Friday, May 3, 2024
HomeEntertainmentဟန်ဆောင်လက်ထပ်ကြရင်း အချစ်စစ်ကို ခံစားမိသွားကြမဲ့ 'အယောင်ဆောင်ခင်ပွန်း'

ဟန်ဆောင်လက်ထပ်ကြရင်း အချစ်စစ်ကို ခံစားမိသွားကြမဲ့ ‘အယောင်ဆောင်ခင်ပွန်း’

‘အယောင်ဆောင်ခင်ပွန်း’ ထိုင်းဒရာမာဇာတ်လမ်းတွဲဟာ ဒါရိုက်တာ Chatichai Worapiankul နဲ့ Tik Wasinee Khunanitisarn တို့ကရိုက်ကူးထားတဲ့ အချစ်ဒရာမာစီးရီးတစ်ခု ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွင် မင်းသမီး Usamanee Vaithayanon နဲ့ မင်းသား Warit Sirisantana တို့က အဓိကပါဝင်ထားပြီး Rattapoom Toekongsap, Amena Gul, Napat Banchongchitpaisal, Sakaojai Poonsawatd, Tanthasatien Pol, Rumruangwong နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ထားကြတာ ဖြစ်ပါတယ်။

MyDramaList.com

‘အယောင်ဆောင်ခင်ပွန်း’ ဇာတ်လမ်းတွဲလေးက ဆရာဝန်တစ်ဦးဖြစ်သူ Sattawat ဟာ သူ့ရဲ့အကြွေးတွေကိုဆပ်ရန်အတွက် ဟန်ဆောင်လက်ထပ်ခြင်းကို ပြုလုပ်ခဲ့တာဖြစ်ပေမဲ့ သူ့ရဲ့ဟန်ဆောင်ဇနီး Anussaniya ကို အမှန်တကယ်ချစ်မိသွားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ Anussaniya အတွက်တော့ ဒီလက်ထပ်ခြင်းဟာ သူမနဲ့ သူမခင်ပွန်းရဲ့ ဦးလေးတို့ကြားက မဖြစ်နိုင်တဲ့ဆက်ဆံရေးကို ရပ်တန့်ချင်တာကြောင့် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

youtube.com

အစကတော့ ဒီအယောင်ဆောင်အိမ်ထောင်ရေးဟာ ဘာအဓိပ္ပာယ်မှမရှိဘဲ ရိုးရိုးရှင်းရှင်းသာ ဖြစ်ခဲ့ပေမဲ့လို့ Sattawat က Anussaniya ကို အမှန်တကယ် ချစ်မိသွားတဲ့အခါမှာတော့ ဒီခံစားချက်တွေကို ဖုံးကွယ်ထားဖို့ ခက်ခဲလာခဲ့ပါတယ်။ သူတို့ရဲ့အယောင်ဆောင်အိမ်ထောင်ရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ Anussaniya ကရော Sattawat ကို ပြန်ချစ်မိလာမှာလားဆိုတာကို ကြည့်ရှုရမဲ့ အချစ်ဇာတ်လမ်းတွဲကောင်းလေးတစ်ခု ဖြစ်ပါတယ်။ ‘အယောင်ဆောင်ခင်ပွန်း’ ဒရာမာဇာတ်လမ်းတွဲကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading