Monday, May 29, 2023
HomeHOROSCOPESချစ်သူအပေါ် သဝန်အတိုတတ်ဆုံး ရာသီခွင် (၄) ခုရဲ့ သဝန်တိုပုံတိုနည်းများ

ချစ်သူအပေါ် သဝန်အတိုတတ်ဆုံး ရာသီခွင် (၄) ခုရဲ့ သဝန်တိုပုံတိုနည်းများ

ဘယ်သူမဆို ချစ်သူဖြစ်ကြပြီဟေ့ဆိုတာနဲ့ အချင်းချင်း သဝန်တိုတာဟာ ပုံမှန်ပါပဲ။ ဒါပေမဲ့ ဒီရာသီခွင်(၄) ခုကတော့ သူများတွေ သဝန်တိုတယ်ဆိုတာထက်တောင်မှပဲ ပိုနေပါသေးတယ်တဲ့။ သူတို့အနေနဲ့ ဘယ်လိုပုံ၊ ဘယ်လိုနည်းလမ်းမျိုးတွေနဲ့ သဝန်တိုတတ်ကြသလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။

Aries (Mar 21 – Apr 19)

သူကတစ်မျိုး။ ချစ်သူကိုယ့်ထက် အရမ်းတော်တဲ့အခါ ကိုယ့်ကိုယ်ကို တွေးပြီး သိမ်ငယ်တတ်တာကြောင့် မနာလိုလို့ သဝန်တိုကြတာပါတဲ့လေ။ ဒါကြောင့် ကိုယ့်ချစ်သူကို ဟိုသွားမယ်၊ ဒီသွားမယ်ဆိုရင်လည်း လက်မခံ၊ တခြားလူတွေနဲ့ အပေါင်းသင်းလုပ်တာမျိုးတေွကိုလည်း မကြိုက်ကြတာပါတဲ့။

hispanic lady looking jealously at boyfriend while texting on cellphone
Photo by Budgeron Bach on Pexels.com

Cancer (Jun 22 – Jul 22)

သူတို့ဟာ သိပ်ကိုသံယောဇဉ်ကြီးတဲ့လူတွေပါ။ သံယောဇဉ်ကြီးတာနဲ့အတူတူပဲ Cancer တွေဟာ ကိုယ်ချစ်တဲ့လူနဲ့ပတ်သက်လာရင် အတ္တလည်း ကြီးတတ်ကြတာကြောင့် ချစ်သူကို သူငယ်ချင်း ဒါမှမဟုတ် မိသားစုနဲ့ အချိန်ဖြုန်းတာလေးတောင် မကြိုက်တတ်ကြပါဘူး။ သူတို့ပဲ အကုန် အပြည့်အဝလိုချင်နေကြတာပါ။

young ethnic couple arguing on street
Photo by Budgeron Bach on Pexels.com

Leo (Jul 23 – Aug 22)

Leo တွေကတော့ attention seeker တွေပါ။ သူတို့ကို အချိန်မပေးဘူး၊ အာရုံမစိုက်တော့မှာကို လုံးဝလုံးဝမကြိုက်ကြတာပါ။ ဒါကြောင့်လည်း ချစ်သူအပေါ် ချုပ်ချယ်တာမျိုးတွေကို ရရင်ရသလို လုပ်တတ်ကြတာပေါ့။

beloved african american couple cuddling and smiling on couch
Photo by Andres Ayrton on Pexels.com

Scorpio (Oct 22 – Nov 21)

အမြဲတမ်း ငါ့ချစ်သူ ဘယ်သူနဲ့ ကြူနေလဲ၊ တခြားတစ်ယောက်များ ရှိနေပြီလားဆိုပြီး တွေးပူနေတတ်တဲ့သူတွေပါ။ ချစ်တဲ့သူ အနားက ထွက်သွားမှာ၊ တခြားတစ်ယောက်ကို ကိုယ့်ထက်ပိုပြီး စိတ်ထဲမှာ ထည့်ထားမှာကို အရမ်းမုန်းကြတာ Scorpio တွေပါပဲ။

By penny

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: