Friday, May 3, 2024
HomeEntertainmentပြိုကွဲတော့မဲ့ မိသားစုရဲ့အခြေအနေကို ပြန်လည်ထိန်းမတ်ဖို့ အတူကြိုးစားသွားမဲ့ ဇာတ်လမ်းလေး 'အချစ်တစ်ခုရဲ့နိဂုံး'

ပြိုကွဲတော့မဲ့ မိသားစုရဲ့အခြေအနေကို ပြန်လည်ထိန်းမတ်ဖို့ အတူကြိုးစားသွားမဲ့ ဇာတ်လမ်းလေး ‘အချစ်တစ်ခုရဲ့နိဂုံး’

သူတို့ရဲ့အိမ်ထောင်ရေးတွင် ချစ်ခြင်းမေတ္တာတွေ မှေးမှိန်သွားကြောင်းကို လက်ခံပြီးနောက်တွင် Chatphol ဟာ သူ့မိန်းမ Panwat ကို ကွာရှင်းဖို့အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ဒီလိုလုပ်ဆောင်ရတဲ့အကြောင်းအရင်းက အသက်ငါးဆယ်ကျော်အရွယ် Chatphol ဟာ သူ့ရဲ့ဂျူနီယာဖြစ်တဲ့ Jenny ကို ချစ်မိသွားခဲ့တာကြောင့်ပဲ ဖြစ်ပါတယ်။

Panwat ဟာ အချိန်ခဏလေးအတွင်းမှာ နှစ်နှစ်ဆယ်ကျော်ကြာ တည်ဆောက်ထားခဲ့တဲ့ သူတို့ရဲ့အိမ်ထောင်ရေး ပြိုပျက်သွားခဲ့တာကို ယူကျုံးမရဖြစ်နေခဲ့ပါတယ်။ ဒီအခြေအနေမှာ သူတို့ရဲ့အမြွှာသားလေးနှစ်ယောက်ဖြစ်တဲ့ Atom နဲ့ Pétanque လောက် ဘယ်သူကမှ ပိုထိခိုက်မှာမဟုတ်ပါဘူး။ အမြွှာလေးနှစ်ယောက်တွင် ပိုပြီးအားနည်းတယ်လို့ထင်ရတဲ့ Pétanque ကို မိဘတွေက ပိုဂရုစိုက်ဟန်ပေါ်တာကြောင့် ဒီသားလေးနှစ်ယောက်ဟာလည်း အဆင်ပြေမနေကြပါဘူး။ သူတို့နှစ်ယောက်ကြားမှာ တင်းမာမှုတွေရှိနေပေမဲ့ မိသားစုပြဿနာကြီးကို ပြေလည်ချင်တယ်ဆိုရင်တော့ အတူလက်တွဲပြီးလုပ်ဆောင်ရမှာပါ။

viu.com

‘အချစ်တစ်ခုရဲ့နိဂုံး’ ထိုင်းဒရာမာဇာတ်လမ်းတွဲကို Sing Siwarat Harnpanich က ဇာတ်ညွှန်းရေးသားထားပြီး ဒါရိုက်တာ Oh Kritsada Techanilobon က ရိုက်ကူးပုံဖော်ထားပါတယ်။ ဒီဇာတ်လမ်းတွဲဟာ သရုပ်ဆောင်တွေအနေနဲ့ Bee Namthip Jongrachatawiboon, Jab Penpetch Benyakul, Yam Matira Tantiprasut, Yai Teerapong Suparwong နဲ့ Lek Teerawate Suparwong တို့က အဓိကပါဝင်ထားကြပါတယ်။ ‘အချစ်တစ်ခုရဲ့နိဂုံး’ မိသားစုဒရာမာ ဇာတ်လမ်းတွဲလေးကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading