Thursday, May 2, 2024
HomeEntertainmentအချစ်ဇာတ်လမ်းတစ်ပုဒ်က ပျော်ရွှင်စွာအဆုံးသတ်မလား၊ ဝမ်းနည်းဖွယ်ဇာတ်သိမ်းဖြစ်မလားဆိုတာကို ကြည့်ရှုရမဲ့ 'တစ်ခန်းရပ် ချစ်ဇာတ်လမ်း'

အချစ်ဇာတ်လမ်းတစ်ပုဒ်က ပျော်ရွှင်စွာအဆုံးသတ်မလား၊ ဝမ်းနည်းဖွယ်ဇာတ်သိမ်းဖြစ်မလားဆိုတာကို ကြည့်ရှုရမဲ့ ‘တစ်ခန်းရပ် ချစ်ဇာတ်လမ်း’

အချစ်နဲ့လမ်းခွဲခြင်းဟာ တကယ်တမ်းတော့ အိပ်မက်လိုဇာတ်လမ်းတစ်ပုဒ်ပါ။ Ha Young Eun ဟာ ဖက်ရှင်ကုမ္ပဏီတစ်ခုရဲ့ ဒီဇိုင်းအဖွဲ့ခေါင်းဆောင် ဖြစ်ပါတယ်။ သူမဟာ စိတ်အေးပြီး လက်တွေ့ဆန်သူတစ်ယောက်ဖြစ်ကာ တည်ငြိမ်မှုကို ပထမဦးစားပေးသူဖြစ်ပါတယ်။ သူမဟာ ထက်မြက်တယ်၊ လှပတယ်၊ ကိုယ့်ကိုယ်ကိုယ် စည်းကမ်းတကျနေထိုင်တတ်ပြီး ခေတ်ရေစီးကြောင်းကို နားလည်သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

IMDb.com

Yoon Jae Guk ကတော့ နာမည်ကြီးအလွတ်တန်း ဖက်ရှင်ဓာတ်ပုံဆရာတစ်ယောက်ဖြစ်ပြီး သူ့ဆီမှာ ဉာဏ်ပညာ၊ ချမ်းသာကြွယ်ဝမှု၊ ချောမောတဲ့ရုပ်ရည်သွင်ပြင်စတဲ့ အရာအားလုံးကို ပြီးပြည့်စုံစွာ ပိုင်ဆိုင်ထားသူတစ်ယောက် ဖြစ်ပါတယ်။ ဒီလိုပြီးပြည့်စုံလွန်းတဲ့ သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုအချစ်ဇာတ်လမ်းမျိုးလေး ပေါ်ပေါက်လာမလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ သူတို့ရဲ့ဇာတ်လမ်းက ကြေကွဲဝမ်းနည်းမှုတွေနဲ့ အဆုံးသတ်မဲ့ဇာတ်လမ်းလား ဒါမှမဟုတ် သူတို့ရဲ့ကိုယ်ပိုင်ဗားရှင်းကိုရှာဖွေပြီး ပျော်ရွှင်သွားနိုင်မှာလား။

Soompi.com

‘တစ်ခန်းရပ် ချစ်ဇာတ်လမ်း’ အချစ်မယ်လိုဒရာမာ ဇာတ်လမ်းတွဲလေးမှာတော့ မင်းသမီးချော Song Hye Kyo နဲ့ မင်းသား Jang Ki Yong တို့က အဓိကပါဝင်ထားကာ Choi Hee Seo, Kim Joo Heon, Park Hyo Joo, Yoon Na Moo တို့က ပါဝင်သရုပ်ဆောင်ထားကြပြီး ဒါရိုက်တာ Lee Gil Bok က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ‘တစ်ခန်းရပ် ချစ်ဇာတ်လမ်း’ ဒရာမာဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading