Friday, September 22, 2023
HomeEntertainmentစရိုက်များစွာပိုင်ဆိုင်ထားတဲ့သူဌေးလေးနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတို့ရဲ့ချစ်ဖူးစာ "A Seven-Faced Man"

စရိုက်များစွာပိုင်ဆိုင်ထားတဲ့သူဌေးလေးနဲ့ စိတ်ရောဂါကုဆရာဝန်မလေးတို့ရဲ့ချစ်ဖူးစာ “A Seven-Faced Man”

မျက်နှာများနောက်ကွယ် (A Seven-Faced Man) ဇာတ်လမ်းတွဲဟာ မင်းသား Zhang Yishan နဲ့ မင်းသမီး Cai Wenjing တို့ အဓိကပါဝင်သရုပ်ဆောင်ထားကြတဲ့ 2017 ခုနှစ်ထွက် ရုပ်သံစီးရီးတစ်ခုဖြစ်ပါတယ်။ ဒီဇာတ်လမ်းတွဲဟာ ဇာတ်ညွှန်းဆရာမ Jin Soo-wan ရေးသားထားတဲ့ 2015 ခုနှစ် တောင်ကိုးရီးယားရုပ်သံစီးရီး ‘Kill Me, Heal Me’ ဇာတ်လမ်းတွဲကို ပြန်လည်ရိုက်ကူးပုံဖော်ထားတာပါ။

pinterest.com

ဇာတ်လမ်းပုံစံက Shen Yizhen ဟာ Shenhua Group ရဲ့ တတိယမျိုးဆက် ဆက်ခံသူတစ်ယောက်ဖြစ်ပြီး သူဟာ မတူညီတဲ့စရိုက်များစွာကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်ပါတယ်။ သူဟာ စိတ်ရောဂါကု ဆရာဝန်မလေး Bai Xinxin နဲ့ တွေ့တဲ့အခါမှာတော့ သူမကိုချစ်မိသွားခဲ့ပါတယ်။

မျက်နှာများနောက်ကွယ် ဇာတ်လမ်းတွဲတွင် မင်းသား Zhang Yishan ကို အသက် 28 နှစ်အရွယ် အမေရိကန်တက္ကသိုလ်တစ်ခုမှ ဘွဲ့ရတစ်ဦးဖြစ်ပြီး Shenhua Group ရဲ့ တတိယမျိုးဆက် ဆက်ခံသူ ဇာတ်ကောင် Shen Yizhen အဖြစ်မြင်တွေ့ရမှာဖြစ်ပါတယ်။ သူဟာ စိတ်သဘောထားကောင်းမွန်ပြီး နူးညံ့သိမ်မွေ့သူဖြစ်ပေမယ့် သူ့ရဲ့လျှို့ဝှက်တဲ့အတိတ်မှ တချို့သောစိတ်ထိခိုက်စရာ အဖြစ်အပျက်တွေက သူ့ရဲ့နေ့စဉ်ဘဝတွင် သက်ရောက်မှုတွေ ရှိနေဆဲဖြစ်ပါတယ်။

youtube.com

မင်းသမီး Cai Wenjing ကတော့ ဇာတ်ကောင် Bai Xinxin အဖြစ်ပါဝင်ထားကာ ထူးခြားပြီး အကောင်းမြင်စိတ်ရှိတဲ့ ရှန်ဟိုင်းရှိ ဆေးရုံတစ်ခုမှ အလုပ်သင်တစ်ဦးဖြစ်ပါတယ်။ သူမရဲ့အပြင်ပန်းပုံစံအရ သူမဟာ လွတ်လပ်ပြီးဘဝကို ပေါ့ပါးစွာဖြတ်သန်းတတ်တယ်လို့ထင်ရပေမယ့်လို့ သူမဆီမှာ နက်နဲတဲ့လျှို့ဝှက်ချက်တွေကို ဖုံးကွယ်ထားခဲ့တာ ဖြစ်ပါတယ်။

မျက်နှာများနောက်ကွယ် (A Seven-Faced Man) အချစ်ဒရာမာ တရုတ်ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya/all/ တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

%d bloggers like this: