Monday, May 29, 2023
HomeWOMENကိုယ်ဝန်ကြောင့်မဟုတ်တဲ့ ရာသီနောက်ကျရခြင်း အကြောင်းရင်းများ

ကိုယ်ဝန်ကြောင့်မဟုတ်တဲ့ ရာသီနောက်ကျရခြင်း အကြောင်းရင်းများ

ကိုယ်ဝန်ရှိနေခြင်းကြောင့် မဟုတ်ဘဲ ရာသီနောက်ကျနိုင်တဲ့ အခြားအကြောင်းရင်းတွေ ရှိပါတယ်။ ကျွမ်းကျင်ပညာရှင်များ ရဲ့ ပြောပြချက်အရ ဓမ္မတာနောက်ကျရတဲ့ အကြောင်းရင်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

စိတ်ဖိစီးမှု

woman sitting in front of macbook
Photo by energepic.com on Pexels.com

ဟိုက်ပိုသက်လမက်စ် (Hypothalamus) လို့ခေါ်တဲ့ ဦးနှောက်အတွင်းပိုင်းက နေရာတစ်ခုဟာ ရာသီသွေးမှန်ကန်စေ မယ့် ဟော်မုန်းအမြောက်အများ ထုတ်လုပ်ပါတယ်။ သို့ပေမယ့်လည်း စိတ်ဖိစီးမှုကြောင့် ၎င်းဟော်မုန်းတွေကို လည်ပတ် စေတဲ့အခါ ရာသီနောက်ကျတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချစ်သူနဲ့ လမ်းခွဲရတာလိုမျိုး၊ မိသားစုဝင်ထဲက တစ်ယောက်ယောက် ဆုံးပါးသွားတာလိုမျိုး ကြီးမားတဲ့ စိတ်ထိခိုက်၊ ဝမ်းနည်းမှုတွေ ခံစားရတဲ့အချိန် ရာသီနောက်ကျတာ၊ ဒါမှမဟုတ် ရာသီပျောက်တာတွေ ဖြစ်ခဲ့ရင် စိတ်ဖိစီးမှုက တရားခံဖြစ်ပါတယ်။

သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်း။

သိုင်းရွိုက်ဂလင်း ရောင်ရမ်းခြင်းနဲ့ အခြားသော သိုင်းရွိုက်ဂလင်းဆိုင်ရာ ပြဿနာအချို့နဲ့ ကြုံတွေ့ရတဲ့အခါမှာလည်း ရာသီနောက်ကျနိုင်ပါတယ်။ ဒါကြောင့် သင့်သိုင်းရွိုက်ဂလင်းမှာ တစ်ခုခုမှားနေတယ်လို့ သံသယရှိရင်၊ သို့မဟုတ် ခံစားမိ ရင် နီးစပ်ရာ ဆရာဝန်နဲ့ သွားရောက်ပြသ ဆွေးနွေးသင့်ပါတယ်။

နာတာရှည်ရောဂါများ

အလိုလျောက် ကိုယ်ခံအား ကမောက်ကမဖြစ်တဲ့ရောဂါကဲ့သို့ အခြားသော နာတာရှည်ရောဂါများဟာ သေချာစွာ မစစ်ဆေး၊ မကုသဘဲ ထားမယ်ဆိုရင် ခန္ဓ္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်အားလုံးကို ထိခိုက်မှုဖြစ်စေနိုင်ပြီး လစဉ်ဓမ္မတာ ကိုလည်း နောက်ကျစေနိုင်ပါတယ်။

ကိုယ်ဝန်တားဆေးများ

ရာသီနောက်ကျခြင်း၊ သို့မဟုတ် ပျောက်ခြင်းဟာ သင်သောက်သုံးနေတဲ့ ကိုယ်ဝန်တားဆေးတွေရဲ့ ဘေးထွက်ဆိုးကျိုး ကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒီဆိုးကျိုးဆက်ဟာ တားဆေးသောက်သုံးခြင်းနည်းနဲ့ သားဆက်ခြားသူများမှာတင် မဟုတ်ဘဲ ဟော်မုန်းနည်းနဲ့ တားတဲ့ IUD သုံးသူများ၊ လက်မောင်းထဲ implant ထည့်သူများမှာပါ သက်ရောက်မှု ရှိပါ တယ်။

contraception pill
Photo by Sophia Moss on Pexels.com

အရွယ်မတိုင်ခင် သွေးဆုံးကိုင်ခြင်း။

ဒါဟာ အဖြစ်နည်းလွန်းလှတဲ့ အကြောင်းရင်းဖြစ်သော်လည်း အချို့သော အသက်လေးဆယ်အောက် အမျိုးသမီးများဟာ အရွယ်မတိုင်ခင် သွေးဆုံးကြပြီး စောစီးစွာ သားအိမ်စွမ်းဆောင်ရည် ကျဆင်းတတ်ကြပါတယ်။ အရွယ်မတိုင်ခင် သွေးဆုံး မယ့်လက္ခဏာတွေကတော့ ရာသီပျောက်ခြင်းနဲ့အတူ ညဘက်ချွေးစေးထွက်ခြင်း၊ မိန်းမကိုယ်ခြောက်သွေ့ခြင်းနဲ့ ကိုယ် အပူချိန်လွန်ကဲခြင်းတို့ပဲ ဖြစ်ပါတယ်။

PCOS

PCOS ဆိုတာဟာ ဟော်မုန်းမညီမျှခြင်းဖြစ်ပြီး ၎င်းဟာ ရာသီမမှန်ခြင်းကို ဖြစ်စေနိုင်ပါတယ်။ အခြားသော PCOS ရဲ့ လက္ခဏာတွေကတော့ မျက်နှာနဲ့ ရင်ဘတ်မှာ အမွေးအမျှင်များ ထွက်လာခြင်း၊ ကိုယ်အလေးချိန်ချရန် ခက်ခဲခြင်းနဲ့  သန္ဓေ အောင်ရန်အခက်အခဲရှိခြင်းစတာတွေ ဖြစ်ပါတယ်။

Ref: thehealthsite

RELATED ARTICLES
- Advertisment -

Most Popular

Recent Comments

%d bloggers like this: