Monday, May 29, 2023
HomeHEALTHအရမ်းပိန်လွန်းတဲ့အမျိုးသမီးများ စိတ်ကျရောဂါနဲ့စိုးရိမ်မှုတွေခံစားရနိုင်ခြေပိုများဟုဆို

အရမ်းပိန်လွန်းတဲ့အမျိုးသမီးများ စိတ်ကျရောဂါနဲ့စိုးရိမ်မှုတွေခံစားရနိုင်ခြေပိုများဟုဆို

လူတစ်ဦးချင်းဆီမှာ အသက်၊ အရပ် အနိမ့်အမြင့်နဲ့ သင့်တော်ကိုက်ညီတဲ့ ခန္ဓာကိုယ်တည်ဆောက်မှုပုံစံမျိုး အလေးချိန်မျိုး ရှိသင့်ပါတယ်။ ဒီလိုမဟုတ်ပဲ ပိန်လွန်းနေရင်၊ ဝလွန်းနေရင်ဆိုတဲ့ အစွန်းနှစ်ပါးနဲ့ မလွှတ်ကင်းတဲ့သူတွေဟာ ကျန်းမာရေးနဲ့ ညီညွှတ်သူတွေမဟုတ်ဖူးလို့ ဆေးပညာအရ သတ်မှတ်ကြပါတယ်။

အထူးသဖြင့် လိုအပ်တဲ့ခန္ဓာကိုယ်အလေးချိန်ထက် ပိုများနေသူတွေမှာ ကယ်လိုရီနဲ့ ပြည့်ဝအဆီစားသုံးမှုပိုများနေတယ် ဆိုတာ သေချာပြီး၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါနဲ့၊ အသည်းအဆီဖုံးရောဂါ စသည်တို့ဖြစ်ဖို့ အခွင့်အလမ်း များနေတဲ့လူတစ်ယောက်လို့ ယေဘူယျသတ်မှတ်လို့ ရပါတယ်။

woman standing in front of brown wood plank
Photo by Engin Akyurt on Pexels.com

ဒီလိုပဲ လိုအပ်တဲ့ခန္ဓာကိုယ်အလေးချိန်ထက် သိသိသာသာနည်းပါးနေသူတွေကတော့ အစာအာဟာရချို့ယွင်းခြင်းရောဂါ၊ စိတ်ပိုင်ဆိုင်ရာ ဖိအားတွေ၊ စိုးရိမ်ကြောင့်ကျမှုတွေ၊ အလိုမကျမှုတွေ၊ ဝမ်းနည်းပူဆွေးမှုတွေ စတဲ့ စိတ်ပိုင်းဆိုင်ရာ ရောဂါ တွေခံစားနေရပြီဆိုတာ သေချာကြောင်း ဆေးဘက်ဆိုင်ရာက ဆိုပါတယ်။

နောက်ထပ်လေ့လာတွေ့ရှိမှုအရ သိပ်ကိုပိန်လွန်းတဲ့ အမျိုးသမီးတွေဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားနဲ့ စိုးရိမ်ကြောင့်ကျမှုတွေ လက်တ လော မခံစားရသေးဘူးဆိုရင်တောင်မှ နောင်မှာ ခံစားရနိုင်ချေပိုများပြီး၊ ဒီထက် တိုးပွားလာဖို့ရှိကြောင်း တွေ့ရှိခဲ့ ရပါတယ်။ ဒီလေ့လာမှုကို တောင်ကိုရီးယားနိုင်ငံ Seoul National University of Medicine မှ ပြုလုပ်ခဲ့တာ ဖြစ်ပါ တယ်။British Journal of Psychiatry ဂျာနယ်မှာလည်း ဒီတွေ့ရှိမှုကို အတည်ပြုထားပြီး စိတ်ပိုင်းဆိုင်ရာဖိအားတွေ ခံစားရလေ ခန္ဓာကိုယ်အလေးချိန်ကျဆင်းဖို့ ပိုများလေ၊ သို့မဟုတ် ပိန်လှီခြင်းဟာ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို တစ်ဖက်တစ်လမ်းမှ ဖန်တီးပေးနေကြောင်း အတည်ပြုခဲ့ပါတယ်။

ဒီလေ့လာမှုကို မတူညီတဲ့လေ့လာမှု 183 ခုဆီကနေ အချက်အလတ်တွေ ရယူကာ ထုတ်ပြန်ခဲ့တာ ဖြစ်ပြီး၊ ပိန်လှီနေတဲ့ သူတွေဟာ ကိုယ်ခံစွမ်းအားလည်း မကောင်းသူများဖြစ်လို့ ရောဂါဘယပေါင်းစုံကို လက်ယက်ခေါ်နေသကဲ့သို့ဖြစ်စေ တယ်လို့ သတင်းဌာနတစ်ခုက ယင်းတို့ရဲ့ထင်မြင်ချက်ကို ထည့်သွင်းရေးသားခဲ့တယ်။

source : indiatimes.com

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: