Monday, May 29, 2023
HomeEntertainmentအိမ်ရှင်မတစ်ဦးနဲ့ လျှို့ဝှက်အေးဂျင့်တို့ရဲ့စွန့်စားခန်းကို ကြည့်ရမယ့် My Secret Terrius

အိမ်ရှင်မတစ်ဦးနဲ့ လျှို့ဝှက်အေးဂျင့်တို့ရဲ့စွန့်စားခန်းကို ကြည့်ရမယ့် My Secret Terrius

တောင်ကိုးရီးယားဇာတ်လမ်းတွဲ ထူးဆန်းသော အိမ်နီးချင်း (My Secret Terrius) ဟာ 2018 ခုနှစ်ကထွက်ရှိခဲ့တဲ့ ဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသား So Ji-sub, Son Ho-jun, မင်းသမီး Jung In-sun နဲ့ Im Se-mi တို့က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။

pinterest

ဇာတ်လမ်းပုံစံက Go Ae-rin (Jung In-sun) အမည်ရှိ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ခင်ပွန်းကို ဆုံးရှုံးခဲ့ရတဲ့ ကလေးနှစ်ယောက်ရဲ့မိခင်ဖြစ်ပါတယ်။ NIS အေးဂျင့်တစ်ဦးဖြစ်တဲ့ သူမရဲ့အိမ်နီးချင်း Kim Bon (So Ji-sub) နဲ့အတူ သူမခင်ပွန်းသေဆုံးမှု နောက်ကွယ်က အမှန်တရားကို ရှာဖွေကြမယ့် စိတ်ဝင်စားဖွယ် ဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

အိမ်နီးချင်း Kim Bon ဟာ လျှို့ဝှက်စွာနေထိုင်သူတစ်ယောက်ဖြစ်ပြီး လွန်ခဲ့တဲ့သုံးနှစ်က သူတာဝန်ယူခဲ့ရတဲ့ မစ်ရှင်တစ်ခုကို ကျရှုံးခဲ့ပြီး သူချစ်ရတဲ့ အမျိုးသမီးကိုလည်း ဆုံးရှုံးခဲ့ရတဲ့ အေးဂျင့်တစ်ဦးဖြစ်ပါတယ်။ နောက်ပိုင်းတွင် သူဟာ ကမ္ဘာကြီးနဲ့အဆက်အသွယ်ဖြတ်တောက်ကာ  တစ်ယောက်တည်း သီးသန့်နေထိုင်လာခဲ့တာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် မထင်မှတ်ဘဲ အိမ်နီးချင်းအမျိုးသမီးရဲ့ ခင်ပွန်းဖြစ်သူသေဆုံးမှု နောက်ကွယ်က ပုန်းကွယ်နေတဲ့ အမှန်တရားတွေကို ဖော်ထုတ်ဖို့ကြိုးစားကြတဲ့အခါ သူတို့နှစ်ယောက် ဘယ်လိုမျိုးပူးပေါင်းလုပ်ဆောင်ကြမလဲဆိုတာကို အလွဲလေးတွေ၊ ဟာသလေးတွေနဲ့ ကြည့်ရှုရမယ့် ဇာတ်လမ်းတွဲကောင်းလေး တစ်ခုဖြစ်ပါတယ်။

pinterest

ထူးဆန်းသော အိမ်နီးချင်း (My Secret Terrius) ဇာတ်လမ်းတွဲဟာ အချစ်ဟာသ လျှို့ဝှက်ဆန်းကြယ် ဇာတ်လမ်းပုံစံမျိုးဖြစ်ပြီး ဒါရိုက်တာ Oh Ji-young က ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ထူးဆန်းသော အိမ်နီချင်း (My Secret Terrius) ဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: