
Ah Fei လို့အမည်ရတဲ့ ကယ်ဆယ်ခံခဲ့ရတဲ့ ကြောင်လေးဟာ သူ့ရဲ့လွန်ကဲတဲ့တုံ့ပြန်မှု အမူအရာလေးတွေကြောင့် ဆိုရှယ်မီဒီယာပေါ်တွင် နာမည်ကြီးကျော်ကြားလာခဲ့ပါတယ်။ သူ့ရဲ့သခင်ဖြစ်သူက သူနဲ့အတူကစားဖို့ အရုပ်တွေအသုံးပြုတိုင်း အော်စကာဆုပေးရလောက်တဲ့ ရယ်စရာကောင်းလွန်းတဲ့ မျက်နှာအမူအရာတွေကို ပြုမူလေ့ရှိတာဖြစ်ကာ လူတွေက သူ့ရဲ့ထူးဆန်းတဲ့အမူအရာလေးတွေကြောင့် အရမ်းကိုသဘောကျ ချစ်ခင်နေကြတာ ဖြစ်ပါတယ်။ Ah Fei ဟာ သူ့ရဲ့ဆိုရှယ်မီဒီယာပေါ်တွင် Follower 20,000 ကို ပိုင်ဆိုင်ထားပြီး သူ့ရဲ့စွန့်စားခန်းတွေကို ဝေမျှလေ့ရှိတာဖြစ်ကာ ရယ်စရာအကောင်းဆုံး တုံ့ပြန်မှုအချို့ကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ကြောင်တွေရဲ့အမူအရာတွေဟာ တစ်ခါတစ်ရံမှာ အရမ်းကိုထူးဆန်းတာဖြစ်ပြီး သူတို့တွေရဲ့အပြုအမူတွေကြောင့် လူတွေဟာ မကြာခဏဆိုသလို အံ့သြတတ်ကြရပါတယ်။ ဒါပေမဲ့ Ah Fei လေးကတော့ အမြဲတမ်းလိုလို သူ့ရဲ့အံ့သြဖွယ် မျက်နှာအမူအရာတွေကို ပြုလုပ်လေ့ရှိတာဖြစ်ပြီး စိတ်ခံစားမှုကိုအဖော်ပြနိုင်ဆုံး ကြောင်လေးတစ်ကောင်လို့ ဆိုနိုင်ပါတယ်။


လူတွေရဲ့အရင်းနှီးဆုံး မိတ်ဆွေသူငယ်ချင်း ကြောင်တွေဟာ လူသားတွေအတွက် အကောင်းဆုံးအဖော်ပြုပေးပြီး စိတ်ဖိစီးမှုကိုလျှော့ချပေးနိုင်တာပါ။ ဒီလိုအကောင်းဆုံးသူငယ်ချင်းလေးက သင့်ကိုစိတ်ဖိစီးမှုလျှော့ချပေးရုံသာမက ပျော်ရွှင်ရယ်မောမှုကိုပါ ပေးစွမ်းမယ်ဆိုရင်တော့ တကယ့်ကိုအတိုင်းထက်အလွန်ပါပဲ။ လူအများစုက သူတို့ဆီမှာ Ah Fei လိုမျိုး အရမ်းကိုချစ်စရာကောင်းတဲ့ ကြောင်လေးတစ်ကောင်ရှိဖို့ကို အလိုရှိကြလိမ့်မယ်လို့ ထင်ပါတယ်။