Monday, May 6, 2024
HomeUncategorizedသင့်ရဲ့ကလေးကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းသူအဖြစ် ဘယ်လိုပျိုးထောင်နိုင်မလဲ

သင့်ရဲ့ကလေးကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းသူအဖြစ် ဘယ်လိုပျိုးထောင်နိုင်မလဲ

မိဘဖြစ်ရခြင်းဟာ ရိုးရှင်းလွယ်ကူတဲ့အလုပ်မဟုတ်ဘဲ စိန်ခေါ်မှုများစွာကို မကြာခဏရင်ဆိုင်ရလေ့ရှိတာပါ။ မိဘဆိုတဲ့ခရီးလမ်းကိုလျှောက်လှမ်းရတဲ့အခါ လက်စွဲစာအုပ်မရှိတာကြောင့် ဇွဲလုံ့လနဲ့ ဗျူဟာမြောက်တွေးခေါ်မှုတွေက တကယ့်ကိုလိုအပ်တာပါ။ အထူးသဖြင့် ကိုယ့်ကလေးတွေရဲ့ အပြုအမူတွေ၊ အောင်မြင်မှုတွေအတွက် ကြိုးပမ်းအားထုတ်ရပြီး ထင်သလိုဖြစ်မလာတဲ့အခါ စိတ်ပင်ပန်းနွမ်းနယ်တာမျိုး ကြုံကြရပါတယ်။ ဒါပေမဲ့ သင့်ရဲ့ကလေးကို စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းသူတစ်ယောက်ဖြစ်လာစေဖို့ ဒီအချက်တွေကို သိထားသင့်တာပါ။

အားသာချက်နဲ့ အားနည်းချက်တွေကို နားလည်ပေးပါ
ကလေးတိုင်းဟာ ကွဲပြားခြားနားပြီး ထူးခြားတဲ့အရည်အချင်းတွေကို ပိုင်ဆိုင်ထားကြပါတယ်။ ကလေးတွေဆီမှာ သူတို့ရဲ့ကိုယ်ပိုင်အားသာချက်၊ အားနည်းချက်တွေရှိလို့နေတာကြောင့် တချို့အရာတွေမှာ ထူးချွန်နိုင်ပေမဲ့ တချို့သောအရာတွေမှာတော့ သူတို့အတွက် စိန်ခေါ်မှုတွေရှိလို့နေတာ ဖြစ်ပါတယ်။ ဒါကြောင့် မိဘတစ်ဦးအနေနဲ့ ကိုယ့်ကလေးရဲ့ အခြေအနေတွေအပေါ် ပြုမူတတ်တဲ့ အပြုအမူနဲ့ မွေးရာပါသဘာဝကို ခွဲခြားသိမြင်တတ်ဖို့ အရေးကြီးပါတယ်။ ကလေးတွေကို မလိုအပ်ဘဲထိန်းချုပ်မှုတွေအရမ်းလုပ်တာမျိုး ရှောင်သင့်ပြီး သူတို့ရဲ့အပြုအမူကိုထိန်းကျောင်းတတ်ဖို့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားမှု ဟန်ချက်ညီဖို့နဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကနေ ကာကွယ်ပေးသင့်ပါတယ်။

  • ကလေးတွေရဲ့ negative ဆန်တဲ့စိတ်တွေကို ဖော်ပြခွင့်ပြုလိုက်ပါ
    အရွယ်ရောက်ပြီးသူတွေနဲ့မတူဘဲ ကလေးတွေဟာ သူတို့ရဲ့စိတ်ခံစားချက်တွေကို ဖုံးကွယ်ခြင်း သို့ ဖိနှိပ်ခြင်းမျိုးမလုပ်ဆောင်နိုင်ကြတာကြောင့် သူတို့ရဲ့စကားလုံးတွေကို ဖော်ပြရန် ရုန်းကန်ရတတ်ပါတယ်။ သူတို့ရဲ့ခံစားချက်တွေကိုဖော်ပြဖို့ သင့်လျော်တဲ့စကားလုံးရှာဖွေရာမှာ မိဘတွေအနေနဲ့ သူတို့ကိုကူညီပေးဖို့ လိုအပ်တာပါ။ ဆိုလိုတာက သူတို့ဘာဖြစ်နေတယ်၊ ဘာဖြစ်ချင်တယ်ဆိုတာကို မေးမြန်းကြည့်ပြီး သူတို့နားလည်အောင် ပြောပြပေးဖို့ လိုအပ်ပါတယ်။
  • သင့်ရဲ့စိတ်ခံစားချက်တွေကို သတိထားပါ
  • ကလေးတွေဟာ မိဘတွေရဲ့ စိတ်နေသဘောထား၊ စိတ်ခံစားမှုနဲ့ အတွေးအမြင်တွေကို စုပ်ယူတတ်ကြပြီး မိဘတွေက သားသမီးတွေရဲ့ လက်ဦးဆရာလို့ဆိုနိုင်ပါတယ်။ ဒါကြောင့် တကယ်လို့ မိဘတွေအနေနဲ့ စိတ်ဖိစီးမှုနဲ့ကြုံနေရတယ်ဆိုရင်တောင် ကလေးတွေရဲ့ရှေ့မှာ မဖော်ပြဘဲ ကောင်းမွန်တဲ့အပြုအမူ၊ အပြောအဆိုမျိုးကိုသာ ရွေးချယ်ပြသသင့်ပါတယ်။
  • မျှော်လင့်ချက်တွေရှင်သန်အောင် လုပ်ဆောင်ပါ
    မိဘတွေအနေနဲ့ ကလေးတွေတစ်ခုခုကိုမလုပ်ဆောင်နိုင်တိုင်း ငါမင်းကိုစိတ်ပျက်မိတယ်ဆိုတဲ့ စကားလုံးမျိုးက ကလေးတွေကို ထိခိုက်စေနိုင်တာ ဖြစ်ပါတယ်။ ကလေးတွေရဲ့လုပ်ရပ်တွေနဲ့ပတ်သက်ပြီး စိတ်ခံစားမှုကို ထိခိုက်စေမဲ့ စကားလုံးတွေအစား ချစ်ခြင်းမေတ္တာနဲ့ ပံ့ပိုးကူညီမှုသာ ပေးသင့်ပါတယ်။

Aunty May

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading