမှာလိမ်းပေးရမှာ ဖြစ်ပါတယ်။ ဆယ့်ငါးမိနစ်ခန့်ထားပြီးရင်တော့ အပျော့စားခေါင်းလျှော်ရည်သုံးပြီး ရေနွေးနွေးလေးနဲ့ ခေါင်းလျှော်ပေးရမှာပါ။

သံလြင္ဆီ

Omega – 3 ကြွယ်ဝတဲ့သံလွင်ဆီမှာ ဆံပင်ကျန်းမာရေးအတွက် ကောင်းမွန်တဲ့အကျိုးကျေးဇူးများစွာ ရှိလို့နေပါတယ်။ ဆံပင်သားကိုပျော့ပျောင်းစေပြီး ခြောက်သွေ့တဲ့ဦးရေပြားအတွက် တကယ့်ကိုကောင်းမွန်ပါတယ်။ သံလွင်ဆီကိုအနည်းငယ် အပူပေးပြီး ရလာတဲ့သံလွင်ဆီနွေးနွေးလေးကို ဦးရေပြားနဲ့ ဆံပင်အနှံ့လိမ်းကာ နှိပ်နှယ်ပေးရမှာ ဖြစ်ပါတယ်။ မိနစ်သုံးဆယ် သို့ လေးဆယ့်ငါးမိနစ်ခန့်ထားပြီးရင်တော့ ခေါင်းလျှော်လု့ိရပါပြီ။

master1305

လိမ္မော်သီး

လိမ္မော်သီးမှာပါဝင်တဲ့ vitamin C, pectin နဲ့ acid ဓာတ်တွေက ဆံပင်သားကျန်းမာသန်စွမ်းစေဖို့ ကူညီပေးနိုင်ပါတယ်။ လိမ္မော်သီးမှာပါတဲ့ ဗီတာမင်နဲ့ အဟာရတွေဟာ ဆံပင်ကို သဘာဝအတိုင်း တောက်ပြောင်ထူထည်းလာစေမှာပါ။ လတ်ဆတ်တဲ့ လိမ္မော်သီတစ်လုံးကို ကြိတ်ခြေပြီး ဆံပင်နဲ့ ဦးရေပြားအနှံ့လိမ်းပြီး နှိပ်နှယ်ပေးပါ။ တစ်နာရီခန့်ထားပြီးရင် ခေါင်းလျှော်ပေးရမှာဖြစ်ပြီး conditioner လေးသုံးဖို့ မမေ့ပါနဲ့။

လိုအပ်တဲ့အဟာရဓာတ်တွေ

ဆံပင်အုံ့ထူလာစေဖို့အတွက် အဆီ၊ ပရိုတင်းနဲ့ ဗီတာမင်တွေပါဝင်တဲ့ အစားအစာတွေ လိုအပ်ပါတယ်။ ပရိုတင်းဓာတ်နဲ့ ဖက်တီးအက်ဆစ်ကြွယ်ဝတဲ့ ဆယ်လ်မွန်ငါး၊ အိုမီဂါ – ၃ နဲ့ သံဓာတ်တို့ပါရှိတဲ့ ကြက်ဥ၊ ဖက်တီးအက်ဆစ်အရင်းအမြစ်တွေဖြစ်တဲ့ သစ်ကြားသီး၊ ဗာဒံသီးနဲ့ အခြားအခွံမာအသီးတွေ၊ ပရိုတင်းဓာတ်ရဲ့အရင်းအမြစ်ဖြစ်တဲ့ ဂရိဒိန်ချည်၊ ပရိုတင်းဓာတ်ပါတဲ့ အစိမ်းရောင်၊ အနက်ရောင်နဲ့ အခြားသောပဲအမျိုးမျိုး စတာတွေကို ထည့်သွင်းစားပေးခြင်းက ဆံပင်သားတွေကို ကျန်းမာသန်စွမ်းပြီး ဆံပင်အုံ့ထူထာစေမှာပဲ ဖြစ်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading