Friday, May 3, 2024
HomeEntertainmentအတုနဲ့အစစ်တွေရောယှက်နေတဲ့ လောကကြီးထဲက အမှန်တရားအားရှာဖွေမှုကို ကြည့်ရှုရမဲ့ 'အတုအစစ်'

အတုနဲ့အစစ်တွေရောယှက်နေတဲ့ လောကကြီးထဲက အမှန်တရားအားရှာဖွေမှုကို ကြည့်ရှုရမဲ့ ‘အတုအစစ်’

‘အတုအစစ်’ ထိုင်းအချစ်ဟာသအက်ရှင် ဒရာမာဇာတ်လမ်းတွဲကို ဒါရိုက်တာ Kittikorn Liawsirikun က ရိုက်ကူးထားပြီး မင်းသား Sutthirak Subvijitra နဲ့ မင်းသမီး Hansa Jungviwattanawong တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြကာ Thanchanok Pakarat, Tanatorn Saenangkanikorn, Kidakarn Chatkaewmanee, Anchuleeon Buagaew, Koon Wattana Chumthong, Jirapat Uttamanan တို့က ပါဝင်အားဖြည့်ထားကြပါတယ်။

MyDramaList.com

ဇာတ်လမ်းပုံစံက မိဘမဲ့အိမ်မှ ချစ်စရာကောင်းပြီး ဉာဏ်ကောင်းတဲ့ကောင်မလေး Real နဲ့ပတ်သက်နေတဲ့ လူဆိုးဂိုဏ်းကို လိုက်ရှာဖွေရန်ကြိုးစားရင်း TAT ရဲ့ကိုယ်စားလှယ်အဖြစ် လူမှုကွန်ရက်တွင် ရေပန်းစားလာခဲ့တဲ့ ခရီးသွားရဲလူငယ် Gob ရဲ့အကြောင်းကို ပုံဖော်ထားတဲ့ အချစ်အက်ရှင်ဟာသ ဒရာမာလေးပဲ ဖြစ်ပါတယ်။ တစ်နေ့မှာ Real ဟာ ဒေါ်လာသန်းချီငွေသားအတုတွေပါဝင်တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ အိတ်တစ်လုံးကိုတွေ့ရှိခဲ့ရာက ဒီရောင်းဝယ်မှုတွင်ပါဝင်ရန် ဖြစ်လာခဲ့ပါတယ်။

MyDramaList.com

Gob တစ်ယောက် Real ကို အမှန်တကယ် အကူအညီပေးပါ့မလား ဒါမှမဟုတ် ဆိုရှယ်မီဒီယာပေါ်က ဘဝအတုကို လူအများအထင်ကြီးစေရန် ဆက်လက်လုပ်ဆောင်မှာလား။ ဘယ်သူက အစစ်အမှန်လဲ၊ ဘယ်သူကအတုအယောင်လဲ။ ဒီဇာတ်လမ်းလေးက အချစ် သို့မဟုတ် ဆုံးရှုံးမှု တစ်နည်းမဟုတ်တစ်နည်းနဲ့ အဆုံးသတ်သွားမှာပါ။ ‘အတုအစစ်’ ထိုင်းဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading