ယောက်ျားလေးလူပျိုတစ်ယောက်က မိန်းကလေးအပျိုတစ်ယောက်ကို ချစ်ကြိုက်တာ မဆန်းပါဘူး။ အဲဒီလို ချစ်ကြိုက်တဲ့ အခါမျိုးမှာ ယောက်ျားလေး အများစုထင်ကြတာက မိန်းကလေးတစ်ယောက်က ယောက်ျားလေးတစ်ယောက်ကို ပိုက်ဆံတွေ၊ ဂုဏ်ဒြပ်တွေ၊ စည်းစိမ်တွေရှိမှ ချစ်ကြိုက်မယ်လို့ ထင်တတ်ကြပါတယ်။ ဒါပေမယ့် အဲဒီစကားဟာ မှန်သင့်သလောက်ပဲ မှန်ပါတယ်။ ပိုက်ဆံပုံပေါ်မှာ ထိုင်နေရပြီး မပျော်ရွှင်ရတဲ့ မိန်းကလေးတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့်ဒီနေ့မှာတော့ မိန်းကလေးတစ်ယောက်က ဘယ်လိုယောက်ျားလေးမျိုးကို ပိုအားကိုးတတ်သလဲဆိုတဲ့ အကြောင်းလေးကို ပြောပြပေးချင်ပါတယ်။
၁။ အရာရာကို ကြိုးစားချင်တဲ့စိတ်ရှိတဲ့ ယောက်ျားလေး

တချို့ယောကျ်ားလေးတွေရှိပါတယ်။ ဘာမှမလုပ်ရသေးဘဲနဲ့ ငါမလုပ်နိုင်လောက်ဘူး၊ ဒါကြီးက မဖြစ်နိုင်ပါဘူး၊ ငါမလုပ်တတ်ဘူး အစရှိသဖြင့် စစ်မရောက်ခင် မြားကုန်ချင်နေတဲ့ ယောက်ျားလေးမျိုးတွေကို ဘယ်မိန်းကလေးမှ အထင်မကြီးသလို အားမကိုးချင်တတ်ပါဘူး။ ဘယ်အရာမဆို ဖြစ်နိုင်တာမဖြစ်နိုင်တာ အသာထားပြီး အကောင်းဆုံးကြိုးစားချင်တဲ့ ယောက်ျားလေးပုံစံမျိုးကသာ မိန်းကလေးတွေသဘောကျနှစ်ခြိုက်တဲ့ ပုံစံမျိုးဖြစ်ပါတယ်။
၂။ ကြင်နာတတ်တဲ့ ယောက်ျားလေး
ကြင်နာစိတ်ရှိတဲ့ ယောက်ျားလေးမျိုးကတော့ မိန်းကလေးတိုင်းသဘောကျနှစ်ခြိုက်တတ်ပါတယ်။ ဒါပေမယ့် ယောက်ျားလေးတစ်ယောက်ကို အပေါ်ယံကြည့်ပြီး ဆုံးဖြတ်လို့မရပါဘူး။ တချို့ယောက်ျားလေးတွေဟာ မိန်းကလေးတွေရှေ့မှာ အရမ်းဟန်ဆောင်ကောင်းပြီး ကွယ်ရာကျမှ မင်းသားရုပ်ကို ခွာချပြီး ဘီလူးဇာတ်ကတတ်ပါတယ်။ အဲဒီလို ယောက်ျားလေးမျိုးကြောင့် အိမ်ထောင်သည်ဘဝမှာ ဒူးနဲ့မျက်ရည်သုတ်နေရတဲ့ အမျိုးသမီးတွေ အများကြီးရှိပါတယ်။
၃။ အရည်အချင်းရှိတဲ့ ယောက်ျားလေး

ယောက်ျားတစ်ယောက်ကို ချမ်းသာတိုင်း အထင်ကြီးစရာမလိုအပ်သလို ဆင်းရဲတိုင်းလည်း အထင်သေးစရာမလိုပါဘူး။ ပိုက်ဆံရှိတဲ့ ယောက်ျားတွေ၊ကြည့်ကောင်းတဲ့ ရုပ်ရည်ရှိတဲ့ ယောက်ျားတွေထဲမှာ ကိုယ်ကျင့်တရားပျက်ပြားနေတဲ့ ယောက်ျားတွေ တစ်ပုံကြီးပါပဲ။ ယောက်ျားတစ်ယောက်ဟာ မချမ်းသာရင်တောင် အရည်အချင်းရှိပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ယောက်ျားမျိုးဟာ အကောင်းဆုံးပါပဲ။
၄။ သစ္စာရှိတဲ့ ယောက်ျားလေး
ဒီဘက်ခေတ်ကြီးထဲမှာ ယောက်ျားလေးတစ်ယောက် ဖောက်ပြန်နိုင်တဲ့ နည်းလမ်းတွေ အများကြီးရှိပါလျက်နဲ့ ကိုယ်တစ်ယောက်တည်းကို သေသေချာချာ ဂရုတစိုက်နဲ့ ချစ်ပေးနေတဲ့ ယောက်ျားလေးတစ်ယောက်ကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ဖို့ ထိုက်တန်ပါတယ်။ ဒီလိုယောက်ျားမျိုးဟာ များသောအားဖြင့် သွေးအေးအေးနေတတ်ပြီး ကိုယ်ကလွဲရင် တခြားဘယ်မိန်းမကိုမှ မိန်းမလို့တောင်မမြင်တဲ့ လူမျိုးပါ။ ပျိုမေတို့မှာ ဒီလိုပုံစံမျိုးနဲ့ ယောက်ျားလေးရှိနေရင်တော့ လုံးဝလက်လွှတ်မခံပါနဲ့။
၅။ ကိုယ့်အရှေ့က အခြေအနေမရွေး မားမားမတ်မတ် ရပ်တည်ပေးတတ်တဲ့ ယောက်ျားလေး

ဘယ်အခြေအနေ၊ ဘယ်လိုပုံစံမျိုးမှာပဲဖြစ်ဖြစ် ကိုယ်မှားမှားမှန်မှန် ကိုယ့်ရှေ့ကနေ မားမားမတ်မတ်ရပ်တည်ပေးလေ့ရှိတဲ့ ယောက်ျားလေးမျိုးကိုလည်း မိန်းကလေးတွေက အားကိုးချင်တတ်ပါတယ်။
By phk