Friday, September 22, 2023
HomeEntertainmentရတနာသိုက်ရှာဖွေဖို့ တောတွင်းစွန့်စားခန်းဖွင့်ကြမယ့် လူတစ်စုအကြောင်း ရိုက်ကူးထားတဲ့ ‘တည်ကြက်’

ရတနာသိုက်ရှာဖွေဖို့ တောတွင်းစွန့်စားခန်းဖွင့်ကြမယ့် လူတစ်စုအကြောင်း ရိုက်ကူးထားတဲ့ ‘တည်ကြက်’

‘တည်ကြက်’ ရုပ်ရှင်ဇာတ်ကားကြီးကို ဇာတ်ညွှန်း မောင်မြတ်ဆွေရေးသားပြီး ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) က ရိုက်ကူးပုံဖော်ထားတာဖြစ်ကာ နေတိုး၊ နေမျိုးအောင်၊ သင်ဇာဝင့်ကျော်၊ ရွှေသမီး၊ ယဉ်လတ်၊ နန်းခင်ဇေယျာ၊ မေမြတ်နိုး၊ ချောကလျာ၊ ကြယ်ဖြူရှင်းသန့် နဲ့ အခြားသရုပ်ဆောင်တွေများစွာက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

youtube.com

2018 ခုနှစ်က ရုံတင်ပြသခဲ့တဲ့ ဒီဇာတ်ကားဟာ အက်ရှင်ဇာတ်ကားအမျိုးအစားဖြစ်ပြီး ရတနာသိုက်ရှာဖွေဖို့ တောတွင်းစွန့်စားခန်းခရီးဖွင့်ခဲ့ကြတဲ့ လူတစ်စုအကြောင်းကို ရိုက်ကူးပုံဖော်ထားပါတယ်။ တစ်ရွာလုံးက ချစ်ခင်ရပြီး စိတ်သဘောထားကောင်းမွန်တဲ့ လမ်းပြမုဆိုး ရဲမာန်နဲ့ ရတနာသိုက်ရှာဖွေဖို့ ရောက်ရှိလာခဲ့ကြတဲ့ အမျိုးသမီးခြောက်ယောက်တို့ရဲ့အကြောင်းကို ဇာတ်အိမ်တည်ထားတာ ဖြစ်ပါတယ်။

youtube.com

ခက်ခဲကြမ်းတမ်းလှတဲ့ ခရီးစဉ်အတွင်း အချင်းချင်းသဘောထားကွဲလွဲမှုတွေ၊ သံသယတွေအပြင် အသက်အန္တရာယ်အထိပါ ခြိမ်းခြောက်မှုတွေနဲ့ ရင်ဆိုင်ရတဲ့အခါ သူတို့တကယ်ပဲ ရှင်သန်လွတ်မြောက်နိုင်ပါ့မလား။ သူတို့ရှာဖွေနေတဲ့ ရတနာသိုက်ကိုရော ရှာတွေ့နိုင်မလားဆိုတာကို ကြည့်ရှုရမယ့် ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။

‘တည်ကြက်’ အက်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: