Saturday, May 4, 2024
HomeEntertainmentအမှုတိုင်းကို လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ ဆရာနဲ့အလုပ်သင်ကြားက တိုက်ပွဲခေါ်သံကို ကြည့်ရှုရမဲ့ 'ဥပဒေတိုက်ပွဲ'

အမှုတိုင်းကို လက်တွဲလုပ်ဆောင်ခဲ့ကြတဲ့ ဆရာနဲ့အလုပ်သင်ကြားက တိုက်ပွဲခေါ်သံကို ကြည့်ရှုရမဲ့ ‘ဥပဒေတိုက်ပွဲ’

‘ဥပဒေတိုက်ပွဲ’ တရုတ်ဒရာမာဇာတ်လမ်းတွဲတွင် မင်းသမီး Kay Tse, Dada Chan, Li Sum Ling, Kaki Sham, JJ Jia, Rebecca Chan, Candice Yu နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက နတ်ဆိုးရဲ့ဆက်ခံသူအဖြစ် ချီးကျူးခြင်းခံထားရတဲ့ Angel ဟာ ဂန္ထဝင်ရှေ့နေ Shek Kai ရဲ့ အလုပ်သင်တစ်ဦး ဖြစ်ပါတယ်။ သူတို့တွေကို အထက်တန်းစားပုဂ္ဂိုလ်တွေက ငှားရမ်းလေ့ရှိပြီး သူတို့ဟာ သူတို့ရဲ့အမှုကိစ္စအောင်မြင်မှုရနိုင်ဖို့ ဘာမဆိုလုပ်ဆောင်တတ်ကြပါတယ်။ အမြဲတမ်းအလုပ်တွေ ရှုပ်နေတတ်တာကြောင့် Angle နဲ့ သူမရဲ့ခင်ပွန်း ရှေ့နေတစ်ဦးဖြစ်တဲ့ Manson တို့ရဲ့ ဆက်ဆံရေးဟာ တဖြည်းဖြည်း အေးစက်လာခဲ့ကြပါတယ်။

MyDramaList.com

ဒီလိုနဲ့ လင်မယားနှစ်ယောက် ကွာရှင်းပြတ်စဲဖို့ဆုံးဖြတ်လိုက်ကြပြီး သားဖြစ်သူ Lucas ရဲ့အုပ်ထိန်းမှုနဲ့ပတ်သက်ကာ အငြင်းပွားမှုဖြစ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ သူမရဲ့ပုံရိပ်ကိုမြှင့်တင်ပြီး သားဖြစ်သူ Lucas ရဲ့ အုပ်ထိန်းခွင့်ကို ရယူနိုင်ဖို့အတွက် Angle ဟာ တရားရင်ဆိုင်နိုင်ရေး အမှုတစ်ခုကို လက်ခံလိုက်ပါတယ်။ ဒီအမှုက လူသတ်တယ်ဟုစွပ်စွဲခံထားရတဲ့ တစ်ကိုယ်ရည်မိခင် Lisa ကို ကာကွယ်ပေးရန်ဖြစ်ပါတယ်။ ဒီတစ်ခေါက်မှာတော့ သူမရဲ့အမှုအတွက် Angle ဟာ Shek ကို ဆန့်ကျင်ဖို့ဖြစ်လာရပါတယ်။ ဆရာနဲ့ အလုပ်သင်ကြားတွင် ဖြစ်ပေါ်လာခဲ့တဲ့ ဒီတိုက်ပွဲမှာ ဘယ်သူကအနိုင်ရမယ်လို့ ထင်လဲ။ ထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ ‘ဥပဒေတိုက်ပွဲ’ တရုတ်ဒရာမာဇာတ်လမ်းတွဲကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading