Friday, May 3, 2024
HomeEntertainmentမလွှဲရှောင်သာတဲ့ အခြေအနေတစ်ခုကြောင့် ဟန်ဆောင်လက်ထပ်ခဲ့ရသူနှစ်ဦးကြားက ဇာတ်လမ်းလေး 'တစ်မိုးအောက်က ကြင်နာသူ'

မလွှဲရှောင်သာတဲ့ အခြေအနေတစ်ခုကြောင့် ဟန်ဆောင်လက်ထပ်ခဲ့ရသူနှစ်ဦးကြားက ဇာတ်လမ်းလေး ‘တစ်မိုးအောက်က ကြင်နာသူ’

‘တစ်မိုးအောက်က ကြင်နာသူ’ အချစ်ဟာသဒရာမာ ဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Qin Fei က ရေးသားထားပြီး ဒါရိုက်တာ Chan Ka Lam နဲ့ Wang Zhu Ming တို့က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲတွင် မင်းသား Zhang Yu Jian, Gao Han Yu, Wu Chong Xuan, မင်းသမီး Xu Xiao Nuo, Li Zi Zhen, Lu Yan Qi တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။

viki.com

ဇာတ်လမ်းပုံစံက နာမည်ကြီးအိုင်ဒေါလ်နဲ့ လက်သည်းအလှပြင်ပေးသူတို့ရဲ့ ဟန်ဆောင်လက်ထပ်ခြင်းကနေ စတင်လာတဲ့ အချစ်ဇာတ်လမ်းလေးတစ်ပုဒ် ဖြစ်ပါတယ်။ မတူညီတဲ့လူနှစ်ဦးက ကင်မရာရိုက်ချက်တစ်ခုကြောင့် မတူညီတဲ့ဘဝလမ်းကြောင်းတွေကို ဖြတ်ကျော်ကာ ဒီလူနှစ်ဦးရဲ့နီးစပ်မှုကို ဖြစ်ပေါ်စေခဲ့ပါတယ်။ နောက်ဆက်တွဲပြဿနာကို ကိုင်တွယ်ဖြေရှင်းရန်အတွက် နာမည်ကြီးအိုင်ဒေါလ် Yi Han ဟာ သူမရဲ့ကိုယ်ပိုင်အိမ်လေးကို ပိုင်ဆိုင်နိုင်ဖို့ အမြဲတမ်းစိတ်ကူးအိပ်မက်တွေရှိနေခဲ့တဲ့ လက်သည်းအလှပြင်ကောင်မလေး Pei You You နဲ့ လက်ထပ်စာချုပ်ချုပ်ဆိုဖို့ ဖြစ်လာခဲ့ပါတယ်။

WeTV.com

တစ်ယောက်နဲ့တစ်ယောက် မလွှဲမရှောင်သာတဲ့အခြေအနေတစ်ခုကြောင့် ဟန်ဆောင်စုံတွဲတွေဖြစ်လာခဲ့ရာက နောက်ဆုံးမှာတော့ သူတို့နှစ်ယောက်ကြားမှာ ခံစားချက်တွေဖြစ်ပေါ်လာခဲ့ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ သူတို့နှစ်ယောက်ကြား သဘောတူညီချက်စာချုပ်ရှိနေခဲ့ကြောင်း ပေါက်ကြားသွားခဲ့ပြီး သူတို့ရဲ့ပူးပေါင်းကြံစည်မှုဟာ ပေါ်ထွက်သွားခဲ့ပါတယ်။ Yi Han တစ်ယောက် သူ့နှလုံးသားထဲကချစ်ခြင်းတွေ စစ်မှန်ကြောင်း သက်သေပြနိုင်ပါ့မလား။ ‘တစ်မိုးအောက်က ကြင်နာသူ’ အချစ်ဒရာမာစီးရီးလေးကို https://www.viu.com/ott/mm/mya တွင် ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading