Saturday, April 27, 2024
HomeEntertainmentငယ်ငယ်ကနဲ့မတူတော့တဲ့ အခြေအနေတွေနဲ့ ပြန်လည်တွေ့ဆုံဖြစ်ကြမဲ့ ငယ်ချစ်ဦးနှစ်ယောက်ရဲ့ဇာတ်လမ်း 'ဖုံးကွယ်နေသော အလှတရား'

ငယ်ငယ်ကနဲ့မတူတော့တဲ့ အခြေအနေတွေနဲ့ ပြန်လည်တွေ့ဆုံဖြစ်ကြမဲ့ ငယ်ချစ်ဦးနှစ်ယောက်ရဲ့ဇာတ်လမ်း ‘ဖုံးကွယ်နေသော အလှတရား’

အချစ်ဟာသ ဒရာမာစီးရီး ‘ဖုံးကွယ်နေသော အလှတရား’ မလေးရှားဒရာမာဟာ 2015 ခုနှစ်က ထုတ်လွှင့်ပြသခဲ့တဲ့ နာမည်ကြီးအမည်တူ ကိုရီးယားဒရာမာကို အခြေခံရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီဒရာမာဇာတ်လမ်းတွဲကို ဒါရိုက်တာ Yusry Abd Halim က ရိုက်ကူးပုံဖော်ထားပြီး မင်းသား Aiman Hakim Ridza, Alvin Chean Wah Chong, မင်းသမီး Diana Danielle, Daniella Sya, Dayangku Zyana နဲ့ အခြားသရုပ်ဆောင်တွေက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

IMDb.com

ရုပ်ရည်ရော၊ ငွေကြေးပိုင်းဆိုင်ရာအခြေအနေတွေ ပြောင်းလဲသွားပြီးနောက်တွင် ငယ်ချစ်ဦးနှစ်ယောက်ဟာ ဖက်ရှင်မဂ္ဂဇင်းတစ်ခုရဲ့ ဝန်ထမ်းတွေအဖြစ် 15 နှစ်အကြာမှာ ပထမဆုံးအကြိမ် ပြန်လည်ဆုံစည်းဖို့ ဖြစ်လာခဲ့ပါတယ်။ Nadia နဲ့ Haniff တို့ဟာ ကျောင်းတက်နေစဉ်အတွင်း အိမ်နီးချင်းသူငယ်ချင်းတွေ ဖြစ်ခဲ့ကြတာပါ။  Haniff ဟာ လှပပြီးရေပန်းစားတဲ့ Nadia ရဲ့ သူငယ်ချင်းဖက်တီးလေး ဖြစ်ပါတယ်။ တစ်နေ့မှာတော့ Haniff ဟာ သူ့မိသားစုနဲ့အတူ နိုင်ငံခြားကိုလိုက်သွားဖို့ ဖြစ်လာတာကြောင့် သူတို့နှစ်ယောက် ဝေးကွာသွားခဲ့ရပါတယ်။

15 နှစ်ကြာပြီးနောက်မှာတော့ Naida ဟာ သူမရဲ့ဆံပင်ကောက်ကောက်တွေ၊ မျက်နှာပေါ်ကတင်းတိပ်တွေကြောင့် အရင်ကလို ဆွဲဆောင်မှုရှိမနေတော့ပါဘူး။ သူ့ပတ်ဝန်းကျင်ကလူတွေက သူမကိုလှောင်ပြောင်တတ်ကြပေမဲ့ ကံကောင်းစွာနဲ့ သူမဆီမှာ Jo ဆိုတဲ့ သူငယ်ချင်းကောင်းလေးတစ်ယောက် ရှိနေခဲ့ပါတယ်။ Jo ဟာ ကြင်နာတတ်ပြီး လူအများရဲ့ချစ်ခင်ခြင်းကို ခံရသူဖြစ်ကာ သူက သူ့သူငယ်ချင်းကို အမြဲတမ်းအားပေးကူညီတတ်သူတစ်ယောက်လည်း ဖြစ်ပါတယ်။ တစ်နေ့မှာတော့ မလေးရှားကိုပြန်လာတော့မဲ့ Haniff က Naida ကို မေးလ်ဖြင့်ဆက်သွယ်လာခဲ့တာကြောင့် သူမအရမ်းကို စိတ်လှုပ်ရှားသွားခဲ့ပေမဲ့ သူမရဲ့လက်ရှိပုံစံကြောင့် စိတ်ပူနေမိခဲ့ပါတယ်။

IMDb.com

အဲ‌ဒီနောက်မှာတော့ သူမက Jo ကို အကူအညီတောင်းခဲ့တာဖြစ်ပြီး Jo ကလည်း သူငယ်ချင်းရဲ့တောင်းဆိုမှုကို သဘောတူခဲ့ရပါတယ်။ Haniff ရဲ့စိတ်ထဲမှာတော့ Jo ကို Naida လို့ ထင်မှတ်နေခဲ့တာပါ။ တကယ်တမ်း Naida Rahman ဟာ The Most မဂ္ဂဇင်းဌာနရဲ့ ယာယီဝန်ထမ်းတစ်ယောက်ဖြစ်ကာ အမြဲတမ်းဒေါသထွက်နေတတ်သူလည်း ဖြစ်ပါတယ်။ ကံကောင်းထောက်မစွာနဲ့ Naida ရဲ့ လုပ်ဖော်ကိုင်ဖက် Ashraf ဟာ အမြဲတမ်းသူမရဲ့ ကယ်တင်ရှင်ဖြစ်ပြီး တစ်ဖက်မှာတော့  Jo က Haniff ကို ချစ်မိသွားခဲ့တာပါ။ Jo နဲ့ Naida တို့က Jo ဟာ Naida မဟုတ်ကြောင်း Haniff ရှင်းပြနိုင်ပါ့မလား၊ Haniff ကရော အရင်ကလိုမဟုတ်တော့တဲ့ သူ့ရဲ့လက်အောက်ငယ်သား Naida ကို ဆက်ပြီးသဘောကျနေနိုင်ပါဦးမလားဆိုတာကို ကြည့်ရှုရမှာပါ။ ‘ဖုံးကွယ်နေသော အလှတရား’ အချစ်ဒရာမာစီးရီးလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading