Thursday, June 1, 2023
HomeHEALTHထောပတ်သီးနဲ့ သုံးရက်အတွင်း ဝိတ်ချမယ် ...

ထောပတ်သီးနဲ့ သုံးရက်အတွင်း ဝိတ်ချမယ် …

ထောပတ်သီးကို လူအများစု နှစ်သက်ကြလိမ့်မယ်လို့ ထင်ပါတယ်။ အရသာရှိပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ ထောပတ်သီးမှာ အာဟာရနဲ့ ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများအပြင် အလှအပနဲ့ ကိုယ်ကာယအတွက် ကောင်းကျိုး တွေလည်း ပါဝင်ပါတယ်။ အရွယ်တော်ထောပတ်သီးတစ်လုံးမှာ ၃၂၂ ကယ်လိုရီပါဝင်ပြီး ကျန်းမာစေတဲ့အဆီ ၂၉ ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် အစာချေစနစ်မှာ ကူညီပေးတဲ့ အမျှင်ဓာတ် ၁၃.၅ ဂရမ်နဲ့ ဗီတာမင်နဲ့ သတ္တုဓာတ်များ ဖြစ်ကြတဲ့ ကယ်လ်ဆီယမ်၊ သံဓာတ်၊ ဗီတာမင်အေ၊ ဗီတာမင်အီး၊ ဗီတာမင်ကေနဲ့ ဗီတာမင်စီတို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လေ့လာစမ်းသပ်ချက်များရဲ့ သက်သေပြချက်များအရ ထောပတ်သီးမှာ ပါဝင်တဲ့အဆီဟာ အဝလွန်ခြင်း၊ နှလုံးသွေး ကြောရောဂါများ၊ အသားအရေနဲ့ ဆံကေသာပြဿနာများ၊ အဆစ်အမြစ်ရောင်ရောဂါနဲ့ ကင်ဆာရောဂါများကို ပျောက်ကင်းသက်သာစေနိုင်တယ်လို့ သိရပါတယ်။ ထောပတ်သီးကို နေ့စဉ် စားသုံးပေးခြင်းအားဖြင့် ကိုယ်တွင်း အဆိပ်အတောက်များကို စွန့်ထုတ်ပေးနိုင်ပြီး အစာချေစနစ်ကို ကောင်းမွန်စေကာ ကိုယ်တွင်းအဆီပိုတွေကို ကျစေပါတယ်။ ထောပတ်သီးရဲ့အစွမ်းနဲ့ ကောင်းကျိုးတွေကို ဖော်ပြပေးပြီးတဲ့နောက်မှာ သုံးရက်အတွင်း ထောပတ်သီးနဲ့ ဝိတ်ချနိုင်မယ့် အစီအစဉ်လေးကို မျှဝေပေးချင်ပါတယ်။

Day (1)

နံနက်အစောပိုင်း (6:30 မှ 7:30)  –  စမုန်နက်ရေစိမ်တစ်ခွက် (သို့မဟုတ်) စမုန်နက်စေ့အခြောက်

နံနက်စာ (8:00)   –  အနေတော်ပန်းကန်လုံးတစ်လုံးစာ ထောပတ်သီးနဲ့ အရွက်တစ်မျိုးမျိုးရောသုပ်

နံနက် (10:30) – Green Tea လက်ဖက်ရည်တစ်ခွက်

နေ့လယ်စာ (12:30 မှ 1:30)  –  ထောပတ်သီး၊ ခရမ်းချဉ်သီး၊ သခွားသီး၊ ခရမ်းရောင်ဂေါ်ဖီထုပ်တို့ကို သံပုရာရည်နဲ့ ရောနယ်ပြီး သုပ်ထားတဲ့ အသုတ်တစ်ခွက်နဲ့ နို့တစ်ခွက်။

ညနေပိုင်းအဆာပြေ (4:00)  –  ဘလက်ကော်ဖီတစ်ခွက်နဲ့ အငန်ဓာတ်ပါတဲ့ ခရက်ကာတစ်ချပ်။

ညစာ (7:00)  –  ကြက်ရင်ပုံတစ်တုံး၊ အသီးအရွက်အနည်းငယ်နဲ့ ပဲနီလေးဟင်းချို။

Day (2)

