Monday, December 11, 2023
HomeLIFEသင့်အတွက် စစ်မှန်တဲ့သူကို ရှာဖွေနေတာ ရပ်လိုက်ရင် သူသင့်ဆီ ရောက်လာပါလိမ့်မယ်

သင့်အတွက် စစ်မှန်တဲ့သူကို ရှာဖွေနေတာ ရပ်လိုက်ရင် သူသင့်ဆီ ရောက်လာပါလိမ့်မယ်

တကယ်တော့ အချစ်ဆိုတာ ရှာဖွေတွေ့ရှိခြင်းမဟုတ်ဘဲ ကိုယ့်ဆီရောက်ရှိလာခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်အတွက် စစ်မှန်တဲ့ သူတစ်ယောက်ကို ရှာဖွေနေတိုင်းလည်း တွေ့ချင်မှတွေ့မှာပါ။ တကယ်တော့ အချစ်က မရှာဖွေလည်း အချိန်တန်ရင် ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက်ကို ရောက်ရှိလာတတ်ပါတယ်နော်။ ဒီတော့ စစ်မှန်တဲ့ တစ်စုံတစ်ယောက်ကို မတွေ့ခင်မှာ ကိုယ့်ကိုယ်ကို ပိုဂရုစိုက်ပြီး ဒီအချက်လေးတွေ လုပ်ဆောင်ပါ။

ကိုယ်ဖြစ်ချင်တာတွေကို လုပ်ပါ

closeup photo of woman with brown coat and gray top
Photo by Andrea Piacquadio on Pexels.com

အချစ်ဆိုတာက ဘဝရဲ့ အစိတ်အပိုင်းလေးတစ်ခုမျှသာဖြစ်တဲ့အတွက် အချစ်မရှိပဲလည်း လူတွေက ရှင်သန်နိုင်ပါတယ်။ ဒီတော့ လောလောဆယ် တစ်ယောက်တည်းဖြစ်နေချိန်မှာ ကိုယ်ဖြစ်ချင်တာလေးတွေကို အကောင်အထည်ဖော်ကြည့်ပါ။ ကိုယ့်အိပ်မက်တွေကို ရှာဖွေပြီး ကိုယ်တကယ်လုပ်ချင်တဲ့ အလုပ်တွေကို လုပ်နိုင်အောင် အကောင်အထည်ဖော်ပါ။

ကိုယ့်အတွက် အကောင်းဆုံးတည်ဆောက်ပါ

ဘဝမှာ တစ်စုံတစ်ယောက်ကို မှီတွယ်အားကိုးရတာထက် ကိုယ့်ဘဝကို ကိုယ့်စိတ်ကြိုက်တည်ဆောက်ရတာဟာ အရမ်းကို ကွာခြားလွန်းပါတယ်။ ကိုယ့်ဘဝကို ကိုယ်ပိုင်ချင်တယ်ဆိုရင်တော့ ကိုယ့်ရဲ့ဘဝကို အကောင်းဆုံး တည်ဆောက်ဖို့ လိုအပ်ပါတယ်။ လောကကြီးမှာ အဓိပ္ပါယ်ရှိရှိနေထိုင်နိုင်ဖို့ ကိုယ့်ဘဝကို အကောင်းဆုံး ကြိုးစားနေဖို့ လိုအပ်ပါတယ်။

ကိုယ့်အပေါ် ကောင်းပေးတဲ့သူတွေကို ပြန်ကောင်းပေးပါ

woman in white blazer holding tablet computer
Photo by Andrea Piacquadio on Pexels.com

လောလောဆယ်မှာ ကိုယ့်အတွက် ၁၅၀၀ ချစ်ခြင်းတွေ မရှိနိုင်သေးပေမယ့် ကိုယ့်ဘေးနား ၅၂၈ ချစ်ခြင်းတွေက ရှိနေပါတယ်နော်။ ကိုယ့်ဘေးနားက ကိုယ့်ကို ချစ်ခင်ပေးကြတဲ့ မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက် စသဖြင့် ဒီလူတွေကို ပြန်ချစ်ခင်ပေးပါ။ ကိုယ့်အပေါ် ချစ်တဲ့သူတွေကို ချစ်ဖို့တွန့်ဆုတ်နေရင်တော့ နောက်ကျရင် သင်သေချာပေါက် နောင်တရမှာ ဖြစ်ပါတယ်။

ကိုယ့်အတွက် ကိုယ်ရှိနေပေးပါ

woman in green shirt smiling
Photo by Matthias Cooper on Pexels.com

သူများတွေမှာကျတော့ ချစ်ရမယ့်သူဘေးနားရှိလို့ အားကိုးဖော်ရှိပေမယ့် ငါ့မှာတော့ ဘယ်သူမှမရှိဘူးလို့ တွေးမထင်လိုက်ပါနဲ့။ ဘယ်သူမှ သင့်ဘေးနားရှိနေမပေးရင်တောင် ကိုယ့်အတွက် ကိုယ်ရှိနေပေးပါ။ စိတ်ဓာတ်ကျအားငယ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို အားပေးစကားပြောပါ၊ လဲကျတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ဆွဲထူပါ၊ ချစ်ခြင်းတွေ လိုအပ်နေတဲ့အချိန်မှာ ကိုယ့်ကိုယ်ကို ပိုချစ်ပေးပါ ဒါတွေက သင့်ကို ပိုစိတ်ဓာတ်ကြံ့ခိုင်တဲ့ သူတစ်ယောက်ဖြစ်လာစေမှာပါ။ နောက်ပြီး သင့်အတွက် စစ်မှန်တဲ့သူကတော့ သင်မရှာဖွေလည်း သင့်ဆီဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာမှာဖြစ်ပါတယ်။

By Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d