တစ်ချို့လူတွေရဲ့ အသားအရေဟာ အရမ်းကို sensitive ဖြစ်လွန်းပြီး ဘာမှမလိမ်းရင်တောင် မျက်နှာပေါ်မှာ အမည်းစက်တွေ၊ မှဲ့ခြောက်တွေ ဖြစ်ပေါ်တာမျိုး ဖြစ်တတ်ကြပါတယ်။ ဒါဟာ ကိုယ်အမှုမဲ့အမှတ်မဲ့ လုပ်နေတဲ့ အရာတွေကြောင့် ဖြစ်နိုင်တာဖြစ်လို့ ဒီအချက်တွေကို သိထားဖို့လိုအပ်ပါတယ်။
Indoor lights

အိမ်ထဲမှာပဲ အနေများပြီး ပြင်ပနေရောင်ခြည်ကို ထိတွေ့မှုအရမ်းနည်းတဲ့သူတွေဟာ မျက်နှာပေါ်မှာ အမည်းစက်တွေ ဖြစ်လွယ်ကြပါတယ်။ အိမ်ထဲမှာရှိတဲ့ ကွန်ပျူတာ၊ တီဗီနဲ့ ဖုန်းတွေကထွက်တဲ့ ရောင်ခြည်တွေဟာ အသားအရေကို ထိခိုက်ပျက်စီးစေနိုင်လို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် မနက်စောစော နေရောင်ခြည်လေးခံပေးတာက လူရော၊ စိတ်ပါ လန်းဆန်းကောင်းမွန်စေပါတယ်။
ဝက်ခြံတွေကို ညှစ်တတ်တာ

မျက်နှာပေါ်မှာ ဝက်ခြံလေးထွက်လာတာနဲ့ ညှစ်တတ်တဲ့ အကျင့်ရှိတာ၊ မကြာခဏ မျက်နှာကို လက်နဲ့ပွတ်သပ်တတ်တဲ့အကျင့်တွေက အမည်းစက်တွေ ဖြစ်ပေါ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေပဲ ဖြစ်ပါတယ်။ လက်နဲ့မျက်နှာကို ထိကိုင်တာက ဝက်ခြံဖြစ်လွယ်ပြီး ဒီဝက်ခြံတွေကို သွားညှစ်တာမျိုးက အမည်းစက်တွေ ဖြစ်သွားစေတာပဲ ဖြစ်ပါတယ်။
Sunscreen မလိမ်းတာ

အထူးသဖြင့် နေရောင်ခြည်နဲ့ အထိအတွေ့များသူတွေ၊ ကမ်းခြေလိုမျိုး နေရာတွေကို သွားတဲ့အခါမျိုးမှာ မဖြစ်မနေ sunscreen ကို လိမ်းသင့်ပါတယ်။ ဒါက အစပိုင်းမှာ မသိသာပေမယ့် နေရောင်ခြည်ဒဏ်ကြောင့် အလွယ်တကူ အသားအရေပျက်စီးထိခိုက်ပြီး အမည်းစက်တွေနဲ့ တင်းတိတ်တွေ ဖြစ်လာစေတာ ဖြစ်ပါတယ်နော်။
ညဖက်အသားအရေ မထိန်းသိမ်းတာ

အရေပြားဆရာဝန်တွေရဲ့ အကြံပြုချက်အရ အမည်းစက်တွေ လျော့နည်းချင်ရင်တော့ ညဖက်အသားအရေ ထိန်းသိမ်းမှုကို မဖြစ်မနေလုပ်ရမယ်လို့ ဆိုပါတယ်။ ညဘက်မှာ မိတ်ကပ်တွေမဖျက်ပဲ အိပ်တာ၊ တစ်ချို့ အလှကုန်တွေမှာပါတဲ့ ဓာတ်တွေက အသားအရေကို ပျက်စီးစေပြီး အမည်းစက်နဲ့ ထိခိုက်မှုတွေ အလွယ်တကူဖြစ်စေတာပဲ ဖြစ်ပါတယ်။
Khin