Friday, May 3, 2024
HomeEntertainmentAutism ဝေဒနာရှင်ဆရာဝန်တစ်ဦးမှ ဆေးပညာအသိုင်းအဝိုင်းရဲ့ ခွဲခြားဆက်ဆံမှုတွေကို ကျော်လွှားဖြတ်သန်းမဲ့ ဇာတ်လမ်းလေး 'စိတ်ထားမွန်မြတ်သော ဆရာဝန်'

Autism ဝေဒနာရှင်ဆရာဝန်တစ်ဦးမှ ဆေးပညာအသိုင်းအဝိုင်းရဲ့ ခွဲခြားဆက်ဆံမှုတွေကို ကျော်လွှားဖြတ်သန်းမဲ့ ဇာတ်လမ်းလေး ‘စိတ်ထားမွန်မြတ်သော ဆရာဝန်’

‘စိတ်ထားမွန်မြတ်သော ဆရာဝန်’ ဆေးဘက်ဆိုင်ရာ ဒရာမာဇာတ်လမ်းတွဲကို Park Jae Bum က ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ Kim Jin Woo နဲ့ Ki Min Soo တို့က ရိုက်ကူးပုံဖော်ထားကာ Joo Won, Moon Chae Won, Joo Sang Wook, Kim Min Seo, Ha Kyu Won, Kim Hyun Soo နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

AsianWiki.com

Park Shi Oh ဟာ Autism ရောဂါကို ခံစားနေရသူဖြစ်ပေမဲ့ သူဟာ ဆေးကျောင်းမှ ထူးချွန်စွာဘွဲ့ရခဲ့သူတစ်ယောက် ဖြစ်ပါတယ်။ သူဟာ ဆေးဘက်ဆိုင်ရာတွင် ထူးချွန်ပြောင်မြောက်ပေမဲ့ အထက်လူကြီးနဲ့ လူနာတွေအပေါ် ပေါင်းသင်းဆက်ဆံမှုအားနည်းတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။ ဘဝကို လိုက်လျောညီထွေဖြစ်အောင် ရုန်းကန်နေချိန်တွင် သူ့ရဲ့လုပ်ဖော်ကိုင်ဖက်ဆရာဝန်အချို့က ဒီခက်ခဲတဲ့အချိန်တွေမှာ အားပေးကူညီရင်း မိတ်ဆွေတွေဖြစ်လာခဲ့ကြပါတယ်။

pinterest.com

သူ့ရဲ့စွန့်လွှတ်အနစ်နာခံစိတ်နဲ့ ထူးချွန်ပြောင်မြောက်တဲ့ အရည်အချင်းတွေက ကလေးအထူးကုဆရာဝန်ကြီး ဖြစ်နိုင်ပေမဲ့ လူတွေရဲ့ တစ်ဖက်သတ်အမြင်စောင်းမှုနဲ့ ခွဲခြားဆက်ဆံမှုတွေကို သူကျော်လွှားနိုင်ပါ့မလား။ ဒါမှမဟုတ် စိတ်ပျက်အားငယ်မှုတွေနဲ့ အားလုံးကိုစွန့်လွှတ်ပြီး ဒီနေရာကို လက်လျှော့လိုက်မလားဆိုတာကို ကြည့်ရှုရမဲ့ ဆေးဘက်ဆိုင်ရာ ဒရာမာဇာတ်လမ်းတွဲကောင်းတစ်ခုပဲ ဖြစ်ပါတယ်။ ‘စိတ်ထားမွန်မြတ်သော ဆရာဝန်’ ဒရာမာစီးရီးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading