Thursday, May 2, 2024
HomeEntertainment၁၇ နှစ်အရွယ်တွင် ပိတ်မိနေခဲ့တဲ့ အသက် ၃၀ ကျော်အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်လမ်း 'ထာ၀ရဆယ်ကျော်သက်'

၁၇ နှစ်အရွယ်တွင် ပိတ်မိနေခဲ့တဲ့ အသက် ၃၀ ကျော်အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်လမ်း ‘ထာ၀ရဆယ်ကျော်သက်’

ဒီဒရာမာစီးရီးလေးဟာ ၁၇ နှစ်တွင် သူတို့ရဲ့ဘဝတွေ ခေတ္တရပ်တန့်သွားခဲ့တဲ့ အမျိုးသားနဲ့ အမျိုးသမီးတို့ရဲ့ ဇာတ်လမ်းလေးကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ သူတို့ဟာ တစ်ချိန်က အပိတ်ခံထားခဲ့ရတဲ့ ပျော်ရွှင်မှုတံခါးကိုဖွင့်ရန်အတွက် အစွမ်းကုန်ကြိုးစားကြပုံကို တွေ့မြင်ရမှာပါ။

Reddit.com

ဂျာမနီတွင် ပညာသင်သွားခါနီး အသက် ၁၇ နှစ်အရွယ် တယောပညာရှင် Woo Seo Ri ဟာ ဘက်စ်ကားမတော်တဆမှုတစ်ခုတွင် နှစ်ပေါင်းများစွာ သတိလစ်မေ့မြောသွားခဲ့ပြီးနောက် ၁၃ နှစ်အကြာတွင် ပြန်လည်နိုးထလာခဲ့ပါတယ်။ စိတ်ပိုင်းဆိုင်ရာအရ သူမဟာ အသက် ၁၇ နှစ်သာရှိသေးပေမဲ့ ရုပ်ပိုင်းဆိုင်ရာအရ အခုဆိုသူမဟာ အသက် ၃၀ ရှိနေခဲ့ပါပြီ။ တစ်ဖက်မှာတော့ လွန်ခဲ့တဲ့ ၁၃ နှစ်ခန့်က သူခံစားခဲ့ရတဲ့စိတ်ဒဏ်ရာတွေကြောင့် Gong Woo Jin ဟာ တခြားသူတွေနဲ့ ဆက်ဆံရေးကို မလိုချင်နေခဲ့သူဖြစ်ပါတယ်။

allkpop.com

‘ထာ၀ရဆယ်ကျော်သက်’ ဒရာမာဇာတ်လမ်းတွဲတွင် မင်းသမီး Shin Hye Sun, Ye Ji Won နဲ့ မင်းသား Yang Se Jang, Ahn Hyo Seop တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြပြီး Wang Ji Won, Yoon Sun Woo နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်ပံ့ပိုးပေးထားကြတာ ဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ် အချစ်ဟာသဇာတ်လမ်းတွဲ ‘ထာ၀ရဆယ်ကျော်သက်’ ကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading