Monday, May 29, 2023
HomeEntertainmentသုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို မရိုးအောင်ရိုက်ထားတဲ့ ‘ချည်’

သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းကို မရိုးအောင်ရိုက်ထားတဲ့ ‘ချည်’

2019 ခုနှစ်ကထွက်ရှိခဲ့တဲ့ ချည် မြန်မာဇာတ်ကားကို ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် ရိုက်ကူးပုံဖော်ထားပြီး သရုပ်ဆောင် နေတိုး၊ သက်မွန်မြင့်၊ ရွှေသမီးတို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကြီးတွင် ဇာတ်ကောင် ခွန်းဒအဖြစ် နေတိုး၊ မူရာအဖြစ် သက်မွန်မြင့်နဲ့ ငုအဖြစ် ရွှေသမီးတို့က ပါဝင်ထားတာဖြစ်ကာ သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းမျိုး ဖြစ်ပါတယ်။

တာyoutube.com

အချစ်ကြီးပြီး ကိုယ့်ချစ်သူစိတ်ချမ်းသာဖို့အတွက် အရာရာကိုပေးဆပ်ချင်တဲ့ အမျိုးသမီးတစ်ယောက်ရဲ့ ချစ်ခြင်း၊ စိတ်ခံစားမှုနောက်လိုက်မိပြီး ရွေးချယ်ရခက်တဲ့ လမ်းကိုမှရွေးလျှောက်မိတဲ့ အမျိုးသားတစ်ယောက်နဲ့ ငယ်ရွယ်ပြီး မရင့်ကျက်သေးတဲ့ အချစ်ကိုပဲကိုးကွယ်မိတဲ့ မိန်းကလေးတစ်ယောက်တို့ရဲ့ ဇာတ်လမ်းကို ရင်နင့်ဖွယ် ကြည့်ရှုရမယ့် ဇာတ်လမ်းကောင်းတစ်ခုပဲ ဖြစ်ပါတယ်။

youtube.com

အမျိုးသမီးနှစ်ယောက်ရဲ့ မတူညီတဲ့ချစ်ခြင်းတွေအလယ်မှာ ရပ်နေမိတဲ့ အမျိုးသားတစ်ယောက်ရဲ့ ရွေးချယ်မှုက ဘယ်လိုမျိုးဖြစ်လာနိုင်လဲ။ သူတို့ထဲကရော ဘယ်သူက ချစ်ခြင်းမှာ အောင်နိုင်ပြီး ဘယ်သူကရော ကျရှုံးနာကျင်ရမလဲ။ ကြည့်ကိုကြည့်သင့်တဲ့ အချစ်အိမ်ထောင်ရေး ဇာတ်ကားကောင်းလေးဖြစ်လို့ မကြည့်ရသေးရင် အခုပဲကြည့်လိုက်တော့နော်။

‘ချည်’ ရုပ်ရှင်ဇာတ်ကားကြီးကို https://www.viu.com/ott/mm/mya/all/ တွင် ကြည့်ရှုနိုင်ပါပြီ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: