Saturday, May 4, 2024
HomeEntertainmentရှေးရိုးအစဉ်အလာ စည်းမျဉ်းသတ်မှတ်ချက်တွေကြား ချွေးမနဲ့ ယောက္ခမတို့ရဲ့ ရှုပ်ထွေးမှုပြဿနာတွေကို ကြည့်ရှုရမဲ့ 'ဆူးများကြားက လိပ်ပြာငယ်'

ရှေးရိုးအစဉ်အလာ စည်းမျဉ်းသတ်မှတ်ချက်တွေကြား ချွေးမနဲ့ ယောက္ခမတို့ရဲ့ ရှုပ်ထွေးမှုပြဿနာတွေကို ကြည့်ရှုရမဲ့ ‘ဆူးများကြားက လိပ်ပြာငယ်’

‘ဆူးများကြားက လိပ်ပြာငယ်’ ထိုင်းအချစ်ဒရာမာ ဇာတ်လမ်းတွဲကို ဒါရိုက်တာ Oh Kritsada Techanilobon က ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင်တွေအနေနဲ့ မင်းသမီး Anyarin Terathananpat, Suwatjanee Chaimusik နဲ့ မင်းသား Sittha Sapanuchart တို့က အဓိကပါဝင်ထားကြပြီး အခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြပါတယ်။

IMDb.com

ဒီဇာတ်လမ်းတွဲဟာ ဟိုးနှစ်ပေါင်းများစွာကတည်းက ဖြစ်လေ့ဖြစ်ထရှိခဲ့တဲ့ ယောက္ခမနဲ့ ချွေးမကြားက လိုအပ်နေတဲ့ နားလည်မှုပြဿနာလေးတွေကို မြင်သာအောင် ပြသထားခဲ့တာ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက အသစ်စက်စက် ဇနီးမောင်နှံတွေအတွက် ရိုးရာသတ်မှတ်ချက်တွေကြားမှာ ပြဿနာလေးတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။

IMDb.com

ချွေးမနဲ့ ယောက္ခမကြားက ရှုပ်ထွေးမှုတွေကို တွေ့မြင်ရမှာဖြစ်ပြီး အိမ်ထောင်တစ်ခုမပြုခင်မှာ ထည့်သွင်းစဉ်းစားဖို့လိုအပ်တဲ့ မိသားစုပြဿနာတွေကို တွေ့မြင်ရမှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အထူးသဖြင့် ချွေးမတွေအပေါ် မျှော်လင့်ချက်မြင့်မားတတ်ကြတဲ့ တရုတ်ရိုးရာမိသားစုဝင်ဖြစ်လာခဲ့ရတဲ့ ဒီအမျိုးသမီးလေးဟာ ဘယ်လိုမျိုးဖိအားတွေ၊ ပြဿနာတွေနဲ့ ရင်ဆိုင်လာရလဲဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဒရာမာကောင်းလေးပဲ ဖြစ်ပါတယ်။ ‘ဆူးများကြားက လိပ်ပြာငယ်’ ဒရာမာဇာတ်လမ်းတွဲကို မြန်မာစာတန်းထိုးဖြင့် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading