Monday, May 29, 2023
HomeLIFEငယ်ရွယ်နုပျိုချိန်မှာ ကိုယ့်အတွက် လုပ်ကိုလုပ်ကြည့်သင့်တဲ့ အရာ(၆)ခု

ငယ်ရွယ်နုပျိုချိန်မှာ ကိုယ့်အတွက် လုပ်ကိုလုပ်ကြည့်သင့်တဲ့ အရာ(၆)ခု

ငယ်ရွယ်နုပျိုမှုတွေက အစားမရနိုင်တဲ့ အရာဖြစ်ပြီး အရမ်းကိုတန်ဖိုးရှိလွန်းပါတယ်။ ဒီတော့ ကိုယ့်ရဲ့ငယ်ရွယ်နုပျိုချိန်တွေမှာ ဘဝရဲ့အမှတ်တရတွေကို ဖန်တီးဖို့အကောင်းဆုံးအချိန်ပဲ ဖြစ်ပါတယ်။ နောက်ပြီး ကိုယ့်အတွက် အဓိပ္ပါယ်ရှိတဲ့အရာတွေကိုလည်း ပြုလုပ်ကြည့်သင့်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ငယ်ရွယ်နုပျိုချိန်တွေမှာ ဒါတွေကို သေချာပေါက်လုပ်ကြည့်သင့်ပါတယ်နော်။

ခရီးထွက်ပါ

ပထမဆုံးလုပ်သင့်တဲ့ အချက်နေရာမှာ ခရီးထွက်ခြင်းကို ထည့်ထားတာက ငယ်ရွယ်ဖျတ်လတ်နေချိန်မှာ ခရီးထွက်ဖို့ အကောင်းဆုံးဖြစ်တဲ့အတွက်ကြောင့်ပါ။ ကမ္ဘာကြီးအကြောင်း ပိုသင်ကြားနိုင်ဖို့၊ ဘဝအကြောင်းတွေ ပိုနားလည်လာဖို့ ခရီးထွက်ကြည့်ပါ။ ကိုယ့်ရဲ့ငယ်ရွယ်နေချိန်မှာ adventure trip တွေများများသွားကြည့်ပါ။ ဒါက သင့်ကို အသက်ကြီးသွားရင်တောင် နောင်တမရစေမယ့် အရာပဲဖြစ်ပါတယ်။

ငယ်ဘဝအိပ်မက်ကို အကောင်အထည်ဖော်ပါ

ငယ်စဉ်ကတည်းက ဖြစ်ချင်ခဲ့ဖူးပြီး အခုအချိန်ထိ ဖြစ်ချင်နေဆဲ ကိုယ့်ရဲ့အိပ်မက်တွေကို အကောင်အထည်ဖော်ပါ။ ကိုယ်လက်ရှိအလုပ်က ကိုယ့်ရဲ့အိပ်မက်နဲ့ မကိုက်ညီနေဘူးဆိုရင်တောင် အားလပ်တဲ့အချိန်တွေမှာ ကိုယ့်အိပ်မက်တွေအတွက် plan ဆွဲပြီး ဖြစ်လာအောင် အကောင်အထည်ဖော်ကြည့်ပါ။ တစ်ခါ ထင်မှတ်မထားလောက်အောင် ပျော်ရွှင်မှုကိုပေးစွမ်းမှာ ဖြစ်ပါတယ်။

person standing on hand rails with arms wide open facing the mountains and clouds
Photo by Nina Uhlikova on Pexels.com

အောင်မြင်မှုတွေ ရအောင်ယူကြည့်ပါ

ငယ်ရွယ်နေချိန်မှာ ဖြစ်ချင်တာတွေကို ဖြစ်အောင်လုပ်ဖို့အကောင်းဆုံး အချိန်တွေပါပဲ။ ဒီတော့ ကိုယ့်ဘဝမှာ အောင်မြင်မှုပန်းတိုင်လေးတွေ စိုက်ထူကြည့်ပါ။ ဥပမာ- ကိုယ့်အလုပ်နဲ့ ပတ်သက်တဲ့ အောင်မြင်မှုတွေ၊ တစ်ခုခုကို challenge လုပ်ပြီး အောင်မြင်အောင်လုပ်ကြည့်တာ၊ ကိုယ်ကြောက်မိတဲ့ adventure တစ်ခုခုကို အရဲစွန့်လုပ်ကြည့်တာ စသဖြင့် အောင်မြင်မှုသေးသေးလေးကနေ အကြီးကြီးအထိ လုပ်ကြည့်လို့ရပါတယ်။ ဒါက သင့်ကိုယ်သင် စိတ်ကျေနပ်မှုနဲ့ ယုံကြည်မှုကိုပေးမှာ ဖြစ်ပါတယ်။

သူငယ်ချင်းတွေနဲ့ campfire လုပ်ပါ

မမေ့နိုင်စရာ အမှတ်တရတွေထဲမှာ သူငယ်ချင်းတွေဆိုတာလည်း ပါဝင်နေပါတယ်။ သူငယ်ချင်းတွေဆိုတာ ကိုယ်အသက်တွေကြီးသွားသည့်တိုင်အောင် အမှတ်တရတွေနဲ့အတူ ငယ်ရွယ်နုပျိုနေကြဆဲ သူတွေပါနော်။ ဒါကြောင့် ငယ်ရွယ်ချိန်မှာ သူငယ်ချင်းတွေနဲ့ အမှတ်တရတွေ များများဖန်တီးပါ၊ ခရီးတွေထွက်ပါ၊ campfire လေးတွေ လုပ်ကြည့်ပါ။

သဘာဝတရားကြီးနဲ့ ထိတွေ့ပါ

aurora borealis
Photo by Frans van Heerden on Pexels.com

ဆိုလိုချင်တာက ဖုန်းတွေ၊ ကွန်ပျူတာတွေရှေ့မှာပဲ တစ်ချိန်လုံး တကုပ်ကုပ်အလုပ်တွေ လုပ်မနေပဲ တစ်ခါတစ်လေ ကိုယ့်ကိုယ်ကို အနားပေးတဲ့သဘောမျိုးနဲ့ သဘာဝတရားကို ခံစားကြည့်ပါ။ တစ်ယောက်တည်း အေးအေးဆေးဆေး တိတ်ဆိတ်စွာနေပြီး သဘာဝကြီးရဲ့ အသံတွေကို နားစွင့်ကြည့်ပါ။ ဒါက သင့်ကို ထူးခြားတဲ့ ခံစားချက်တစ်မျိုးပေးစွမ်းပါလိမ့်မယ်။

တာဝန်ယူစိတ်ရှိလာအောင် သင်ယူပါ

လူတစ်ယောက်မှာ တာဝန်ယူစိတ်ဆိုတာ တကယ့်ကို အရေးကြီးတဲ့အရာဖြစ်ပြီး ဒါကို ငယ်ရွယ်ချိန်မှာတည်းက သင်ကြားထားသင့်ပါတယ်။ ကိုယ့်ရဲ့မိဖတွေ၊ ကိုယ့်ရဲ့ညီအစ်ကို မောင်နှမတွေ၊ ကိုယ်ချစ်ရတဲ့သူတွေအပေါ် တာဝန်ယူကြည့်ပါ၊ ကိုယ်လုပ်ဆောင်တဲ့ အလုပ်တိုင်းကို တာဝန်ယူစိတ်လေးထားပေးကြည့်ပါ။

Khin

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: