အချစ်များဖြင့် ဖျော်စပ်သော (Tea Love) တရုတ်ဇာတ်လမ်းတွဲဟာ အချစ်ဒရာမာဇာတ်လမ်းတွဲတစ်ခုဖြစ်ပြီး ဒါရိုက်တာ Yu Chung Chung နဲ့ Chen Chang တို့က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသား Peer Zhu, Dai Xiang Yu, မင်းသမီး Wang Di, Pan Zhi Lin နဲ့ တခြားသရုပ်ဆောင်တွေများစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။

ဇာတ်လမ်းပုံစံက အမျိုးသမီးငယ်လေး Du Xin Yu ဟာ လက်ဖက်ရည်အနုပညာကို နှစ်သက်ပေမယ့် သူမဖခင်ရဲ့ ကြေကွဲဖွယ်သေဆုံးမှုကြောင့် ကြီးပြင်းလာရချိန်မှာတော့ လက်ဖက်ရည်ကို ဘယ်တော့မှထိတွေ့ခွင့် မရခဲ့ပါဘူး။ ဒါပေမယ့် tea master Afei ရဲ့ရှိုးကိုကြည့်ပြီးနောက် Xin Yu ရဲ့ လက်ဖက်ရည်အနုပညာကို နှစ်သက်မှုပြန်လည်ရရှိလာခဲ့ပါတယ်။
အဲဒီနောက်မှာတော့ Xin Yu ဟာ Afei ရဲ့တပည့်ဖြစ်လာဖို့ အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရန်အတွက် Zhuo Qing Garden ထဲသို့ ခိုးဝင်ခဲ့ပါတယ်။ Xin Yu ဟာ သူမရဲ့အရည်အချင်းကို သက်သေပြဖို့ ကြိုးကြိုးစားစားလုပ်ဆောင်ရင်း tea garden ဥက္ကဋ္ဌရဲ့ အကြီးဆုံးသားဖြစ်သူ Tang Zeng Hao နဲ့ ချစ်မိသွားခဲ့ကြပါတယ်။

Zheng Hao ရဲ့ ဖအေတူမအေကွဲညီဖြစ်သူ Cheng Feng ဟာလည်း Xin Yu အပေါ် ချစ်မိနေတာကြောင့် ညီအစ်ကိုတွေရဲ့ တင်းမာတဲ့ဆက်ဆံရေးဟာ ပိုပြီးဆိုးရွားလာခဲ့ပါတယ်။ Di Yi Rou ကတော့ Zeng Hao ကို တစ်ဖက်သတ်ချစ်နေရသူဖြစ်ပြီး သူမရဲ့အချစ်ကို Xin Yu လုယူသွားတဲ့အခါမှာတော့ သူမက Xin Yu ကျရှုံးရန်ဘာမဆို ပြုလုပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
အတားအဆီးအခက်အခဲတွေကြားတွင် Xin Yu ဟာ တရုတ်နိုင်ငံရဲ့ပထမဆုံးသော အမျိုးသမီး လက်ဖက်ရည်အကဲဖြတ်သုံးသပ်သူ ဖြစ်လာခဲ့ပေမယ့် သူမရဲ့အနံ့ခံအာရုံကို ဆုံးရှုံးသွားခဲ့ပါတယ်။ နောက်ပြီး ထင်မှတ်မထားတဲ့ မိသားစုပြဿနာတစ်ခု ပေါ်ပေါက်လာခဲ့ကာ ဒီပြဿနာက Xin Yu နဲ့ Zheng Hao တို့ကို မပေါင်းဖက်နိုင်တော့အောင် တားဆီးနေခဲ့တာပါ။ Xin Yu ရဲ့အသက်မွေးဝမ်းကြောင်းနဲ့ သူမရဲ့အချစ်ရေးအခြေအနေတွေက ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမယ့် အချစ်ဇာတ်လမ်းကောင်းလေး တစ်ပုဒ်ဖြစ်ပါတယ်။
အချစ်များဖြင့် ဖျော်စပ်သော (Tea Love) အချစ်ဒရာမာ တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် မြန်မာစာတန်းထိုးဖြင့် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။