Sunday, April 21, 2024
HomeEntertainmentစိတ်ကူးယဉ် နန်းတွင်းအချစ်ဇာတ်လမ်းလေး "Lovers of the Red Sky"

စိတ်ကူးယဉ် နန်းတွင်းအချစ်ဇာတ်လမ်းလေး “Lovers of the Red Sky”

Lovers of the Red Sky ဇာတ်လမ်းတွဲဟာ 2021 ခုနှစ်ထွက် ကိုးရီးယားဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး မင်းသမီးချော Kim Yoo-jung, မင်းသား Ahn Hyo-seop, Gong Myung နဲ့ Kwak Si-yang တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဒီဇာတ်လမ်းတွဲကို ဒါရိုက်တာ Jang Tae-yoo က ရိုက်ကူးထားတာဖြစ်ကာ စာရေးဆရာမ Jung Eun-gwol ရေးသားထားတဲ့ အမည်တူဝတ္ထုကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာပါ။

Instagram.com

ဒီဇာတ်လမ်းတွဲလေးမှာတော့ အမျိုးသမီးပန်းချီဆရာ Hong Cheon-gi နဲ့ မျက်မမြင်နက္ခတ္တဗေဒပညာရှင် Ha Ram တို့ရဲ့ ကံကြမ္မာရေစက်အကြောင်းကို မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။ နတ်ဆိုးဘုရင်ရဲ့ ကျိန်စာတိုက်ခဲ့ခြင်းကို ခံခဲ့ကြရတဲ့ Ha Seong-jin ရဲ့သား Ha Ram နဲ့ Hong Eun-ho ရဲ့သမီး Hong Cheon-gi တို့ဟာ တစ်နေ့တည်းတွင် မွေးဖွားလာခဲ့ကြတာ ဖြစ်ပါတယ်။ နတ်ဆိုးဘုရင်ရဲ့ကျိန်စာကြောင့် Cheon-gi ဟာ မွေးရာပါ အမြင်အာရုံဆုံးရှုံးနေသူတစ်ယောက် ဖြစ်ပါတယ်။

တိုင်းပြည်ဟာ ကိုးနှစ်ကြာ မိုးခေါင်ရေရှားမှုဒဏ်ကို ခံစားနေရပြီး တော်ဝင်နတ်ဆရာတွေက နဂါးမိုးပြုလုပ်ရန် စီစဉ်ခဲ့ကြပါတယ်။ Ha Ram ဟာ ရေရဲ့စွမ်းအားဖြင့် မွေးဖွားလာတဲ့ကလေးတစ်ဦးဖြစ်ကြောင်း သတိထားမိသွားကြချိန်မှာတော့ သူဟာ မိုးရွာလာအောင်ပြုလုပ်တဲ့ ဓလေ့ထုံးတမ်းတွင် ကူညီဖို့ရွေးချယ်ခံခဲ့ရပါတယ်။ ဝတ်ပြုဆုတောင်းပွဲတက်ရောက်ရန် မြို့တော်သို့ရောက်ရှိလာတဲ့အချိန်မှာ Ha Ram နဲ့ မျက်မမြင်မိန်းကလေး Hong Cheon-gi တို့တွေ့ဆုံခဲ့ကြပြီး မိုးရွာပြီးရင်ပြန်ဆုံကြမယ်လို့ ကတိပြုခဲ့ကြပါတယ်။ မိုးရွာအောင်ပြုလုပ်တဲ့ ဓလေ့ထုံးတမ်းတွေလုပ်ဆောင်ချိန်မှာ အားလုံးမျှော်လင့်မထားတဲ့ အရာတွေဖြစ်ပေါ်ခဲ့ပါတယ်။

Instagram.com

19 နှစ်အကြာမှာတော့ Hong Cheon-gi ဟာ Baek-yoo Painting Group တွင် ထူးချွန်တဲ့ပန်းချီဆရာတစ်ဦး ဖြစ်လာခဲ့ပြီး အဲဒီအချိန်တုန်းက သူမဟာ တစ်ဦးတည်းသော အမျိုးသမီးပန်းချီဆရာတစ်ဦး ဖြစ်ခဲ့ပါတယ်။ Ha Ram ကတော့ နန်းတော်ထဲတွင် နက္ခတ်ဗေဒင်၊ မိုးလေဝသနဲ့ ပြက္ခဒိန်တွေကို တာဝန်ယူရတဲ့ နက္ခတ္တဗေဒပညာရှင်တစ်ဦး ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။ သူဟာ ကြယ်တွေရဲ့ရွေ့လျားမှုကို ခြေရာခံပြီး အနာဂတ်ကိုခန့်မှန်းနိုင်စွမ်းရှိတာ ဖြစ်ပါတယ်။ Hong Cheon-gi နဲ့ Ha Ram တို့ဟာ 19 နှစ်အကြာတွင် ပြန်လည်ဆုံတွေ့ခဲ့ကြပြီး သူတို့နှစ်ယောက်ကြား ရှုပ်ထွေးတဲ့ဆက်ဆံရေးအခြေအနေတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အချစ်စိတ်ကူးယဉ် နန်းတွင်းဒရာမာဇာတ်လမ်းတွဲလေး Lovers of the Red Sky ကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading