Saturday, May 4, 2024
HomeEntertainmentအမှန်တရားအတွက် ရင်ဆိုင်တိုက်ခိုက်သွားကြမဲ့ အမျိုးသမီးရှေ့နေနှစ်ဦးရဲ့ဇာတ်လမ်း 'ပန်းနှစ်ပွင့်စီးချင်း'

အမှန်တရားအတွက် ရင်ဆိုင်တိုက်ခိုက်သွားကြမဲ့ အမျိုးသမီးရှေ့နေနှစ်ဦးရဲ့ဇာတ်လမ်း ‘ပန်းနှစ်ပွင့်စီးချင်း’

2018 ခုနှစ်က ထွက်ရှိခဲ့တဲ့ မြန်မာရုပ်သံစီးရီး ‘ပန်းနှစ်ပွင့်စီးချင်း’ ကို ဒါရိုက်တာ မင်းခိုက်စိုးစံက ရိုက်ကူးပုံဖော်ထားပြီး ဇာတ်ညွှန်း ထက်မြတ်နိုင်ဇင်က ရေးသားထားတာဖြစ်ကာ အောင်ပြည့်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။

youtube.com

သရုပ်ဆောင်တွေအနေနဲ့ ပိုင်ဖြိုးသု၊ မေဘရဏီသော်၊ စိုးရန်အောင်၊ ထက်ကိုကိုလင်း၊ မာကို၊ ရန်ကျော်၊ ထူး၊ ထူးမွန်၊ သန်းသန်းစိုးတို့က ပါဝင်သရုပ်ဆောင်ထားပြီး ဧည့်သည်သရုပ်ဆောင်တွေအနေနဲ့ ဇွဲပြည့်၊ ခင်သဇင်နဲ့ သရုပ်ဆောင်များစွာက ပါဝင်ထားကြပါတယ်။

viu.com

ဒီဇာတ်လမ်းတွဲဟာ ဥပဒေဘက်တော်သား ရှေ့နေမလေးနှစ်ဦးရဲ့ သူတို့ရဲ့အမှုတွေအပေါ် အကောင်းဆုံးကိုင်တွယ်ဖြေရှင်းဖို့ ကြိုးစားကြပုံကို ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာမရှိဘဲ အမှန်တရားက ပေါ်ပေါက်လာစမြဲဆိုတာကို မြင်တွေ့ရမဲ့ ဇာတ်လမ်းတွဲကောင်း တစ်ခုပဲဖြစ်ပါတယ်။ ‘ပန်းနှစ်ပွင့်စီးချင်း’ မြန်မာရုပ်သံစီးရီးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading