Monday, December 11, 2023
HomeEntertainmentစိတ်အပန်းပြေပြီး ပေါ့ပေါ့ပါးပါးလူငယ်ဆန်မှုကို ကြည့်ရှုခံစားရမဲ့ အချစ်ဟာသ မြန်မာဇာတ်လမ်းတွဲ ‘ချစ်ဆေး’

စိတ်အပန်းပြေပြီး ပေါ့ပေါ့ပါးပါးလူငယ်ဆန်မှုကို ကြည့်ရှုခံစားရမဲ့ အချစ်ဟာသ မြန်မာဇာတ်လမ်းတွဲ ‘ချစ်ဆေး’

‘ချစ်ဆေး’ အချစ်ဟာသ မြန်မာဇာတ်လမ်းတွဲလေးကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ပုံဖော်ရိုက်ကူးထားပြီး သရုပ်ဆောင် ရဲရင့်သော်၊ မေတိုးခိုင်တို့က အဓိကဇာတ်ကောင်တွေအဖြစ် ပါဝင်ထားကာ ခင်ရတီသင်း၊ ပျိုပျိုမေ၊ မျိုးထွဋ်နိုင်နဲ့ ကျော်ထွန်းနေစတဲ့ သရုပ်ဆောင်သစ်လေးတွေက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ဇာတ်လမ်းပုံစံလေးကတော့ လူငယ်တွေသဘာဝ ဖြစ်ပေါ်တတ်တဲ့ အချစ်ဇာတ်လမ်းလေးကို အခြေခံထားပြီး မတူညီတဲ့အကျင့်စရိုက်ရှိသူတွေကြားက ဖြစ်ပေါ်လာမဲ့အချစ်ကို တွေ့မြင်ရမှာပါ။

youtube.com

ဒီဇာတ်လမ်းတွဲလေးမှာတော့ အမြဲတမ်းပျာယာခတ်နေတတ်တဲ့ ပျာကလတ်စိန်မလေး ချယ်ရီအဖြစ် မင်းသမီးချော မေတိုးခိုင်က ပါဝင်ထားတာဖြစ်ပြီး သူမရဲ့ဖရိုဖရဲဆန်လွန်းတဲ့ အကျင့်စရိုက်တွေကြောင့် ချစ်ရမဲ့ကောင်လေးရဖို့ ခက်ခဲနေသူတစ်ယောက် ဖြစ်ပါတယ်။ နောက်ထပ် အဓိကဇာတ်ကောင်ဖြစ်တဲ့ ညီဇေအဖြစ်တော့ ရဲရင့်သော်ကပါဝင်ထားတာဖြစ်ပြီး တည်ငြိမ်ရင့်ကျက်တဲ့ ကိုကြီးအဖြစ် တွေ့မြင်ရမှာပါ။ ကောင်မလေးတွေဝိုင်းဝိုင်းလည်နေတဲ့ကြားက ညီဇေတစ်ယောက် ဘယ်သူ့ကိုချစ်မိသွားမှာလဲ။ ချယ်ရီတီထွင်လိုက်တဲ့ အချစ်ဆေးကရော တကယ်ပဲအစွမ်းပြလာပါ့မလား။

youtube.com

နောက်ထပ် လူရိုးလေးရဲကိုအဖြစ် မျိုးထွဋ်နိုင်ကပါဝင်ထားပြီး သူများတွေအနိုင်ကျင့်တာခံရတဲ့ စာကြမ်းပိုးလေးထူးအံ့အဖြစ်တော့ ကျော်ထွန်းနေက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ခေတ်ဆန်ဆန်ဆရာမကြီးပုံစံနဲ့ နွယ်လေးအဖြစ်တော့ ခင်ရတီသင်းက ပါဝင်ထားကာ အသည်းငယ်တတ်တဲ့ အူကြောင်ကြောင်ကောင်မလေး အိပုံ့အဖြစ်တော့ ပျိုပျိုမေက ပါဝင်ထားတာကို တွေ့မြင်ရမှာပါ။ ချစ်စရာကောင်းတဲ့ လူငယ်ဆန်မှုလေးတွေနဲ့ တလွဲဟာသလေးတွေကို ကြည့်ရှုရမဲ့ အချစ်ဟာသဇာတ်လမ်းတွဲလေးတစ်ခုပဲ ဖြစ်ပါတယ်။

youtube.com

‘ချစ်ဆေး’ ဆိုတဲ့ မြန်မာရုပ်သံဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် စဆုံးဝင်ရောက်ကြည့်ရှုလို့ ရနေပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d