Thursday, May 2, 2024
HomeEntertainmentခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကို စုံစမ်းဖော်ထုတ်သွားမဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်လမ်း 'ဗွီအိုင်ပီ'

ခင်ပွန်းဖြစ်သူရဲ့ ဖောက်ပြန်မှုကို စုံစမ်းဖော်ထုတ်သွားမဲ့ ထက်မြက်တဲ့အမျိုးသမီးတစ်ယောက်ရဲ့ဇာတ်လမ်း ‘ဗွီအိုင်ပီ’

‘ဗွီအိုင်ပီ’ ဒရာမာဇာတ်လမ်းတွဲဟာ ယနေ့ခေတ်လူ့အဖွဲ့အစည်းတွင် ဖြစ်ပျက်နေတဲ့ လျှို့ဝှက်တဲ့ဆက်ဆံရေးတွေအကြောင်းကို ရိုက်ကူးပုံဖော်ထားတာပဲ ဖြစ်ပါတယ်။ ဇာတ်လမ်းပုံစံက Jung Sun ဟာ Sung Woon Department Store တွင် လက်ထောက်မန်နေဂျာအဖြစ် လုပ်ကိုင်အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အရည်အချင်းရှိပြီး အောင်မြင်တဲ့အမျိုးသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ VIP Management Team ရဲ့ အဖွဲ့ဝင်တစ်ဦးအနေဖြင့် သူမရဲ့အလုပ်မှာ အထူး VIP တွေနဲ့ VVIP တွေကို ကျေနပ်မှုရအောင် ဝန်ဆောင်မှုပေးရတာပါ။

IMDb.com

သူမဟာ အလုပ်တွင်ကျွမ်းကျင်ရုံသာမက သူမရဲ့ခင်ပွန်း Sung Joon နဲ့ ပျော်ရွှင်တဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားသူလည်း ဖြစ်ပါတယ်။ ဒါပေမဲ့ တစ်နေ့မှာတော့ သူမဟာ ဘယ်သူကပေးပို့မှန်းမသိတဲ့ မက်ဆေ့ချ်တစ်စောင်ကိုရရှိခဲ့ပြီး ဒီစာထဲမှာတော့ သူမရဲ့ချစ်လှစွာသောခင်ပွန်းဟာ ရုံးတွင်တခြားတစ်ယောက်နဲ့ ကြိတ်ပုန်းခုတ်နေတယ်ဆိုတာပါပဲ။ အဲဒီနောက်မှာတော့ Jung Sun ဟာ သူမမှာရှိနေတဲ့ အရာအားလုံးကိုဆုံးရှုံးသွားမှာ ကြောက်တဲ့စိတ်ကြောင့် ခင်ပွန်းဖြစ်သူနဲ့တွဲနေတယ်ဆိုတဲ့ အမျိုးသမီးကိုသိရဖို့ ရုံးနဲ့ လုပ်ဖော်ကိုင်ဖက်တွေအကြောင်း အပြင်းအထန်စုံစမ်းပါတော့တယ်။ ဒီအမည်မသိတဲ့သူဆီကနေ ပေးပို့လာတဲ့စာက တကယ်ပဲအမှန်တရားလား၊ သူမတကယ်ပဲ အမှန်တရားကို ဖော်ထုတ်သွားနိုင်ပါ့မလားဆိုတာကို ကြည့်ရှုရမဲ့ စီးပွားရေးအချစ် မယ်လိုဒရာမာ ဇာတ်လမ်းတွဲကောင်းလေးတစ်ခုပဲ ဖြစ်ပါတယ်။

hellokpop.com

‘ဗွီအိုင်ပီ’ ဒရာမာဇာတ်လမ်းတွဲကို ဇာတ်ညွှန်း Cha Hye Won က ရေးသားထားပြီး ဒါရိုက်တာ Lee Jung Rim က ပုံဖော်ရိုက်ကူးထားကာ Jang Na Ra, Lee Sang Yoon, Lee Chung Ah, Kwak Sun Young, Pyo Ye Jin, Shin Jae Ha နဲ့ တခြားသရုပ်ဆောင်တွေက ပါဝင်သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။ လျှို့ဝှက်ဆန်းကြယ် စီးပွားရေး အချစ်မယ်လိုဒရာမာဇာတ်လမ်းတွဲ ‘ဗွီအိုင်ပီ’ ကို https://www.viu.com/ott/mm/mya တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။

RELATED ARTICLES

Leave a Reply

- Advertisment -

Most Popular

Recent Comments

Discover more from AuntyMay

Subscribe now to keep reading and get access to the full archive.

Continue reading