Monday, December 11, 2023
HomeEntertainmentအနမ်းခန်းတွေရိုက်ကူးတဲ့နေရာမှာ အရမ်းကိုဆရာကျလွန်းတဲ့ တောင်ကိုးရီးယားရဲ့ မင်းသားချော 4 ယောက်

အနမ်းခန်းတွေရိုက်ကူးတဲ့နေရာမှာ အရမ်းကိုဆရာကျလွန်းတဲ့ တောင်ကိုးရီးယားရဲ့ မင်းသားချော 4 ယောက်

တောင်ကိုးရီးယားရဲ့ ဒီမင်းသားချောလေးယောက်ကိုတော့ ‘Master of Kissing Scenes’ လို့ ခေါ်တွင်ကြတာပါ။

Soompi.com
Soompi.com

ကိုးရီးယားဒရာမာတွေဟာ ကမ္ဘာတစ်ဝှမ်းလုံးမှာ အရမ်းကိုရေပန်းစား လူကြိုက်များလာတာဖြစ်ပြီး အထူးသဖြင့် အဓိကဇာတ်ကောင်စုံတွဲတွေရဲ့ အချစ်ဇာတ်ဝင်ခန်းတွေက မကြာခဏဆိုသလို အာရုံစိုက်မှုရရှိကြတာကြောင့် ဇာတ်ကောင်တွေကြား chemistry ထိမိမှုက အရမ်းကိုအရေးကြီးတာဖြစ်ပါတယ်။ မကြာသေးခင်က အွန်လိုင်းကွန်မြူနတီဖိုရမ်တစ်ခုကနေ အနမ်းဇာတ်ဝင်ခန်းတွေမှာ ဆရာကျလွန်းကြတဲ့ သရုပ်ဆောင်မင်းသားလေးဦးကို ရွေးချယ်ခဲ့တာပဲ ဖြစ်ပါတယ်။

Pinterest.com
Koreaboo.com

အရမ်းကိုပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေနဲ့အတူ ပရိတ်သတ်တွေကို ထပ်တူရင်ခုန်အောင်လုပ်နိုင်ခဲ့တဲ့ မင်းသားချောလေးယောက် ထွက်ပေါ်လာခဲ့ပါတယ်။ ဒီမင်းသားတွေဟာ တောင်ကိုးရီးယားရဲ့ ထိပ်တန်းမင်းသားချောတွေထဲကဖြစ်ပြီး သူတို့ရဲ့သရုပ်ဆောင်ချက်တွေလည်း အရမ်းကိုကောင်းမွန်ကြသူတွေပါ။ အနမ်းဇာတ်ဝင်ခန်းတွေထဲမှာ ဆရာကျလွန်းကြတဲ့သူတွေက ဘယ်သူတွေလဲဆိုရင်တော့ မင်းသား‌ချော Ji Chang Wook, Park Seo Joon, Seo In Guk နဲ့ Gong Yoo တို့ပဲ ဖြစ်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d