နံနက်အစောပိုင်း (6:30 မှ 7:30)  –  ပန်းသီးဗင်နီဂါ (Apple Cider Vinegar)လက်ဖက်ရည်ဇွန်းတစ်ဇွန်း ထည့်ထားတဲ့ ရေတစ်ခွက်။

နံနက်စာ (8:00)   –  ကြက်ဥမွှေကြော် ၂လုံး၊ ထောပတ်သီးအစိတ် ငါးစိတ်၊ ပန်းသီးတစ်ခြမ်း၊ မက်မွန်သီးနှစ်လုံး။

နံနက် (10:30) – Green Tea လက်ဖက်ရည်တစ်ခွက်

နေ့လယ်စာ (12:30 မှ 1:30)  –  ကုလားပဲပြုတ်နဲ့ ထောပတ်သီးအသုပ်၊ အုန်းရည်တစ်ခွက်။

ညနေပိုင်းအဆာပြေ (4:00)  –  ဘလက်ကော်ဖီတစ်ခွက်နဲ့ ပြောင်းဖူးပေါက်ပေါက်ခွက်ဝက်။

ညစာ (7:00)  –  ထောပတ်သီးနဲ့ ငါးကို ထောပတ်နဲ့သုပ်ထားတဲ့အသုပ်တစ်ခွက်၊ ဟင်းသီးဟင်းရွက်များ၊ အဆီထုတ်ထားတဲ့ နို့ခပ်နွေးနွေးတစ်ခွက်။

Day (3)

နံနက်အစောပိုင်း (6:30 မှ 7:30)  –  စမုန်နက် လက်ဖက်ရည်ဇွန်းနှစ်ဇွန်း ထည့်စိမ်ထားတဲ့ ရေတစ်ခွက်။

နံနက်စာ (8:00)   –  ထောပတ်သီးနှစ်လုံး၊ ဂျုံကြမ်းနဲ့လုပ်ထားတဲ့ ပန်ကိတ်နှစ်ချပ်။

နံနက် (10:30) – လတ်လတ်ဆတ်ဆတ် ကြိတ်ဖျော်ထားတဲ့ သင်္ဘောသီးဖျော်ရည်။

နေ့လယ်စာ (12:30 မှ 1:30)  –  ကြက်ဆင်သားနဲ့ ထောပတ်သီးအသုပ်တစ်ပွဲ၊ အုန်းရည်တစ်ခွက်။

ညနေပိုင်းအဆာပြေ (4:00)  –  Green Tea လက်ဖက်ရည်တစ်ခွက်နဲ့ အငန်ဓာတ်ပါတဲ့ ခရပ်ကာတစ်ချပ်။

ညစာ (7:00)  –  ကြက်ရင်ပုံသားတစ်တုံးနဲ့ ထောပတ်သီး၊ ရေနွေးဖျောထားတဲ့ ဟင်းနုနွယ်၊ ကညွတ်နဲ့ မုန်လာဥနီ၊ အဆီလျှော့ထားတဲ့ ဗင်နီလာရေခဲမုန့်အနည်းငယ်။

ဒီနည်းလေးနဲ့အတူ လေ့ကျင့်ခန်း တွဲလုပ်ပေးခြင်းအားဖြင့် အထိရောက်ဆုံးသော ရလာဒ်ကို ရရှိနိုင်ပါလိမ့်မယ်။ ပျိုမေတို့ အားလုံးပဲ သွယ်လျလှပပြီး ကျန်းမာကြံ့ခိုင်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်တောင်းပေးလိုက်ပါတယ်။

Auntymay Team မှ စီစဉ်တင်ဆက်သော http://www.auntymay.com တွင်ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ဘာသာပြန်ဆောင်းပါးများကို မည်သည့် Facebook စာမျက်နှာ ၊ Website များတွင်မဆိုပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Ref: stylecraze

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: