Monday, December 11, 2023
HomeCELEBRITYSF9 အဖွဲ့ကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ Rowoon

SF9 အဖွဲ့ကနေ ထွက်ခွာသွားခဲ့ပြီဖြစ်တဲ့ Rowoon

အဖွဲ့ဝင် Rowoon ထွက်ခွာသွားပြီးနောက်မှာတော့ SF9 အဖွဲ့ဟာ အဖွဲ့ဝင်ရှစ်ဦးပါဝင်တဲ့ အဖွဲ့အဖြစ် ပရိသတ်တွေဆီကို ပြန်လည်ရောက်ရှိလာမှာပါ။ စက်တင်ဘာလ 18 ရက်နေ့တွင် SF9 ရဲ့အေဂျင်စီဖြစ်တဲ့ FNC Entertainment ကနေ အဖွဲ့ဝင် Rowoon ဟာ အဖွဲ့ကနေထွက်ခွာခဲ့ပြီဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။

image source: pinterest

ထုတ်ပြန်ချက်အပြည့်အစုံမှာ “မင်္ဂလာပါ ဒါက FNC Entertainment ဖြစ်ပါတယ် SF9 ရဲ့ လှုပ်ရှားမှုတွေအကြောင်း အသိပေးနိုင်ဖို့ ဒီစာကိုရေးလိုက်ရတာပါ SF9 အဖွဲ့ရဲ့ 2016 ခုနှစ် ပွဲဦးထွက်ချိန်ကနေစပြီး ကျွန်တော်တို့ရဲ့အနုပညာရှင်တွေနဲ့ ခုနစ်နှစ်အကြာ စက်တင်ဘာလ 18 ရက်နေ့တွင် စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပါတယ် အဖွဲ့ဝင်အားလုံးက ကျွန်တော်တို့နဲ့ စာချုပ်သက်တမ်းထပ်တိုးခဲ့ကြပေမဲ့ Rowoon မပါဘဲ အဖွဲ့ဟာ အဖွဲ့ဝင်ရှစ်ဦးပါတဲ့အဖွဲ့အဖြစ် ပြန်လည်စတင်တော့မှာ ဖြစ်ပါတယ် Rowoon ဟာ သရုပ်ဆောင်ခြင်းအပါအဝင် သူ့ရဲ့တစ်ဦးချင်း ပရောဂျက်တွေကို အာရုံစိုက်လုပ်ဆောင်သွားမှာပါ သူတို့တွေက မတူညီတဲ့လမ်းကြောင်းကို လျှောက်လှမ်းဖို့ဆုံးဖြတ်ခဲ့ကြပေမဲ့ ပရိသတ်တွေအတွက် အဖွဲ့ဝင်အားလုံး အကောင်းဆုံးကြိုးစားသွားကြမှာပါ SF9 နဲ့ Rowoon အတွက် ပရိသတ်တွေရဲ့ ဆက်လက်အားပေးမှုကို ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ကြေညာချက်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

image source: pinterest

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d