Friday, May 3, 2024
HomeUncategorizedသင့်တစ်နေ့တာကို အမောပြေစေမဲ့ ရယ်စရာကောင်းလှတဲ့ ပရိဘောဂအသုံးအဆောင်တွေ

သင့်တစ်နေ့တာကို အမောပြေစေမဲ့ ရယ်စရာကောင်းလှတဲ့ ပရိဘောဂအသုံးအဆောင်တွေ

အင်တာနက်ဆိုတာ အကြောင်းအရာမျိုးစုံကို တွေ့မြင်ခွင့်ရနိုင်တဲ့ စွဲမက်ဖွယ်ကောင်းတဲ့ စွမ်းရည်တွေရှိတဲ့ အံ့ဖွယ်နေရာတစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့အားလုံးကို ရယ်မောအောင်ပြုလုပ်နိုင်တဲ့ စွမ်းရည်တွေလည်း ရှိလို့နေတာပါ။ အင်တာနက်အသုံးပြုသူတွေ ဝေမျှခဲ့ကြတဲ့ အသုံးအဆောင်ပရိဘောဂအချို့ရဲ့ ထူးခြားဆန်းပြားတဲ့ဒီဇိုင်းတွေက သင့်ကိုအချိန်ခဏလောက်တော့ ရယ်မောပျော်ရွှင်စေဖို့ အာမခံနိုင်ပါတယ်။ ဒီထူးဆန်းတဲ့ ပရိဘောဂစာရင်းတွင် စိတ်ကူးယဉ်ဆန်လွန်းတဲ့ ဆိုဖာတွေ၊ ဘယ်လိုပုံစံနဲ့ ထိုင်ရမှန်းမသိတဲ့ ထိုင်ခုံတွေနဲ့ တခြားသောအရာတွေများစွာ ပါဝင်နေတာဖြစ်ကာ ဒီပစ္စည်းတွေကို တကယ်ပဲဟာသဆန်ဆန် ဖန်တီးခဲ့ကြတာလားလို့ မေးခွန်းထုတ်ချင်စိတ်ဖြစ်စေမှာ သေချာပါတယ်။ ဒီမေးခွန်းကိုဖြေရမယ်ဆိုရင်တော့ ဒီထူးဆန်းတဲ့ပရိဘောဂဒီဇိုင်းတွေဟာ မတော်တဆဒီဇိုင်းထုတ်ထားတာမျိုးမဟုတ်ဘဲ တစ်စုံတစ်ယောက်ကြည့်မိတိုင်းမှာ ပြုံးရယ်မိစေဖို့ ရည်ရွယ်ချက်ရှိရှိနဲ့ ဟာသဉာဏ်ရွှင်တဲ့လူတွေက ဒီဇိုင်းထုတ်ခဲ့တာလို့ ထင်ပါတယ်။

ကမ္ဘာကြီးပေါ်မှာ ဒီလိုဟာသဉာဏ်ရွှင်တဲ့လူတွေ ရှိနေခြင်းကလည်း တခြားလူတွေရဲ့ဘဝကြီးကို ပိုပျော်ရွှင်စေဖို့ အခွင့်အရေးရှိစေတာပါ။ ဟာသဉာဏ်ရွှင်ခြင်းဟာ ကောင်းမွန်တဲ့အရာတစ်ခုဖြစ်ပြီး အဆိုးမြင်စိတ်တွေကိုဖယ်ထုတ်ပြီး အကောင်းမြင်စိတ်ဖြင့်ကြည့်ကာ ပေါ့ပါးစွာရယ်မောလိုက်ခြင်းက ဘဝအမောတွေကို ပြေပျောက်သွားစေနိုင်တာ ဖြစ်ပါတယ်။ ဒါဆိုရင် သင်ကိုယ်တိုင်ရော စိတ်ဖိစီးမှုတွေ၊ ပင်ပန်းမှုတွေကိုခဏမေ့ပြီး ပေါ့ပါးစွာရယ်မောလိုက်ဖို့ အဆင်သင့်ဖြစ်ပြီလား။

Aunty May

photos from reddit

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading