Saturday, May 4, 2024
HomeEntertainmentအကျင့်စရိုက်တွေမတူကြပေမဲ့ ကွင်းဆက်လူသတ်သမားကို အတူပူးပေါင်းဖမ်းဆီးသွားကြမဲ့ 'အမှန်တရားအတွက် သူရဲကောင်းများ'

အကျင့်စရိုက်တွေမတူကြပေမဲ့ ကွင်းဆက်လူသတ်သမားကို အတူပူးပေါင်းဖမ်းဆီးသွားကြမဲ့ ‘အမှန်တရားအတွက် သူရဲကောင်းများ’

‘အမှန်တရားအတွက် သူရဲကောင်းများ’ ကိုရီးယားဇာတ်လမ်းတွဲဟာ လျှို့ဝှက်ဆန်းကြယ်၊ သည်းထိတ်ရင်ဖို၊ ဥပဒေ၊ ဆေးဘက်ဆိုင်ရာ ဒရာမာအမျိုးအစားဖြစ်ပြီး ဇာတ်ညွှန်း Min Ji Eun နဲ့ Won Young Shil တို့က ရေးသားထားကာ ဒါရိုက်တာ Noh Do Cheol က ရိုက်ကူးပုံဖော်ထားတာ ဖြစ်ပါတယ်။ ဇာတ်လမ်းတွဲတွင် သရုပ်ဆောင်တွေအနေနဲ့ မင်းသား Jung Jae Young, Oh Man Suk, Noh Min Woo နဲ့ မင်းသမီး Jung Yoo Mi တို့က အဓိကပါဝင်ထားကြပြီး Lee Yi Kyung, Park Eun Seok နဲ့ တခြားသရုပ်ဆောင်များစွာက ပါဝင်အားဖြည့်ပေးထားပါတယ်။

IMDb.com

Baek Beom ဟာ မှုခင်းဆရာဝန်အဖြစ် ဆယ်နှစ်ကြာလုပ်ကိုင်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ အလုပ်တွင် အရမ်းကိုထူးချွန်ပေမဲ့ တခြားသူတွေရဲ့ထင်မြင်ချက်တွေကိုတော့ လက်ခံတတ်သူတစ်ယောက် မဟုတ်ခဲ့ပါဘူး။ Eun Sol ဟာ တက်ကြွတဲ့ ကိုယ်ရည်ကိုယ်သွေးရှိသူတစ်ယောက်ဖြစ်ပြီး အမှုစစ်ပေါက်စဖြစ်ကာ ချမ်းသာတဲ့မိသားစုမှ ဆင်းသက်လာသူတစ်ယောက်ပါ။

viu.com

တခြားသူတွေနဲ့ အဆင်မပြေတဲ့ဆက်ဆံရေးကို ပိုင်ဆိုင်ထားတဲ့ မှုခင်းဆေးပညာရှင်နဲ့ စိတ်နှလုံးနွေးထွေးတဲ့ အမှုစစ်မလေးတို့ဟာ ကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်ရေးအတွက် အလုပ်အတူတူလုပ်ဆောင်မဲ့ အဖွဲ့ဖြစ်လာခဲ့ပါတယ်။ အကျင့်စရိုက်တွေမတူညီကြတဲ့ သူတို့တွေက တကယ်ပဲအတိုင်အဖောက်ညီစွာနဲ့ ဒီကွင်းဆက်လူသတ်သမားကို ဖမ်းဆီးနိုင်ပါ့မလား။ ‘အမှန်တရားအတွက် သူရဲကောင်းများ’ ဒရာမာဇာတ်လမ်းတွဲကောင်းကို https://www.viu.com/ott/mm/mya တွင် မြန်မာစာတန်းထိုးဖြင့် အခုပဲကြည့်ရှုလိုက်ပါ။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading