ကပ်ရောဂါတွေဖြစ်ပွါးပြီး ရုပ်ရှင်ရုံတွေ ပိတ်သွားတဲ့အချိန်ကစပြီးတော့ မြန်မာဇာတ်ကားတွေနဲ့ ပရိသတ်တွေက ဝေးကွာသွားခဲ့တယ်လို့ ဆိုရပါလိမ့်မယ်။ ဒီတော့ ပရိသတ်တွေအနေနဲ့ အလွမ်းပြေပြန်ကြည့်နိုင်စေဖို့ Viu မှာသာ ကြည့်ရှုလို့ရနိုင်တဲ့ မြန်မာဇာတ်ကားလေးအချို့နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။
တိမ်တွေပေါ်ကပန်း

ဒါရိုက်တာစင်ရော်မောင်မောင် ရိုက်ကူးထားပြီး JBJ Entertainment နဲ့ Big 5 Production တို့ပူးပေါင်းထုတ်လုပ်ထားတဲ့ “တိမ်တွေပေါ်ကပန်း” ဇာတ်ကားမှာတော့ မင်းသမီးချော ဝတ်မှုန်ရွှေရည်၊ မင်းသား ကျော်ထက်အောင်နဲ့ ကိုးရီးယားမင်းသား Ryu Sang Wook တို့က အဓိကပါဝင်ထားကြတာ ဖြစ်ပါတယ်။ ကိုးရီးယားမှာနေထိုင်တဲ့ Jae Won ဟာ ပရဟိတလုပ်ငန်းတွေလုပ်ဖို့ ချင်းတောင်တန်းက ထန်တလန်မြို့လေးကို ရောက်ရှိလာခဲ့ပါတယ်။ ထန်တလန်မြို့လေးမှာတော့ Jae Won ကို အမြဲတမ်းကြောက်ရွံ့စွာရှောင်ဖယ်နေခဲ့တဲ့ နှင်းစက်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိနေခဲ့တာပါ။ ဘာကြောင့် နှင်းစက်က Jae Won ကို ရှောင်နေခဲ့တာလဲ ရှေ့ဆက်ပြီး သူတို့နှစ်ယောက်ကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေး တစ်ကားပဲ ဖြစ်ပါတယ်။
ဟစ်တိုင်

“ဟစ်တိုင်” ဇာတ်ကားဟာ ရုံတင်ခဲ့စဉ်တုန်းက အရမ်းကိုအောင်မြင်ခဲ့တဲ့ စာရေးဆရာမ သျှင်မရဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ဒီဇာတ်ကားမှာတော့ အားလုံးက ချစ်စနိုးနဲ့ အူဝဲလို့ ခေါ်တတ်ကြတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်၊ မေသန်းနု၊ ပြည့်ပြည့်၊ မုဏ်းတို့က အဓိကပါဝင်ထားကြတာပါ။ ဇာတ်ကားထဲတွင် မတရားအနိုင်ကျင့် သတ်ဖြတ်ခြင်းခံခဲ့ရတဲ့သမီးလေးအတွက် တရားမျှတမှုကို ပြန်လည်ရှာဖွေမယ့် မိခင်တစ်ယောက်ရဲ့ ဇာတ်လမ်းကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ဒီဇာတ်ကားတွင် မင်းသမီး အိန္ဒြာကျော်ဇင်က ကလေးလေးရဲ့မိခင် ဒေါင်းနီဆိုတဲ့ဇာတ်ကောင်အဖြစ် ပါဝင်ထားပြီး သူမရဲ့သရုပ်ဆောင်ချက်တွေက ကြက်သီးထဖွယ်ကောင်းလောက်အောင် ပီပြင်အသက်ဝင်လွန်းတာ ဖြစ်ပါတယ်။
CO2 (ကာဗွန်ဒိုင်အောက်ဆိုဒ်)

“CO2 (ကာဗွန်ဒိုင်အောက်ဆိုဒ်)” ဇာတ်ကားဟာ စာရေးဆရာမ မီမီရဲ့ဝတ္ထုကို အခြေခံရိုက်ကူးထားပြီး အလင်းရောင်၊ ဖွေးဖွေး၊ ကျော်ထက်အောင်၊ ရတနာဗိုလ် တို့ကပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာဝိုင်း ရိုက်ကူးထားတဲ့ horror ဇာတ်ကားအမျိုးအစား ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက အောက်လမ်းအတတ်ပညာကို မရိုးသားတဲ့နည်းနဲ့ အသုံးချမိလိုက်တဲ့အခါ ဘယ်လိုခြောက်ခြားစရာတွေနဲ့ တွေ့ကြုံရမလဲဆိုတာကို မြင်တွေ့ရမယ့် ထိတ်လန့်တုန်လှုပ်ဖွယ် ဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။
ဒီဇာတ်ကားတွေကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။