Friday, September 22, 2023
HomeLIFEသင်က လူတိုင်းတိတ်တိတ်လေး အားကျအထင်ကြီးရတဲ့ သူတစ်ယောက်ဆိုတာ ပေါ်လွင်နေတဲ့ အချက်တွေ

သင်က လူတိုင်းတိတ်တိတ်လေး အားကျအထင်ကြီးရတဲ့ သူတစ်ယောက်ဆိုတာ ပေါ်လွင်နေတဲ့ အချက်တွေ

မိန်းကလေးတွေထဲမှာ အရမ်းကိုထက်မြက်တဲ့ သူတွေရှိပြီး သူတို့ရဲ့နေထိုင်ပုံတွေ၊ သူတို့ရဲ့ ပြုမူပြောဆိုပုံတွေက လူတိုင်းကို ဆွဲဆောင်လို့ နေပါတယ်။ ဒီလိုမိန်းကလေးတွေကို မိန်းကလေးအချင်းချင်းကတောင် တိတ်တိတ်လေးအားကျနေရပြီး လူတွေရဲ့ အထင်ကြီးသဘောကျခြင်းကို ခံရသူတွေဖြစ်ပါတယ်နော်။ လူတိုင်း အားကျအထင်ကြီးရတဲ့ မိန်းကလေးတွေဆီမှာ ဒီလိုအချက်တွေကို တွေ့ရတတ်ပါတယ်။

အမှီအခိုကင်းကင်း ရပ်တည်နိုင်တယ်

woman wearing white shirt
Photo by Christina Morillo on Pexels.com

လူတိုင်းအားကျအထင်ကြီးရတဲ့ မိန်းကလေးတွေဟာ ကိုယ့်ဘဝကိုယ် ထိန်းကျောင်းနိုင်တဲ့ အမှီအခိုကင်းကင်းရပ်တည်နိုင်သူတွေ ဖြစ်ကြပါတယ်။ သူတို့ရဲ့ဘဝကို သူတို့စိတ်ကြိုက်တည်ဆောက်တတ်ကြတဲ့ သူတွေဖြစ်လို့ ဘဝမှာ အမြဲတမ်း ခေါင်းမော့ရင်ကော့နိုင်ကြသူတွေပါ။

မတရားအနိုင်ကျင့်တာတွေကို မကြိုက်တတ်ဘူး

ဒီလိုမိန်းကလေးတွေက သူများတွေအပေါ်လည်း မတရားအနိုင်ကျင့်တာမျိုး မလုပ်တတ်ကြသလို ကိုယ့်ကိုလာလုပ်လာရင်လည်း လုံးဝသည်းမခံတတ်ကြတဲ့ သူတွေပါ။ သူတို့ဟာ ဘဝကို ရိုးသားစွာဖြတ်သန်းတတ်ကြပြီး အမှန်တရားဘက်က ရပ်တည်တတ်ကြပါတယ်။

အတင်းမပြောဘူး

three women posing for photo
Photo by Adrienn on Pexels.com

မိန်းကလေးတွေဟာ အတင်းပြောရတာ ဝါသနာပါတယ်လို့ ထင်မိရင်တော့ လုံးဝမှားသွားပါလိမ့်မယ်။ ဒီလိုမိန်းကလေးတွေက သူတို့ကိုယ်တိုင် အတင်းပြောရတာကို လုံးဝမကြိုက်တတ်ကြသလို သူများတွေ အတင်းပြောနေရင်တောင် ဝင်မပြောတတ်ကြပါဘူးနော်။ နောက်ပြီး အတင်းပြောတတ်တဲ့သူတွေကိုလည်း မကြိုက်တတ်ကြပါဘူး။

ရိုးသားပြီး လူတွေအပေါ် လေးစားမှုထားတယ်

သူတို့ရဲ့ ဘဝကို အကောင်းဆုံးနဲ့ အရိုးသားဆုံး ကိုယ်ပိုင်ခံယူချက်တွေနဲ့ ဖြတ်သန်းနေတတ်ကြပြီး လူတိုင်းအပေါ် လေးစားမှုနဲ့ ဆက်ဆံတတ်ကြပါတယ်။ သူတို့ကိုလည်း လေးလေးစားစားဆက်ဆံတာမျိုးသာ လိုချင်ကြပြီး လေးစားမှုဆိုတာ လူလူချင်းရှိသင့်တဲ့ အရာတစ်ခုလို့ သတ်မှတ်ထားကြပါတယ်။

လူတွေဆီက attention ကို တကူးတက မယူတတ်ဘူး

portrait of young woman
Photo by Pixabay on Pexels.com

ဒီလိုမိန်းကလေးတွေက သူများဆီက အာရုံစိုက်မှုခံရဖို့အတွက် လူတွေဆီက အမှတ်ပေးခံရမယ့် အပေါ်ယံမျက်နှာဖုံးတွေကို မချိတ်ဆွဲတတ်ကြပါဘူး။ သူတို့ရဲ့ ပုံစံအတိုင်းပဲနေတတ်ကြသလို သူများတွေဆီကလည်း တကူးတက attention ယူရတာတွေကို မလိုလားကြသူတွေ ဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ ဒီပုံစံက လုပ်ယူစရာမလိုဘဲ ဘယ်နေရာရောက်ရောက် လူတွေရဲ့အာရုံစိုက်မှုကို ခံကြရတာဖြစ်ပါတယ်။

စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်တယ်

ဒီမိန်းကလေးတွေဟာ သူတို့ရဲ့ စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ကြတဲ့ သူတွေဖြစ်ပါတယ်။ စိတ်ခံစားမှုနောက်တစ်ခုတည်းကိုပဲ မကြည့်ဘဲ အရာရာကို နှလုံးသားနဲ့ ဦးနှောက် ဘက်မျှစွာစဉ်းစားတတ်ကြသူတွေပါ။

ကိုယ့်ကိုယ်ကို တန်ဖိုးမြှင့်တင်တယ်

woman holding fireflies
Photo by Matheus Bertelli on Pexels.com

သူတို့တွေက ကိုယ့်ကိုယ်ကို တန်ဖိုးထားချစ်ခင်ဖို့ကို မမေ့တတ်ကြဘဲ ကိုယ့်ရဲ့တန်ဖိုးကို နားလည်ကြသူတွေပဲ ဖြစ်ပါတယ်။ ကိုယ့်ကိုယ်ကို တန်ဖိုးမြင့်နေအောင် လိုအပ်တဲ့ အရည်အချင်းတွေ၊ စိတ်နေစိတ်ထားတွေကို ဖြည့်ထားတတ်ကြသူတွေပါ။ ဒီအချက်တွေက လူတွေရဲ့ အားကျခြင်းကို ခံကြရတာပဲ ဖြစ်ပါတယ်။

By Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: