Thursday, May 2, 2024
HomeEntertainmentအချိန်ကာလတွေကိုဖြတ်ကျော်ကာ ဆုံးပါးသွားတဲ့ခင်ပွန်းနဲ့ ပြန်လည်ဆုံတွေ့ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ဇာတ်လမ်းကို ကြည့်ရှုရမဲ့ 'စာချုပ်သတို့သမီး'

အချိန်ကာလတွေကိုဖြတ်ကျော်ကာ ဆုံးပါးသွားတဲ့ခင်ပွန်းနဲ့ ပြန်လည်ဆုံတွေ့ခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ဇာတ်လမ်းကို ကြည့်ရှုရမဲ့ ‘စာချုပ်သတို့သမီး’

19 ရာစု Park Yeon Woo မင်္ဂလာဆောင်တဲ့ညတွင်ပဲ သူမရဲ့ခင်ပွန်းဖြစ်သူဟာ နာတာရှည်နှလုံးရောဂါကို ခံစားနေရကြောင်း ထုတ်ဖော်ပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ ဒါပေမဲ့ သူမဟာ ခင်ပွန်းဖြစ်သူအတွက် ဝမ်းနည်းငိုကြွေးခွင့်တောင်မရခဲ့ဘဲ အမျိုးသားတစ်ဦးမှ သူမကိုပြန်ပေးဆွဲကာ ရေတွင်းထဲသို့ပစ်ချခြင်းကို ခံခဲ့ရတာပါ။ အဲဒီနောက်မှာတော့ သူမဟာ အချိန်၊ နေရာနဲ့ သေဆုံးခြင်းတို့ကိုဖြတ်ကျော်ပြီး ယနေ့ခေတ် ဆိုးလ်မြို့၊ တောင်ကိုရီးယားတွင် ရောက်ရှိနေခဲ့ကာ သူမကိုရေကူးကန်အတွင်းမှ ကယ်တင်ခဲ့သူဟာ 19 ရာစုမှာ သေဆုံးသွားခဲ့ပြီဖြစ်တဲ့ သူမရဲ့ခင်ပွန်းဖြစ်သူ Kang Tae Ha ဖြစ်နေခဲ့ပါတယ်။

allkpop.com

Kang Tae Ha ဟာ SH Seoul Corporation ရဲ့ ဆက်ခံသူဖြစ်ပါတယ်။ သူဟာ နှလုံးရောဂါနဲ့ ငယ်စဉ်ကကြုံတွေ့ခဲ့ရတဲ့ စိတ်ဒဏ်ရာတွေကြောင့် သူ့ရဲ့စိတ်ကို တခြားသူတွေကို ဖွင့်ပြရတာမျိုးကို မကြိုက်ပါဘူး။ သူဟာ စိတ်ခံစားမှုထက် လက်တွေ့ဆန်မှုကိုသာဦးစားပေးသူဖြစ်ပြီး အချစ်ရေးကိုစိတ်ဝင်စားခြင်းမရှိပေမဲ့ မသေဆုံးခင်မှာ သူ့ရဲ့မင်္ဂလာဆောင်ကိုမြင်သွားချင်တယ်လို့ အဖိုးဖြစ်သူကဆိုထားပါတယ်။ သူ့အဖိုးရဲ့ဆန္ဒကိုအကောင်အထည်ဖော်ဖို့ Kang Tae Ha ဟာ Park Yeon Woo ကို သူနဲ့လက်ထပ်စာချုပ်ချုပ်ဆိုဖို့ တောင်းဆိုခဲ့ပါတယ်။ ဆန်းကြယ်လွန်းတဲ့ကံကြမ္မာဖြင့် ဆုံတွေ့ခဲ့ကြတဲ့ သူတို့နှစ်ဦးကြား ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။

Soompi.com

‘စာချုပ်သတို့သမီး’ လျှို့ဝှက်ဆန်းကြယ် စိတ်ကူးယဉ်အချစ်ဒရာမာဇာတ်လမ်းတွဲကို ဒါရိုက်တာ Park Sang Hoon က ရိုက်ကူးပုံဖော်ထားပြီး မင်းသမီး Lee Se Young နဲ့ မင်းသား Bae In Hyuk တို့က အဓိကပါဝင်ထားကာ Yoo Sun Ho, Oh Yu Jin, Jin Kyung, Joo Hyun Young နဲ့ အခြားသရုပ်ဆောင်များစွာက ပါဝင်ထားကြတာ ဖြစ်ပါတယ်။ လက်ရှိထုတ်လွှင့်ပြသနေဆဲဖြစ်တဲ့ အသစ်စက်စက်ကိုရီးယားဇာတ်လမ်းတွဲ ‘စာချုပ်သတို့သမီး’ကို ကိုရီးယားနဲ့အပြိုင် https://www.viu.com/ott/mm/mya တွင် ကြည့်ရှုခံစားနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading