သွားကိုက်ဝေဒနာကို ခံစားဖူးသူတိုင်းတော့ သွားကိုက်တာဘယ်လောက်ဆိုးတယ်ဆိုတာကို ကောင်းကောင်းသိကြမှာပါ။ ဒီလို သွားကိုက်ခြင်းကို အလွယ်တကူ ပျောက်ကင်းစေနိုင်တဲ့ အိမ်တွင်း သဘာဝကုသနည်းလေးတွေကို ဝေမျှပေးလိုက်ပါတယ်။
ဆားရည်

ဆားက ပိုးမွှားတွေကို သဘာဝအတိုင်း သေစေနိုင်တဲ့ အစွမ်းရှိတဲ့အတွက် သွားကိုက်တဲ့အခါ သုံးဖို့အကောင်းဆုံးဆေးပဲ ဖြစ်ပါတယ်။ ဆားလက်ဖက်ရည်ဇွန်း တစ်ဝက်ခန့်ကို ရေနွေးဖန်ခွက်တစ်ခွက်နဲ့ ဖျော်ပြီး ပလုတ်ကျင်းပေးပါ။ ဒါက သွားဖုံးရောင်ရမ်းခြင်းနဲ့ သွားကိုက်ခြင်းတွေကို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
လေးညုင်း သို့ လေးညုင်းဆီ

လေးညုင်းဟာလည်း သွားကိုက်တဲ့ဝေဒနာကို ပျောက်ကင်းစေနိုင်တဲ့ သဘာဝပစ္စည်းဖြစ်ပါတယ်။ လေးညုင်းအမှုန့် အနည်းငယ် သို့ လေးညုင်းပွင့်အဆီကို သွားကိုက်တဲ့နေရာမှာ အစက်ချပေးခြင်းက သွားကိုက်တာကို ခဏလေးနဲ့ ပျောက်ကင်းစေပါတယ်။
ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာလည်း များစွာသော ဆေးဖက်ဝင်အာနိသင်တွေ ရှိတဲ့အတွက် ဘက်တီးရီးယားတွေကို သေစေနိုင်ပြီး နာကျင်ကိုက်ခဲခြင်းတွေကို သက်သာစေနိုင်ပါတယ်။ ဒီတော့ ကြက်သွန်ဖြူအနည်းငယ်ကို ကြိတ်ခြေပြီး သွားကိုက်တဲ့နေရာမှာ အုံ့ပေးခြင်းက သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။
မာလကာရွက်

မာလကာရွက်မှာ ရောင်ရမ်းနာကျင်ခြင်းနဲ့ ပိုးမွှားတွေကို သေစေနိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါက သွားကိုက်ခြင်းကို သက်သာစေရုံမက ပြည်တည်တာ၊ ခံတွင်း ရောင်ရမ်းတာတွေကိုလည်း ပျောက်ကင်းစေနိုင်ပါတယ်။ မာလကာရွက် အနည်းငယ်ကို အရည်ထွက်လာအောင် ဝါးစားတာ သို့ မာလကာရွက်ကို ပြုတ်ပြီး ဆားအနည်းငယ်နဲ့ရောကာ ပလုတ်ကျင်းတာမျိုး လုပ်ပေးခြင်းက သွားကိုက်ခြင်းကို ယူပစ်သလို ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
Khin